ဝစ္စကွန်းဆင်းပြည်နယ်

ဝစ္စကွန်းဆင်းပြည်နယ်
၏ အလံတော်
အလံတော်
၏ တံဆိပ်တုံး
စည်းတံဆိပ်
အမေရိကန်ပြည်ထောင်စု၏ မြေပုံ၊ ဝစ္စကွန်းဆင်း အားအရောင်ခြယ်ပြထား
အမေရိကန်ပြည်ထောင်စု၏ မြေပုံ၊ ဝစ္စကွန်းဆင်း အားအရောင်ခြယ်ပြထား
နိုင်ငံအမေရိကန်ပြည်ထောင်စု
Before statehoodWisconsin Territory
ပြည်ထောင်စုသို့
ဝင်ရောက်ခြင်း
၂၉ မေ ၁၈၄၈ (30th)
အကြီးဆုံးမြို့မီလဝေါကီးမြို့
အကြီးဆုံး မက်ထရိုနှင့် မြို့ပြ ဧရိယာများMilwaukee metropolitan area
အစိုးရ
 • ပြည်နယ်အုပ်ချုပ်ရေးမှူးScott Walker (R)
 • လက်ထောက်
ပြည်နယ်အုပ်ချုပ်ရေးမှူး
Rebecca Kleefisch (R)
လူဦးရေ
 • စုစုပေါင်း၅,၇၂၆,၃၉၈ (၂၀၁၂ ခန့်မှန်း)[]
 • သိပ်သည်းမှု၁၀၅/sq mi (၄၀.၆/km)
 • ပျမ်းမျှ အိမ်ထောင်စု ဝင်ငွေ$၄၇,၂၂၀
 • ဝင်ငွေအဆင့်၁၅th
ဘာသာစကား
 • ရုံးသုံးဘာသာစကားအင်္ဂလိပ်ဘာသာ(de facto)
လတ္တီကျူ42° 30' N to 47° 05′ N
လောင်ဂျီကျူ86° 46′ W to 92° 53′ W

ဝစ္စကွန်းဆင်ပြည်နယ်သည် အမေရိကန်ပြည်ထောင်စုအလယ်ပိုင်းတွင် မြောက်ဘက်ကျသော ပြည်နယ်တစ်နယ်ဖြစ်သည်။ မြောက်ဘက်တွင် ဆူပီးရီးယားအိုင်၊ အရှေ့ဘက်တွင် မစ်ရှီဂန်အိုင်၊ တောင်ဘက်တွင် အီလီနွိုင်ပြည်နယ်၊ အနောက်ဘက်တွင် မင်နီဆိုတာပြည်နယ်နှင့် အိုင်အိုဝါပြည်နယ်တို့ အသီးအသီးတည်ရှိကြသည်။ ပြည်နယ်အကျယ်အဝန်းမှာ ၆၅,၄၉၇.၈၂ စတုရန်းမိုင်ဖြစ်၍ ခန့်မှန်းခြေလူဦးရေ ၅,၇၂၆,၃၉၈ (၂၀၁၂ ခန့်မှန်း) ရှိသည်။

ဝစ္စကွန်းဆင်းပြည်နယ်သည် များသောအားဖြင့် ကုန်းပြင်မြင့်ဖြစ်သည်။ မြေဩဇာထက်သန်သော ချိုင့်ဝှမ်းများ၊ အိုင်များ၊ သစ်တောများလည်းရှိသည်။ စိန်လောရင့်မြစ်နှင့် မစ်စစ်စပီမြစ်တို့ မြစ်ဖျားပိုင်းဒေသ နှစ်ခုစပ်ကြားတွင်တည်ရှိခြင်းကြောင့် ကူးသန်းရောင်းဝယ်ရေး၌ စည်ပင်တိုးတက်လျက်ရှိသောပြည်နယ်ဖြစ်သည်။ စိန်ကရွားမြစ်၊ ချစ်ပီဝါမြစ်၊ ဗလက်မြစ်နှင့် ဝစ္စကွန်းဆင်းမြစ်တို့သည် အနောက်ဘက်ရှိ မစ်စစ်စပီမြစ်ထဲသို့ စီးဝင်၍ ဖောက်မြစ်သည် အရှေ့ဘက်ရှိ ဂရင်းပင်လယ်အော်ထဲသို့ စီးဝင်သည်။ အိုင်မြောက်မြားစွာရှိသည့်အနက် ဝင်နီဗာဂိုအိုင်သည် အကြီးဆုံး ဖြစ်သည်။ ဝစ္စကွန်းဆင်းပြည်နယ်တွင် ရာသီဥတု အပူအအေး အပြောင်းအလဲမြန်သည်။ ပျမ်းမျှခြင်းအားဖြင့် တစ်နှစ်လျှင် မိုးရေချိန်လက်မ ၃ဝ ခန့် ရသည်။

၁၈၅ဝ ပြည့်နှင့် ၁၈၈ဝ ပြည့်နှစ်အတွင်းက ဝစ္စကွန်းဆင်းပြည်နယ်တွင် ဂျုံတစ်မျိုးတည်းကိုသာ အဓိကစိုက်ပျိုးခဲ့ကြသည်။ ထို့နောက် ပြောင်း၊ မြင်းစားဂျုံ၊ မုယော၊ ရိုင်းစပါး၊ အာလူး၊ ဘီသွားလျှော်၊ ဆေး၊ သကြား၊ မုန်လာနှင့် တိရစ္ဆာန်များအတွက် အစာစိုက်ပျိုးခြင်းကို ပြောင်းလဲလုပ်ကိုင်ကြသည်။ တစ်ဖန် ၁၈၇ဝ ပြည့်နှစ်မှအစပြု၍ တိရစ္ဆာန်မွေးမြူရေး လုပ်ငန်းနှင့် နွားနို့လုပ်ငန်းတို့ကို လုပ်ကိုင်ခဲ့ရာ ယခုအခါ ထောပတ်၊ ဒိန်ခဲနှင့် နို့ဆီအများဆုံးထုတ်လုပ်သော ပြည်နယ်ဖြစ်သည်။ ဝစ္စကွန်းဆင်းပြည်နယ် သည် အမေရိကန်ပြည်ထောင်စုတွင် တောင်သူလယ်သမား သမဝါယမလုပ် ငန်းအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့သောပြည်နယ်ဖြစ်သည်။ သစ်လုပ်ငန်း၊ စက္ကူလုပ်ငန်း၊ သားရေလုပ်ငန်းတို့သည်လည်းထင်ရှားသည်။ သတ္တုတွင်းများ၌ သံ၊ သွပ်နှင့် ခဲတို့ကို တူးဖော်ရရှိသည်။

မီလဝေါကီးမြို့သည် မစ်ရှိဂန်အိုင်ကမ်းပေါ်တွင် တည်ရှိ၍ ပြည်နယ်၌ အကြီးဆုံးမြို့ဖြစ်သည့်အပြင် စက်မှုလုပ်ငန်းဗဟိုဌာနလည်းဖြစ်သည်။ လူဦးရေ ၇၄၁၃၂၄ (၁၉၆ဝ)ယောက်ရှိသည်။ မြို့တော်မှာ မယ်ဒီဆန်မြို့ဖြစ်၍ လူဦးရေ ၁၂၆၇ဝ၆ (၁၉၆ဝ)ယောက်ရှိသည်။ ထိုပြည်နယ်ဒေသသို့ ရှေးဦးစွာရောက်ခဲ့သော ဥရောပတိုက်သားများမှာ ပြင်သစ်တို့ဖြစ်ကြသည်။ ပြင်သစ်တို့နှင့် တိုင်းရင်းသား ရက်အင်ဒီးယန်းတို့ နယ်လုရာမှ စစ်ပွဲများဖြစ်ပွားခဲ့ရသည်။ ထို့နောက် အင်္ဂလိပ်တို့ကလာရောက်၍ သားမွေးကုန်သွယ်ရေးစခန်းများဖွင့်ကြသည်။ ထိုဒေသ၌ အတည်တကျနေထိုင်ရန် ဦးစွာလာရောက်ကြသူတို့သည် သတ္တုတွင်းတူးသမားများဖြစ်သည်။ ထိုကြောင့် မြေတွင်းတူးကျင်လျင်သော ဗက်ဂျားခေါ် ခွေးတူဝက်တူကောင်အမည်ဖြင့် ကင်မွန်းတပ်၍ ဝစ္စကွန်းဆင်းပြည်နယ်ကို ဗက်ဂျားပြည်နယ်ဟု ခေါ်လေ့ရှိသည်။ ၁၈၄၈ ခုနှစ်၊ မေလ ၂၉ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၏ ပြည်နယ်တစ်နယ်ဖြစ်လာလေသည်။[]

ကိုးကား

  1. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named PopEstUS
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya