ပဒုမုတ္တရဘုရား
နာရဒမြတ်စွာဘုရား ပရိနိဗ္ဗာန်ဝင်စံတော်မူပြီးသည့်နောက်(အ, ပ, နာ,)ဘုရားသုံးဆူပွင့်တော်မူရာ ဝရကမ္ဘာကြီးတရွေ့ရွေ့ ကုန်ဆုံး ပျက်စီးသွားတော့သည်။ ထိုမှနောက်၌ ဘုရားမြတ်စွာပွင့်ထွန်းခြင်းမရှိသော ဘုရားမှ ဆိတ်သုဉ်းသော သုညကမ္ဘာပေါင်းအသင်္ချေကို ရုစိအသင်္ချေဟုခေါ်ဆိုသည်။ သုညကမ္ဘာ လွန်မြောက်၍ ဤကမ္ဘာမှ ပဋိလောမ ပြန်ရေတွက်သော် ကမ္ဘာ(၁၀၀, ဝဝဝ) တစ်သိန်း ထက်ဖြစ်သော ကမ္ဘာ၌ ဘုရားတစ်ဆူသာပွင့်သော သာရကမ္ဘာ၌ ပဒုမုတ္တရဘုရားတစ်ဆူ ပွင့်တော်မူသည်။ ဖြစ်စဉ်တော်ပဒုမုတ္တရ မြတ်စွာအလောင်းတော်သည် ပါရမီ(၁၀)ပါးကျင့်ပွားပြီးနောက် နတ်တို့စည်းစိမ်ကို ခံစားရာမှ လူပြည်သို့ ဆင်းသက်လာ၍ ဟံသာဝတီ နေပြည်တော်တွင် အာနန္ဒာမင်းကြီး၏ မိဖုရားကြီး သုဇာတာဒေဝီမဟေသီမှ ဟံသာဝတီ မင်္ဂလာ ဥယျာဉ်တော်ဝယ် အလောင်းတော်မင်းသားကို ဖွားမြင်ခဲ့သည်။ သားတော်ဖွားစဉ် ထက်ကောင်းကင်မှ ပဒုမ္မာကြာမိုး ရွာသွန်း ဖြိုးချခြင်းကြောင့် နာမကရဏမင်္ဂလာပြုရာတွင် ပဒုမုတ္တရမင်းသားဟုမှည့်ခေါ်ကြသည်။ အလောင်းတော်မင်းသားအရွယ်ရောက်လျှင် ဝသုဒတ္တာဒေဝီမိဖုရားနှင့် အတူ နရဝါဟန၊ ယသဝါဟန၊ ဝသဝတ္တီ နန်းမသုံးဆောင်၌ ဥတုသုံးလီ မျှညီစံပျော်ကာ ဥတ္တရမည်သော မင်းသားဖွားသည်အထိ နှစ်ပေါင်း(၁၀, ဝဝဝ) တစ်သောင်းကာလပတ်လုံး ရွှေနန်းစည်းစိမ်ကို ခံစားစံစားတော်မူသည်။ ထိုသို့စံပျော်နေရာမှ ဥယျာဉ်ထွက်စဉ်အခါ နိမိတ်ကြီးလေးပါး မြင်တွေ့ရလျှင် ထိတ်လန့်ခြင်းသံဝေဂရ၍ စံမြန်းရာ နန်းပြာဿာဒ် ယာဉ်ပျံဖြင့်တောထွက်တော်မူသည်။ ဒုက္ကရစရိယာ အကျင့်မြတ်ကို(၇) ရက်ကျင့်တော်မူ၍ သလလရုက္ခဗောဓိ-ထင်းရှူးဗောဓိပင်ကိုအမှီပြုကာ သဗ္ဗညုတဉာဏ်တော်ကိုရတော်မူပြီး သမ္မာသမ္ဗုဒ္ဓ ဘုရားစင်စစ်ဖြစ်တော်မူသည်။ တပည့်သာဝကများ
ပဒုမုတ္တရဘုရားရှင်၏ အရပ်တော်(ဉာဏ်တော်)မှာ (၅၈)ငါးဆယ့်ရှစ်တောင်မြင့်၍ ကိုယ်မှထွက်သော ရောင်ခြည်တော်မှာ (၁၂)ယူဇနာ ပျံ့နှံ့ကွန့်မြူးသည်။ ဂေါတမဘုရားလောင်းပဒုမုတ္တရမြတ်စွာဘုရားလက်ထက်တော်အခါ၌ ငါတို့ဂေါတမဘုရားအလောင်းတော်ကား-ဇဋိလအမည်ရသော တိုင်းကြတ်သူဋ္ဌေးကြီး အဖြစ်ဖြင့် နိယတဗျာဒိတ်ကိုပန်ဆင်ခဲ့သည်။ အထူးကား ဤဘုရားရှင်လက်ထက်တော်မှာပင်- ရှင်မဟာကဿပ စသောအသီတိမဟာသာဝက ရှစ်ကျိပ်တို့ မဟာသာဝကဆုကို ပန်ဆင်ခဲ့ကြသည်။ ပဒုမုတ္တဘုရားမြတ်စွာသည် သက်တော်(၈၀, ဝဝဝ) ရှစ်သောင်းတွင် နန္ဒာရာမဥယျာဉ်တော်၌ ပရိနိဗ္ဗာန်ဝင်စံတော်မူပါသတည်း။ . . . ၁၃ ။ ပဒုမုတ္ထရ -ဘုရားရှိခိုး+ဆုတောင်းဂါထာ
ကျမ်းကိုး |
Portal di Ensiklopedia Dunia