ပန်ဆယ်ဗေးနီးယားပြည်နယ်
ပန်ဆယ်ဗေးနီးယားပြည်နယ်သည် (အင်္ဂလိပ်: Pennsylvania) အမေရိကန်ပြည်ထောင်စု၏ ပြည်နယ်တစ်ခုဖြစ်ပြီး တရားဝင်အားဖြင့် ပန်ဆယ်ဗေးနီးယား ဓနဿဟာရပြည်နယ် (အင်္ဂလိပ်: Commonwealth of Pennsylvania)ဟူ၍ ခေါ်ဆိုသုံးနှုန်းကြသည်။ ပန်ဆယ်ဗေးနီးယားသည် အမေရိကန်ပြည်ထောင်စု အရှေ့မြောက်ပိုင်းနှင့် အလယ်အတ္တလန္တိတ်ဒေသများတွင် တည်ရှိသော ပြည်နယ်တစ်ခုဖြစ်ပြီး ဒယ်လာဝဲယားပြည်နယ်နှင့် မေရီလန်းပြည်နယ်တို့နှင့် တောင်ဘက်တွင် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပြီး အနောက်ဗာဂျီးနီးယားပြည်နယ်နှင့် အနောက်တောက်ဖက်၊ အိုဟိုင်းယိုးပြည်နယ်နှင့် အနောက်ဘက်၊ နယူးယောက်ပြည်နယ်နှင့် ကနေဒါနိုင်ငံ အွန်တေရီအို ဒေသတို့နှင့် မြောက်ဘက်၊ နယူးဂျာစီပြည်နယ်နှင့် အရှေ့ဘက်တို့တွင် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည်။ ပြည်နယ်အတွင်းရှိ လူဦးရေအများဆုံးမြို့များမှာ ဖီလာဒဲလ်ဖီးယားမြို့၊ ပစ်ဘတ်ခ်မြို့၊ အဲလန်တောင်းမြို့နှင့် အဲရီးမြို့တို့ ဖြစ်ကြသည်။ ပြည်နယ်၏ မြို့တော်မှာ ဟဲရစ်စ်ဘတ်ခ်မြို့ဖြစ်သည်။ ပန်ဆယ်ဗေးနီးယားပြည်နယ်သည် အဲရီရေကန်၏ နံဘေးတလျှောက်တွင် (၅၁)မိုင်မျှ ရှည်လျှားသော ကုန်းတွင်းပိုင်း ကမ်းရိုးတန်း တည်ရှိပြီး ဒယ်လာဝဲယား မြစ်ဝတလျှောက်တွင် (၅၂) မိုင်မျှ ရှည်လျားသော ပင်လယ်ကမ်းရိုးတန်းရှိသည်။ ကိုးကား
|
Portal di Ensiklopedia Dunia