ဒုတိယ အယ်လီဇဘက်
ဒုတိယမြောက် အဲလစ်ဇဘက် (အင်္ဂလိပ်: Elizabeth II) (အမည်အပြည်အစုံ: အဲလစ်ဇဘက် အလက်ဇန္ဒြား မယ်ရီ; အင်္ဂလိပ်: Elizabeth Alexandra Mary ) (၁၉၂၆-၂၀၂၂)သည့် ယူနိုက်တက်ကင်းဒမ်းနှင့် ဓနသဟာယနိုင်ငံများကို ၁၉၅၂-၂၀၂၂ အထိ အုပ်ချုပ်ခဲ့သည့် ဘုရင်မကြီး ဖြစ်ပြီး အချုပ်အခြာ အာဏာပိုင် (၃၂) နိုင်ငံကို အုပ်ချုပ်ခဲ့ကာ ကွယ်လွန်ချိန်တွင် (၁၅) နိုင်ငံ အုပ်ချုပ်ခဲသည်။ နန်းသက် ၇၀ နှစ် ဗြိတိန်ရဲ့ နန်းသက် အရှည်ဆုံး စိုးစံသူ ဖြစ်ခဲ့ပြီး သမိုင်းမှ သက်တမ်း အရှည်ဆုံး အမျိုးသမီး နိုင်ငံတော်အကြီးအကဲလည်း ဖြစ်သည်။ ဆဋ္ဌမမြောက် ဂျော့ချ်ဘုရင် ကွယ်လွန်ပြီးနောက် ယူနိုက်တက်ကင်းဒမ်းနိုင်ငံ ထီးနန်းကို ဆက်ခံစိုးစံသော ဘုရင်မ ဖြစ်သည်။ ဆဋ္ဌမမြောက်ဂျော့ချ်ဘုရင်နှင့် အယ်လီဇဘက်မိဖုရားတို့၏ သမီးတော်အကြီးဆုံးဖြစ်၍၊ ၁၉၂၆ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် လန်ဒန်မြို့၌ ဖွားမြင်သည်။ အဋ္ဌမမြောက် အက်ဒဝပ်ဘုရင် ထီးနန်းကို စွန့်သဖြင့် ခမည်းတော် ယော့မြို့စားသည် ၁၉၃၆ ခုနှစ်တွင် ဆဋ္ဌမမြောက် ဂျော့ချ်ဘုရင်အဖြစ် နန်းတက်သောအခါ ၁ဝ နှစ်သမီး အရွယ်ရှိသော အဲလစ်ဇဘက်မင်းသမီးသည် နန်းလျာဖြစ်လာလေသည်။ မယ်တော်ကိုယ်တိုင် အဲလစ်ဇဘက်မင်းသမီး ပညာသင်ကြားရေးကို ကြီးကြပ်၍ သင်ရိုးဘာသာရပ်များအပြင် စီးပွားရေး၊ နိုင်ငံအုပ်ချုပ်မှု၊ ဥပဒေသမိုင်း၊ နိုင်ငံရေးဆိုင်ရာပညာတို့ကို နန်းတွင်းဆရာများနှင့် သင်ကြားစေသည်။ မင်းသမီးသည် မြင်းစီးအတတ်၊ ရေကူးအတတ်တို့၌ ကျွမ်းကျင်၍၊ စန္ဒရားကိုလည်း ကောင်းစွာတီးနိုင်သည်။ ပြဇာတ်၌လည်းစိတ်ဝင်စားသည်။ ၁၉၃၇ ခုနှစ်တွင် အဲလစ်ဇဘက်မင်းသမီးသည် အမျိုးသမီးကင်းထောက်အဖွဲ့သို့လည်းကောင်း၊ ၁၉၄၂ ခုနှစ်တွင် ပင်လယ်ကင်းထောက်အဖွဲ့သို့လည်းကောင်း ဝင်ရောက်ခဲ့သည်။ ထိုနှစ်အတွင်း ဂျော့ဘုရင်က သမီးတော်အား ဂရင်နေးဒီးယားအစောင့်တပ်ဖွဲ့တွင် ဂုဏ်ထူးဆောင် ဗိုလ်မှူးကြီးအဖြစ် ခန့်အပ်သည်။ ဒုတိယကမ္ဘာစစ်အတွင်းက