နတ်![]() နတ်ဆိုသည်မှာ သတ္တဝါတို့ ကိုးကွယ်အားထားရာ ပုဂ္ဂိုလ်ကို ဆိုသည်။ ဝေါဟာရလိနတ္ထဒီပနီကျမ်း၌ ငါတို့ မြန်မာမှာ နာထသဒ္ဒါကိုရည်၍ ခေါ်ဝေါ်သည်ယူရမည်။ ထိုနာထသဒ္ဒါကား ကိုးကွယ်ရာ အနက်ရသည် မှတ်ရမည်ဟု အဆိုရှိသည်။ ယင်းနတ်သည်လည်း-
ယင်းသုံးမျိုးတွင် ဘုရား၊ ပစ္စေကဗုဒ္ဓ၊ ရဟန္တာများကို နတ်ဆိုသည်မှာ၊ ပစ္စုပ္ပန်ဘဝနှင့် တမလွန်ဘဝအတွက် စီးပွားချမ်းသာ ဖြစ်ထွန်းစေရန်၎င်း၊ ဘေးဥပဒ်အန္တရာယ်တို့ကို ကာကွယ်စေရန်၎င်း၊ သတ္တဝါတို့ ကိုးကွယ်အားထားရာ ဖြစ်၍ ဆိုသည်။
နတ်ပြည်၊ ဗြဟ္မာပြည်၌ ဖြစ်သော နတ်ဗြဟ္မာများကို နတ်ဆိုသည်မှာ၊ အချို့လူတို့အယူအဆအားဖြင့် ပစ္စုန်ပ္ပန် ဘဝအတွက် စီးပွားချမ်းသာ ဖြစ်ထွန်းစေရန်၎င်း၊ ဘေးဥပဒ် အန္တရာယ်တို့ကို ကာကွယ်ရန် (ဝါ) မပြုလုပ်စေရန်၎င်း သတ္တဝါတို့ ကိုးကွယ် အားထားရာ ဖြစ်၍ ဆိုသည်။ အထူးအားဖြင့် နတ်ဆိုသော စကား၌၊ သတ္ထာဒေဝ မနုဿာနံ စသော ပါဠိတို့၌ ဒေဝအရ၊ နတ်နှင့် ဗြဟ္မာကို ယူရသကဲ့သို့၊ နတ်ဗြဟ္မာကို ယူရသောကြောင့် ဗြဟ္မာကို ထည့်သွင်း၍ ပြသည်။
(တစ်နည်း)လောကုတ္တရာဘက်ဆိုင်ရာ ပိဋကတ်တော်ကျမ်းများ၌ ပါရှိသောနတ်များ၊ လောကီဘက်ဆိုင်ရာ ကျမ်းများ၊ ရာဇဝင်၊ မဟာဝင်၊ သာသနာဝင် စသောကျမ်းများ၌ ပါရှိသောနတ်များ၊ ရှေးစာဟောင်း စာတမ်းများ၌ ပါရှိသောနတ်များ၊ လူတို့ မိရိုးဖလာ၊ အယူအဆစိတ်ဆန္ဒအလျောက် ကိုးကွယ် အားထားကြသော နတ်များနှင့် ထိုထိုအရပ်ဒေသတို့၌ ကိုးကွယ်ကြသော နတ်များကို ထည့်သွင်းရေတွက်လျှင် အလွန် များပြားလှသည်။ ထိုသို့ များပြားသော်လည်း ပြည်ထောင်စုမြန်မာနိုင်ငံတော် ဗလိနတ်စာ ပူဇော်နည်း စာအုပ်တွင် ပါရှိသော နတ်များစာရင်းကို အဓိကထား၍ ပြဆိုပါမည်။ ထိုစာအုပ်တွင် ပါရှိသော နတ်များ စာရင်းကား၊ ၁၂၁၈-ခုနှစ် တပို့တွဲလဆန်း ၈ ရက် တနင်္ဂနွေနေ့၊ မန္တလေးရတနာပုံ ပထမမြို့တည် နန်းတည်အခါတော်၊ တောခုတ်သောအခါတော်မှစ၍၊ ပန္နက်စိုက်ထူ အခါတော်၊ မြေသနစ်အခါတော်၊ တိုင်တူအခါတော်၊ အုတ်မြစ်စီခင်းအခါတော်၊ နန်းသိမ်းအခါတော်တို့၌ တင်ကြား ပသပူဇော်ရန် ဒီပဲယင်းဆရာတော်၊ စံကျောင်းဆရာတော် စသော တံဆိပ်တော်ရ ဆရာတော်ကြီးရှစ်ပါးနှင့် သတိုးမင်းကြီး မဟာမင်းလှကျော်သူ ပုခန်းမြို့စားဝန်ကြီး၊ သတိုးမင်းကြီး မဟာမင်းလှစည်သူ စသော ပညာရှိ ပုဂ္ဂိုလ်ကြီး တစ်ဆယ့်သုံးဦးစီမံထားသော မန္တလေး ရွှေမြို့တော်တည် စာတမ်းလာစာရင်း ဖြစ်သည်။ အထူးအားဖြင့် နတ်များ စာရင်းကို ပြဆိုရာ၌ ၃၇ မင်းနှင့်ဆက်စပ်နေသဖြင့်၊ သုတ်ပါထေယျပါဠိတော် အာဋာနာဋိယသုတ်တွင် ပါရှိသော နတ်စစ်သူကြီး ၃၇ ပါး စာရင်းကို ထည့်သွင်း ပြဆိုပါမည်။ နတ်စစ်သူကြီး ၃၇ ပါး
နတ်ကြီးငါးပါး
ဂြိုဟ်ကြီး ၁၂ လုံး
အခြားနတ်များ
အချို့ဒေသန္တရနတ်များ
အတွင်း ၃၇ မင်း
အပြင် ၃၇ မင်း
ရှင်းလင်းချက်အတွင်း ၃၇ မင်း၊ အပြင် ၃၇ မင်းထားခြင်းကား သုတ်ပါထေယျပါဠိတော် အာဋာနာဋိယသုတ်တွင် ပါရှိသော နတ်စစ်သူကြီး ၃၇ ပါးကို အတုယူ၍ ထားဟန်တူသည်။ ဦးဖိုးကျား ၃၇ မင်းစာအုပ်၌ ယင်းနတ်စစ်သူကြီး ၃၇ ပါးကို ဗုဒ္ဓသာသာ ၃၇ မင်းဟု ပြဆိုလျက်ရှိသည်။
ရှေးခေတ်အီဂျစ်အီဂျစ်လူမျိုးများက အစပြု၍ နတ်တစ်ပါးတည်းကိုသာ ကိုးကွယ်လိုက်သောအခါ၊ အခြားလူမျိုးများကလည်း ထိုအတိုင်း လိုက်နာကြလေသည်။ ဗက်ဗီလုံးပြည်သားများ၊ ဂရိလူများနှင့် ရောမလူမျိုးတို့သည် မိမိတို့အတွက် တန်ခိုးအကြီးဆုံးသော နတ်တစ်ပါးကိုသာ ရွေးချယ်၍၊ ထိုနတ်ကိုပင် ပူဇော်ပသ ကိုးကွယ်ကြသည်။ အခြားနတ်များသည် ထိုနတ်၏ လက်အောက်ခံ နတ်ငယ်များ ဖြစ်သည်ဟု ယူဆကြကုန်၏။ ဂရိတို့သည် အခြားနတ်ကိုးကွယ်သော လူမျိုးတို့ကဲ့သို့ မည်သည့်အရာမဆို နတ်များကြောင့် ဖြစ်ရသည် ဟူသော ရှေးဟောင်းဝါဒကို လက်မခံဘဲ၊ လောကသဘာဝ အဖြစ်အပျက် များကို အကျိုးအကြောင်း ဆက်စပ်ကာ ဆင်ခြင်သုံးသပ်ကြ သည်။ သို့ဖြစ်၍လည်း သူတို့၏ အသိပညာမှာ သိသိသာသာ တိုးတက်ခဲ့သည်။ ဤသို့ နတ်များစွာ ကိုးကွယ်ခဲ့ရာမှ နတ်တစ်ပါးတည်းကိုသာ ကိုးကွယ်လာကြသောအခါ၊ လောကတွင် အလွန်တန်ခိုးကြီးသော ထာဝရ ဘုရားတစ်ပါး တည်းသာ ရှိသည်ဟု လူတို့ ထင်မြင်ယူဆလာကြ၏။ ထိုတန်ခိုးအကြီးဆုံးသော နတ်ဟု ဆိုအပ်သည့် ဘုရားသာလျှင် ကိုးကွယ်ရာ အစစ်ဖြစ်၍၊ အခြားနတ်များမှာ ဘုရား၏ တပည့် ငယ်သားများ ဖြစ်လေသည်။
ကိုးကား
|
Portal di Ensiklopedia Dunia