နိဂဏ္ဌနာဋပုတ္တ

[ နိဂဏ္ဌ + နာဋပုတ္တ ] နာဋ၏သားဖြစ်သော နိဂဏ္ဌ၊ (ကချေသည်၏သား နိဂဏ္ဌဟုလည်း ပြန်ဆိုကြသည်။) မဟာဝီရသည်လည်း ယင်း နိဂဏ္ဌနာဋပုတ္တ၏ အမည်ဖြစ်သည်။ ဂျိန်းဘုရား ဟုလည်းခေါ်ကြ၏။

နိဂဏ္ဌဟူသောအမည် အနှောင်အဖွဲ့ မရှိသူ ဟူသော အနက်ကို ဖွင့်ဆိုကြ၏။ နိဂန္ထ ဟု နေလိုရင်းမှ နိဂဏ္ဌဖြစ်သည်၊ တချို့ကျမ်းများ၌ နိဂဏ္ဌနာဋပုတ္တကို နာဋိ က ရွာကိုစားရသော နာဋ၏သား အနှောင်အဖွဲ့မှလွတ်သူ ဟု ဆိုလို၏။ ယင်း နာဋပုတ္တနိဂဏ္ဌသည် ဗုဒ္ဓဘုရားရှင်ခေတ်က တိတ္ထိဆရာကြီး ၆-ယောက်တွင် တစ်ယောက်အပါ အဝင်ဖြစ်၏။ နိဂဏ္ဌနာဋပုတ္တသည် ဝိဒေဟတိုင်း ဝေသာလီမြို့ အနီး ကုဏ္ဍပုရ (ကွန်ဒါပုရ်) ရွာ ယခု ကုဏ္ဍဂါမ = ဗဟုကုဏ္ဍရွာတွင် ခရစ်တော်မမွေးဖွားမီ ၅၉၉-နှစ်တွင် ဖွားမြင်သည်ဟု ဂျိန်းသမိုင်းတို့၌ ခန့်မှန်းကြသည်။ ဗုဒ္ဓဘုရားရှင်ထက် အသက် ၃၆-နှစ် ကြီးသဖြင့် ခရစ်တော်မမွေးဖွားမီ ၆၅၉ ဖြစ်သင့်သည်။ နိဂဏ္ဌနာဋပုတ္တသည် အသက် ၃၀-တွင် တောထွက်၍ ၁၂-နှစ် တပအကျင့်ကို ကျင့်ပြီး ၄၂-တွင် "ဘုရားဖြစ်ပြီ" ဟု ကြေညာသည်။

ယင်းသည် “စာတုယာမသံဝရ" အကျင့်ကို ဟောပြောသည်၊ စာတုယာမသံဝရအကျင့် (နိဂဏ္ဌနာဋပုတ္တ၏ စွဲမြဲစွာ ဆုပ်ကိုင်ဟောပြောသည့် ပဓာနဝါဒဖြစ်သည်။) ယင်း စာတုယာမသံဝရအကျင့်ကား-

(၁) ရေအေးအားလုံးကို သုံးဆောင်မှုမှ တားမြစ်ခြင်း၊

(၂) မကောင်းမှုအားလုံးကို တားမြစ်ခြင်း၊

(၃) မကောင်းမှုအားလုံးကို တားမြစ်ခြင်းဖြင့် မကောင်းမှုအားလုံးကို ပယ်သတ်ပြီးဖြစ်ခြင်း၊

(၄) မကောင်းမှုအားလုံးကို တားမြစ်ခြင်းဖြင့် လွတ်မြောက်ရာကို တွေ့မြင်ပြီးဖြစ်ခြင်း ဖြစ်၏။ []

နိဂဏ္ဌနာဋပုတ္တ၏အယူ၌ ကာယဒဏ်, ဝစီဒဏ်, မနောဒဏ် ဟု ဒဏ် ၃-ပါး ပညတ်၏။ ကာယဒဏ်, ဝစီဒဏ် ၂-ခုကို အစိတ္တကဒဏ် ဟု ပညတ်၏။ မနောဒဏ်ကို သစိတ္တကဒဏ်ဟု ပညတ်၏။ [] နိဂဏ္ဌနာဋပုတ္တသည် မိမိ၏ ဒါယကာရင်းဖြစ်သူ ဥပါလိမှာ ဘုရားရှင်၏ ဥပါသကာအဖြစ်သို့ ဖြစ်သည်ကစ၍ စိတ်မသက်မသာဖြစ်ကာ အကြီးအကျယ် သောကမီး တောက်လောင်သဖြင့် သွေးအံပြီး ဥပါလိ၏ အိမ်တံခါးဝတွင်လဲနေရာ တပည့်များက အဝတ်ပုဆိုး (သံလျှင်း)ဖြင့် ထမ်းယူ၍ မြို့ပြင်ရောက်မှ ခုတင်ငယ်ဖြင့် ပါဝါမြို့သို့ ထမ်းဆောင်ကြကုန်၏။ ပါဝါမြို့ရောက်၍ မကြာခင် ကွယ်လွန်သည်။ [] အသက် ၇၂–တွင် ကွယ်လွန်သည်ဟုလည်း အဆိုရှိသည်။ D.P. လည်းကြည့်။

တဒါ ပဉ္စ ဒိဋ္ဌိဂတိကာ ပုရာဏကဿပ မက္ခလိ ဂေါသာလ ပကုဓကစ္စာယန အဇိတ ကေသကမ္ဗလ နိဂဏ္ဌနာဋပုတ္တာ အဟေသုံ။ []