အေ၊ တီ၊ အက်စ်အရံတပ်တွင် ဝင်ရောက် စစ်မှုထမ်းခဲ့ရာ၊ ၁၉၄၅ ခုနှစ်၌ ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်ခံရသည်။ ၁၉၄၇ ခု နှစ်ဦးတွင် ဗြိတိသျှတော်ဝင်မိသားစုဝင် အဲလစ်ဇဘက်မင်းသမီးသည် ခမည်းတော်၊ မယ်တော်တို့နှင့်အတူ အာဖရိကတိုက် တောင်ပိုင်းသို့ ခရီးထွက်စဉ်က အသက် ၂၁ နှစ်ပြည့်သော မွေးနေ့အခမ်းအနားကို ကျင်းပခဲ့သည်။ ထိုမွေးနေ့တွင် မင်းသမီးက မိမိသည် ဗြိတိသျှဓနသဟာယနိုင်ငံများ အကျိုးကို တစ်သက်လုံး သည်ပိုးရွက်ဆောင်ပါမည် ဟူ၍ အသံလွှင့် ကြေညာခဲ့လေသည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁ဝ ရက်နေ့တွင် ယခင်က ဂရိတော်ဝင်မင်းသား ဖိလစ်ဖြစ်သူ ဘုရင့်ရေတပ်မတော်မှ ဗိုလ်ဖိလစ်မောင့်ဘက်တန်နှင့် စေ့စပ်ပြီးကြောင်း ကြေညာခဲ့သည်။ ထိုနှစ် နိုဝင်ဘာလ ၂ဝ ရက်နေ့တွင် အဲလစ်ဇဘက်မင်းသမီးနှင့် ဗဖိလစ်မင်းသားတို့သည် လန်ဒန်မြို့ရှိ ဝက်စမင်စတာဘုရားရှိခိုးကျောင်း၌ ထိမ်းမြားလက်ထပ်ကြသည်။ လက်မထပ်မီနေ့တွင် ဂျော့ချ်ဘုရင်က ဖိလစ်မင်းသားအား အက်ဒင်ဗာရာမြို့စားဘွဲ့ ချီးမြှင့်ခဲ့လေသည်။ ၁၉၄၈ ခုနှစ် မေလတွင် အဲလစ်ဇဘက်မင်းသမီးသည် ကြင်ဖက်တော် အက်ဒင်ဗာရာမြို့စားနှင့်အတူ ပြင်သစ်နိုင်ငံသို့ ဧည့်သည်တော်အဖြစ် သွားရောက်လည်ပတ်ခဲ့သည်။ ထိုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် သားဦးဖြစ်သော ချားလ်စ် ိလစ် အာသာ ဂျော့ချ်မင်းသားကို ဖွားမြင်သည်။ တစ်ဖန် ၁၉၅ဝ ပြည့်နှစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် အန်အယ်လီဇဘက် အဲလစ်လူဝီမင်းသမီးကို ဖွားမြင်သည်။ ၁၉၅၁ ခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်းက အယ်လီဇဘက်မင်းသမီးနှင့် ကြင်ဖက်တော် အက်ဒင်ဗာရာမြို့စားတို့သည် ကနေဒါနိုင်ငံရှိ ပြည်နယ်များသို့လည်းကောင်း၊ အမေရိကန်သမ္မတ၏ ဧည့်သည်တော်အဖြစ်ဖြင့် ဝါရှင်တန်မြို့တော်သို့လည်းကောင်း ခရီးထွက် လည်ပတ်ခဲ့ကြလေသည်။ ထို့နောက် တစ်ဖန် ၁၉၅၂ ခုနှစ် ဇန္နဝါရီလ ၃၁ရက်နေ့တွင် အယ်လီဇဘက်မင်းသမီးနှင့် ကြင်ဖက်တော်တို့သည် ဒိုမီနီယန်နိုင်ငံများဖြစ်သော သီဟိုဠ်၊ ဩစတြေးလျ၊ နယူးဇီလန်နိုင်ငံများ အပါအဝင် ဗြိတိသျှပိုင်နက်နယ်ပယ်အသီးသီးသို့ ငါးလကြာမျှ ခရီးရှည်ထွက်ရန်အတွက် အာဖရိကတိုက်ရှိကင်ညာနယ်သို့ လေကြောင်းဖြင့် ထွက်ခွာခဲ့လေသည်။ ၁၉၄၈ ခုနှစ်မှစ၍ ဆဋ္ဌမဂျော့ဘုရင်၏ ကျန်းမာရေး ချို့ယွင်းလာခဲ့ရာ ၁၉၅၂ ခုနှစ်ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဘုရင်ကြီးကွယ်လွန်လေသည်။ ထို့ကြောင့် ကင်ညာနယ်သို့ရောက်ရှိနေသော နန်းလျာ အယ်လီဇဘက်မင်းသမီးသည် အင်္ဂလန်နိုင်ငံသို့ ချက်ချင်းပြန်ခဲ့ရလေသည်။ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် အယ်လီဇဘက်သည် ခမည်းတော်၏ အရိုက်အရာဖြစ်သော ဗြိတိသျှထီးနန်းကို ဆက်ခံစိုးစံသည်။ သားဦးဖြစ် သော ချားမင်းသားသည်လည်း ကွန်ဝေါနယ်စားဘွဲ့ကိုခံယူ၍ နန်းလျာဖြစ်လာလေသည်။ ၁၉၅၃ ခု၊ ဇွန်လ ၂ ရက်နေ့တွင် လန်ဒန်မြို့ ဝက်စမင်စတာအက်ဗေး ဘုရားရှိခိုးကျောင်း၌ ဒုတိယ အယ်လီဇဘက်ဘုရင်မအဖြစ် ဘိသိက်ခံပွဲကို ကျင်းပခဲ့ကြသည်။ ထိုနှစ် နိုဝင်ဘာလတွင် အယ်လီဇဘက်သည် အက်ဒင် ဗာရာမြို့စားနှင့်အတူ ဗြိတိသျှ ဓနသဟာယနိုင်ငံများသို့ တိုင်းခန်းလှည့်ခဲ့ရာ၊ ၁၉၅၄ ခုနှစ် မေလတွင် လန်ဒန်မြို့သို့ ပြန်ရောက်လေသည်။ ဒုတိယ အယ်လီဇဘက်ဘုရင်မသည် ၁၉၆ဝ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ဒုတိယ သားတော် အင်ဒြူးအဲလဗတ် ခရစ္စတီယန် အပ်ဒဝပ်ကို ဖွားမြင်သည်။ အင်ဒြူးမင်းသားသည် ချားမင်းသားနောက် ဗြိတိသျှထီးနန်းကို ဆက်ခံနိုင်ခွင့်ရှိသော နန်းလျာဖြစ်လေသည်။[၃] ဘုရင်မကြီး အယ်လီဇဘက် ဒုတိယသည် လက်ရှိ ယူနိုက်တက် ကင်းဒမ်း (ဗြိတိန်၊ ယူကေ)၊ ဓနသဟာယနိုင်ငံများနှင့် ကနေဒါနိုင်ငံ၊ ဩစတြေးလျနိုင်ငံ၊ နယူးဇီလန်နိုင်ငံအပါအဝင် အခြား နိုင်ငံပေါင်း ၁၅ နိုင်ငံ၏ ဘုရင်မ ဖြစ်သည်။ သူမသည် ဖခမည်းတော် ဂျော့ဂျ်ဆဋ္ဌမ နတ်ရွာစံပြီးနောက် ၁၉၅၂ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် နန်းတက်ခဲ့ပြီး သက်ရှိထင်ရှားရှိသူ ရှင်ဘုရင်များအနက် နန်းသက် အရှည်ကြာဆုံး ဘုရင်မဖြစ်သည်။ ဗြိတိသျှသမိုင်းတွင် နန်းသက် အရှည်ဆုံးဖြစ်သည်။ ၁၉၄၇ ခုနှစ်တွင် ကြင်ရာတော် ဖီးလစ်မင်းသားနှင့် စုလျားရစ်ပတ်ကာ သားတော်၊ သမီးတော် ၄ ဦး ထွန်းကားပြီး မြေးတော် ၈ ဦးရှိသည်။ အစောပိုင်းဘဝ(ဒုတိယ အယ်လီဇဘက်) အဲလစ်ဇဘက်အလက်ဇန္ဒြား မေရီ ဝင်ဆာကို ၁၉၂၆ ခုနှစ် ဧပြီလ ၂၁ ရက်နေ့ လန်ဒန်မြို့မှ ဘာကလေ စကွဲ အနီးရှိ အိမ်မှာ ဖခင် ဆဋ္ဌမမြောက် ဂျော့ ဘုရင်နှင့် မိခင် အဲလစ်ဇဘက် ဘိုးစ် လီယွန်တို့ရဲ့ ပထမမြောက် သမီးတော်အဖြစ် မွေးဖွားခဲသည်။ ဘုရင်မကြီးသည့် အိမ်တွင် ပညာသင်ယူခဲရသည်။[၄] ကျောင်းမတက်ခဲ့ရပေမယ့် ဘုရင်မကြီးဟာ ဘာသာစကားတွေမှာ ကျွမ်းကျင်သလို ဖွဲ့စည်းပုံဆိုင်ရာ သမိုင်းဘာသာရပ်ကိုလည်း လေ့လာခဲ့ပါသည်။[၅] သူရွယ်တူ မိန်းကလေးတွေနဲ့ မိတ်ဆွေဖွဲ့နိုင်ဖို့ အတွက် အမှတ် ၁ ဘာကင်ဟမ် နန်းတော် အထူး Girl Guides တပ်ခွဲကို ဖွဲ့စည်းခဲ့သည်။[၆] ကိုယ်ပိုင်ဘဝ၁၉၃၉ ခုနှစ်မှာ အသက် ၁၃ နှစ် ရှိပြီ ဖြစ်တဲ့ မင်းသမီးဟာ ခမည်းတော်၊ မယ်တော်၊ ညီမတော် မာဂရက်တို့နဲ့ အတူ ဒါ့သ်မောက်သ် မြို့က တော်ဝင်ရေတပ် ကောလိပ်ကို ရောက်လာခဲ့သည်။ သူတို့မိသားစုကို အဲဒီမှာ တက်ရောက်နေတဲ့ ရေတပ်ဗိုလ်လောင်း တယောက်က အတူလိုက်ပါ စောင့်ရှောက်ပေးပါတယ်။ အဲဒီဗိုလ်လောင်းက ဆွေတော်မျိုးတော်ထဲက ဖြစ်ပြီး ၃ ဝမ်းကွဲ တော်စပ်တဲ့ ဂရိမင်းသား ဖိလစ် ဖြစ်ပါသည်။ ဒါဟာ သူတို့ နှစ်ဦးကြား ပထမဆုံး တွေ့ဆုံမှု မဟုတ်ပေမယ့် အဲလစ်ဇဘက်မင်းသမီး ဖိလစ်မင်းသား အပေါ် ပထမဆုံး အကြိမ် စိတ်ဝင်စားမိခဲ့တာ ပါတယ်။[၇] ဖိလစ်မင်းသားက တော်ဝင်ရေတပ်ကနေ ခွင့်ရတဲ့ အခါတိုင်းမှာ သူ့ရဲ့ တော်ဝင် ဆွေမျိုးတွေဆီကို ဆက်သွယ်လေ့ ရှိပါတယ်။ ၁၉၄၄ ခုနှစ် အဲလစ်ဇဘက်မင်းသမီး ၁၈ နှစ် အရွယ်ရောက်လာချိန်မှာတော့ သူ့ အခန်းထဲမှာ ဖိလစ်မင်းသားရဲ့ ဓာတ်ပုံလေး ထောင်ထားပြီ ဖြစ်သလို သူ့တို့ချင်းလည်း မေတ္တာစာတွေ ဖလှယ်နေကြပြီ ဖြစ်သည်။[၈] ဘုရင်ကြီးက သူတုန်နေအောင်ချစ်တဲ့ သမီးတော်ကို မဆုံးရှုံးချင်သလို ဖိလစ်မင်းသားဟာလည်း မျိုးရိုးက ပြည်ပ နန်းဆက်တခုက ဖြစ်နေတာကြောင့် မနှစ်သက်ကြသူတွေ ရှိနေတာပါ။ ဒါပေမယ့် ၁၉၄၇ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့မှာတေ့ သူတို့ ရည်မှန်းချက်တွေ ပြည့်ဝခဲ့ပြီး ဝက်စ်မင်စတာ အက်ဘေး ဘုရားရှိခိုးကျောင်းကြီးမှာ ထိမ်းမြားလက်ထပ်ခဲ့ကြပါတယ်။[၉] ထီနန်းစံချိန်(ဒုတိယ အယ်လီဇဘက်) အဲလစ်ဇဘက်အလက်ဇန္ဒြား မေရီ ဝင်ဆာသည့် ၁၉၅၂ ခုနှစ် ဖေဖော်ဝါရီလ ၆ရက်နေ့ တွင် ဖခင် ဆဋ္ဌမမြောက် ဂျော့ဘုရင် ကွယ်လွန်သောကြောင်း ထီနန်းရရှိသည်။ နန်းတက်ပွဲကို ၁၉၅၃ခုနှစ် ဇွန်လ ၂ရက်တွင် လန်ဒန်မြို့ ဝက်စမင်စတာကျောင်းတော်၌ ကျင်းပသည်။ ဘုရင်မကြီးသည့် အလွန်သဘောကောင်သူဖြစ်ပြီး အခမ်းအနားများ၊ ပွဲများ၊ နိုင်ငံရေးနှင့် သံသမန် ကိစ္စများတွင် ကောင်မွန်စွာ လုပ်ကိုင်နိုင် ခဲသည်။ အချုပ်အခြာအာဏာပိုင် (၃၂) နိုင်ငံကို အုပ်ချုပ်ခဲ့ကာ ကွယ်လွန်ချိန်တွင် (၁၅) နိုင်ငံ အုပ်ချုပ်ခဲသည်။ ကွယ်လွန်ခြင်း၂၀၂၂ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့တွင် ဘုရင်မသည် ဆေးကုသမှုခံယူနေသည်ဟု ဘာကင်ဟမ်နန်းတော်မှ ကြေညာခဲ့သည်။ ယင်းကြေညာချက်တွင် ဆရာဝန်များက ဘုရင်မ၏ကျန်းမာရေးအတွက် စိုးရိမ်ကြပြီး ဘုရင်မသည် သက်တောင့်သက်သာရှိသည်ဟု ဆိုသည်။[၁၀][၁၁] ဘုရင်မ၏ သားသမီးတော် ၄ ဦးသည်လည်း ဘုရင်မထံ ရောက်လာခဲ့ကြသည်။[၁၂][၁၃] သူမ၏ ကွယ်လွန်မှုကို ယင်းနေ့ညနေပိုင်းတွင် အတည်ပြုခဲ့သည်။[၁၄][၁၅] သူမ၏ ပြည်နယ်ဈာပနအခမ်းအနားကို စက်တင်ဘာ ၁၉ ရက်နေ့ ၁၁ နာရီ ဗြိတိန်စံတော်ချိန် နံနက် ၁၁:၀၀ ဘီအက်စ်တီ ၌ ကျင်းပခဲ့သည်။ သူမ သည် ဝင်ဆာ ရဲတိုက် ရှိ စိန့် ဂျော့ခ်ျ ဘုရားကျောင်း ၏ တစ်စိတ်တစ်ပိုင်း ဖြစ် သော ၊ ဘုရင် ဂျော့ခ်ျ ၅ အထိမ်းအမှတ် ဘုရားကျောင်း တွင် ၊ ထို နေ့ ၁၉:၃၀ ဝန်းကျင်၌ မြှုပ်နှံသင်္ဂြိုဟ် ခဲ့သည်။ ကိုးကား
|
Portal di Ensiklopedia Dunia