လူဝီစီယားနားပြည်နယ်
လူဝီစီယားနားပြည်နယ် (အင်္ဂလိပ်: Louisiana; /luˌiːziˈænə/ ( ယေဘုယျအားဖြင့် လူဝီစီယားနားပြည်နယ်သည် ပြန့်ဖြူးသော မြေမျက်နှာပြင်ရှိသည်။ အချို့နေရာများတွင်မူကား စိမ့်တောများနှင့် နုံးတင်မြေနုများရှိသည်။ အမြင့်ဆုံးနေရာမှာ ၅၃၅ ပေမြင့်၍ အနောက်မြောက်ဘက်တွင်ဖြစ်သည်။ မစ္စစ္စပီမြစ်သည် အရှေ့ဘက်နယ် နိမိတ်အဖြစ် တည်ရှိပြီးနောက် ပြည်နယ်၏ အရှေ့တောင်ပိုင်းကို မိုင် ၃ဝဝ မျှ ဖြတ်သန်းစီးဆင်းသည်။ မစ္စစ္စပီမြစ်၏ မြစ်လက်တက်တစ်ခုဖြစ်သော ရက်ရီးဗား(မြစ်နီ)သည် ပြည်နယ်တွင်းသို့ မြောက်ဘက်မှနေ၍ စီးဝင်သည်။ လူဝီစီယားနားပြည်နယ်တွင် အိုင်ကြီးများလည်းရှိသည်။ အကြီးဆုံးဖြစ်သော ပွန်ချာထရိန်းအိုင်သည် မစ္စစ္စပီမြစ်နှင့် တူးမြောင်းများဖြင့် ဆက်သွယ်လျက်ရှိသည်။ ရာသီဥတုမှာ မက္ကဆီကိုကေနှင့်နီးသောကြောင့် အပူပိုင်းဒေသရာသီ တစ်ပိုင်းဝင်ရာသီမျိုး ဖြစ်သည်။ လူဝီစီယားနားပြည်နယ်သည် မြေဩဇာကောင်းသောကြောင့် လယ်ယာစိုက်ပျိုးရေး ထွန်းကားသည်။ ကြံနှင့် ဆန်စပါးထွက်ရာ၌ အခြားပြည်နယ်များထက်သာသည်။ သီးနှံများလည်းထွက်ရှိသည်။ ထို့ပြင် ထင်ရှူး၊ ဆိုက်ပရပ်၊ ဝက်သစ်ချပင်များပေါက်ရောက်သော တောများရှိသည်။ ငါးဖမ်းလုပ်ငန်း၊ ကန့်တွင်း၊ ဆားတွင်း၊ ရေနံတွင်းနှင့် ရေနံချက်ရုံများလည်း ရှိသည်။ လူဝီစီယားနားပြည်နယ်တွင် ရေကြောင်းတစ်လျှောက် မိုင် ၅ဝဝဝ ခန့် သွားလာနိုင်သည်။ မီးရထားလမ်း ၄၂၇၆ မိုင်ခန့်ရှိသည်။ လူဝီစီယားနားပြည်နယ်ကို ၁၅၄၁ ခုနှစ်တွင် ဒါဆိုတိုက စူးစမ်းရှာဖွေခဲ့ဟန်တူသည်။ ၁၈၆၂ ခုနှစ်တွင် လာဆဲကပြင်သစ်ပြည့်ရှင် ၁၄ ဆက်မြောက် လူဝီဘုရင်အတွက် သိမ်းပိုက်လိုက်သည်။ လူဝီဘုရင်ကို ဂုဏ်ပြုသောအားဖြင့် ထိုဒေသကို လူဝီစီယားနားဟု အမည်ပေးလိုက်သည်။ ယခု နယူးအော်လီယန်းမြို့ တည်ရှိရာနေရာ၌ ၁၄၁၈ ခုနှစ်တွင် ယင်းကိုလိုနီကို ပြင်သစ်က စပိန်သို့အပ်သည်။ မစ္စစ္စပီမြစ်၏ အရှေ့ပိုင်းဒေသမူကား ဂရိတ်ဗြိတိန်လက်သို့ရောက်သွားသည်။ ၁၇၆၉ ခုနှစ်တွင် စပိန်က လုံးဝသိမ်းပိုက်ပြီးလျှင် ၁၈ဝဝ ပြည့်နှစ်အထိ အုပ်စိုးသည်။ ထိုနှစ်အတွင်းမှာပင် ပြင်သစ်တို့အား စပိန်ကပြန်ပေးသည်။ ၁၈ဝ၃ ခုနှစ်တွင် ပြင်သစ်က အမေရိကန် ပြည်ထောင်စုအားရောင်းလိုက်သည်။ လူဝီစီယားနားပြည်နယ်သည် အမေရိကန် ပြည်ထောင်စုသို့ ၁၈၁၂ ခုနှစ်၊ ဧပြီလ ၃ဝ ရက်နေ့တွင် ၁၈ ခုမြောက် ပြည်နယ်အဖြစ် ဖွဲ့စည်းပါဝင်သည်။ ၁၈၁၂ ခုနှစ် စစ်ပွဲအတွင်းက နောက်ဆုံးတိုက်ပွဲများ ဖြစ်ပွားရာဒေသဖြစ်ခဲ့သည်။ ၁၈၆၁ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ပြည်ထောင်စုမှ ခွဲထွက်သည်။ ၁၈၆၂ ခုနှစ်တွင် နယူးအော်လီယန်းမြို့ကို ပြည်ထောင်စုတပ်များက သိမ်းပိုက်သည်။ ၁၈၆၃ ခုနှစ်တွင် ပြည်နယ်၏ များသောအပိုင်းကို ပြည်ထောင်စုတပ်များက သိမ်းပိုက်မိသည်။ ၁၈၆၈ ခုနှစ်၊ ဇူလိုင်လ ၁၈ရက်နေ့တွင် ပြည်ထောင်စုထဲသို့ ပြန်၍ဝင်သည်။ လူဝီဇီယန္နားပြည်နယ်သည် အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ် များအနက် ပြင်သစ်ဆန်သော ပြည်နယ်တစ်ခုအဖြစ် ထူးခြားလှပေသည်။ နေထိုင်သူများမှာ ပြင်သစ်တော်လှန်ရေးခေတ်က ပြင်သစ်ဘုရင် ဘက်တော်သားများ၏ အနွယ်များဖြစ်၍ တော်လှန်ရေးအတွင်းက ပြင်သစ်နိုင်ငံမှ လာရောက်ခိုလှုံကြသူများဖြစ်၏။[၄] မှတ်စု
ကိုးကား
|
Portal di Ensiklopedia Dunia