မဇ္ဈိမဒေသ၌ အထိုက်အလျောက် ခေတ်စား သော ဝါဒ

နိဂဏ္ဌနာဋပုတ္တ သည် ဒဿနစာပေ၌ မဟာဝီရ-အမည်ဖြင့်လည်းကောင်း၊ ဇိန- အမည်ဖြင့် လည်းကောင်း ထင်ရှား၏။ သူ၏စာပေများမှာ အဒ္ဓမာဂဓီ ဘာသာဖြင့်ရှိ၏။ နိဂဏ္ဌနာဋပုတ္တသည် တိတ္ထိဆရာကြီးများတွင် ပရိသတ် လက်အခံဆုံးသော ပုဂ္ဂိုလ် ဖြစ်၏။ သူ၏ ကျင့်ဝတ်များတွင် အဟိံသာ(သူတစ်ပါးကိုမညှဉ်းဆဲခြင်း) ကျင့်ဝတ်သည် အထင်ရှားဆုံးဖြစ်၏။ လောကီအကျိုးစီးပွားဘက်တွင် အဟိံသာသည် အခြေခံအကျဆုံး ဖြစ်၍ လောကုတ္တရာ အကျိုးစီးပွားဘက်တွင် “နိဗ္ဗာန်”သည် အခြေခံအကျဆုံးဖြစ်သည်ဟု ဆိုသည်။[]

ယင်း တိတ္ထိဆရာကြီး ၆-ယောက်မှာ -

  1. ပုရာဏကဿပ
  2. မက္ခလိဂေါသာလ
  3. ပကုဓကစ္စာယန
  4. သဉ္စယဗေလဋ္ဌပုတ္တ
  5. အဇိတကေသကမ္ဗလ
  6. နိဂဏ္ဌနာဋပုတ္တ တို့ဖြစ်ကြသည်။

သာမညဖလသုတ်တွင်လည်း လေ့လာနိုင်သည်။[]

ဆက်စပ်သုတ္တန်များ

  • သင်္ခဓမသုတ် = [] နိဂဏ္ဌနာဋပုတ္တဆရာကြီး၏ အယူဝါဒနှင့်၎င်းအယူဝါဒ၌ အပြစ်ကို ပြဆိုဟောထားတော်မူပုံ။
  • သာရိပုတ္တတ္ထေရဿမာတုလဗြဟ္မဏဝတ္ထု၊ [] နိဂဏ္ဌတို့အား နှစ်ပေါင်းတရာလှူရသောထက် ဗုဒ္ဓသာဝကအား တဇွန်းမျှ လှူရရုံမျှ၊ မြင်ရရုံမျှက မြတ်ကြောင်း ဟောထား၏၊
  • သီဟသေနာပတိဝတ္ထု သီဟသုတ်[] ဘုရားရှင်ထံသွားရန် သီဟစစ်သူကြီးက မူလသူ၏ ဆရာများဖြစ်ကြသော နိဂဏ္ဌများထံ အကြိမ်ကြိမ်ခွင့်တောင်းသော်လည်း မရခြင်းကြောင့် လေးကြိမ်မြောက်တွင် ဇွတ်အတင်း ဘုရားရှင်ထံသွား၍ အကိရိယဝါဒ ရှိ-မရှိ စသည် မေးလျှောက်ရာ ဘုရားရှင်က ဖြေကြားတော်မူသည်ကို နှစ်သက် ကျေနပ်လှသဖြင့် ဥပါသကာအဖြစ်ကို ခံယူခဲ့ပုံ၊ အနုဝိစ္စကာရံ ခေါ သီဟ ကရောဟိ အနုဝိစ္စကာရော တုမှာဒိသာနံ ဉာတမနုဿာနံ သာဓု ဟောတိဟု ဘုရားရှင်က သတိပေးတော်မူသေးပုံ။
  • ဥပါလိသုတ် -[၁၀] နိဂဏ္ဌတို့က ကာယဒဏ် အပြစ်အကြီးဆုံး ဘုရားရှင်က မနောကံ အပြစ်အကြီးဆုံးဟု ဥပါလိသေဌေးကို ဘုရားရှင်ဖြေရှင်းပြခန်း။
  • ဂရဟဒိန္နဝတ္ထု

ဆက်စပ်ဖတ်ရှုရန်


ကိုးကား

  1. ဒီ၊၁၊၅၄။ ဒီ၊ဋ္ဌ၊၁၊၁၅၁။ သံ၊ဋီ၊၁၊၂၆၇။
  2. မ၊၂၊၃၅။ မ၊ဋ္ဌ၊၃၊၃၇။
  3. မ၊ဋ္ဌ၊၃၊၇၀။
  4. ဇာ၊ဋ္ဌ၊၅၊၂၆၀။
  5. ဗုဒ္ဓ လောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင် ကိုယ်ကျင့်ဗုဒ္ဓဝင် ဦးရွှေအောင် သကျသီဟဓမ္မာစရိယ(ဝဋံသကာ)စေတီယင်္ဂဏ ဓမ္မာစရိယ အစိုးရဓမ္မာစရိယ(သိရောမဏိ)မဟာဝိဇ္ဇာ(သက္ကဋ)
  6. တိပိဋကအဘိဓာန် အတွဲ-၁၂
  7. သဠာ-သံ-ပါ-၅၀၂၊ သဠာ-သံ-ဋ္ဌ-၁၄၂။
  8. ဓမ္မ-ဋ္ဌ-ပ-အုပ်-၄၂၀၊
  9. အံ-၈-ပါ-၂၄၊ အံ-၈-ဋ္ဌ-၂၀၈၊
  10. ပဏ်-၂-ပါ-၃၅၊ ပဏ်-၂-ဋ္ဌ-၃၆၊
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya