ပဒုမဘုရား
အနောမဿီမြတ်စွာဘုရား ပရိနိဗ္ဗာန် ဝင်စံတော်မူပြီးသည့်နောက် လူတို့၏ သက်တမ်း အနှစ် (၁၀၀, ဝဝဝ) တစ်သိန်းတမ်းမှ ဆုတ်ချီ တက်ချီဖြင့် နောက်ဆုပ်ကပ် ကမ္ဘာနှစ်(၁၀၀, ဝဝဝ) တစ်သိန်းတမ်း ပြန်ရောက်သောအခါ ဖြစ်တော်စဉ်ပဒုမဘုရားအလောင်းတော်သည် တုသိတာနတ်ပြည်မှ လူ့ပြည်သို့ သက်ဆင်း၍ စမ္ပကမြို့တော်တွင် အသမမင်းကြီး နှင့် အသမဒေဝီ မိဖုရားကြီးတို့မှ ဖွားမြင်ကာ ရုပ်ဆင်းအင်္ဂါ စသည်တို့သည် သူတစ်ပါးတို့နှင့်မတူဘဲ မွေးဖွားစဉ်ကာလ၌ပင် ပဒုမ္မာကြာမိုးကြီးရွာသွန်းသည်ကို အကြောင်းပြုကာ မဟာပဒုမ မင်းသားဟု ဆွေမျိုးများက အမည် သညာ မှည့်ခေါ်ကြသည်။ အလောင်းတော်မင်းသား အရွယ်ရောက် လျှင်-ဥတ္တရာဒေဝီမိဖုရားဖြင့်-နန္ဒုတ္တရ၊ ဝသုတ္တရ၊ ယသုတ္တရ ဟူသောရွှေနန်းသုံးဆောင်၌ နှစ်ပေါင်း(၃၃, ဝဝဝ)သုံးထောင်တိုင်တိုင် သားတော် ရမ္မမင်းသားဖွားမြင်သည်အထိ ရွှေနန်းစည်းစိမ်ကို ခံစားစံစားတော်မူသည်။ ဥယျာဉ်တော်၌ ပျော်ပါးထွက်စဉ် နိမိတ်ကြီးလေးပါး မြင်၍ ထိတ်လန့်မှုသံဝေဂဖြစ်ကာ အာဇာနည်မြင်း ကသော ရထားယာဉ်စီး၍ တောထွက်တော် မူခဲ့သည်။ ဒုက္ကရစရိယာအကျင့်မြတ်ကို(၈) လကြာ ကျင့်ပွား၍-မဟာသောဏဗောဓိ ကြောင်လျာကြီး ဗောဓိပင်ကို အမှီပြု၍ သဗ္ဗညုတ ဉာဏ်တော်ကို ရကာ သမ္မာသမ္ဗုဒ္ဓဘုရား စင်စစ်ဖြစ်တော်မူသည်။ ဂေါတမဘုရားအလောင်းဂေါတမဗုဒ္ဓ အလောင်းတော်မြတ်သည် ပဒုမဘုရားပွင့်စဉ်အခါ ခြင်္သေ့မင်းဖြစ်၍၊ ပဒုမဘုရားရှင်ကိုဖူးမြင်ရသောအခါ ဘုရားရှင်လျင် အာရုံရှိသော ဗုဒ္ဓါရမ္မဏပီတိဖြင့် အစာမစားပဲ ကြည်ညို၍နေလေရာ။ ပဒုမမြတ်စွာဘုရားက နောင်အခါ ဤခြင်္သေ့မင်းသည် ဂေါတမမည်သော ဘုရားစင်စစ်ဖြစ်လိမ့်မည်ဟု နိယတဗျာဒိတ်စကား မိန့်ကြားတော်မူသည်။ တပည့်သာဝကများ
ပဒုမမြတ်စွာဘုရား၏ ဉာဏ်တော် (အရပ်) ကား(၅၈)တောင်မြင့်၍ကိုယ်တော်မှထွက်သော ရောင်ခြည်တော်ကား စကြဝဠာ တိုက်(၁၀, ဝဝဝ) တစ်သောင်းတိုင် ပျံ့နှံ့ ကွန် မြူးနေတော်မူသည်။ ပဒုမမြတ်စွာဘုရားသည် ဝေနေယျသတ္တဝါတို့အား တရားရေအေး အမြိုက်ဆေး-တိုက်ကျွေးခြင်း၊ ဗုဒ္ဓကိစ္စပြုပြီးလတ်သော် သက်တော်(၈၀, ဝဝဝ) ရှစ်သောင်းတွင် ဓမ္မာရာမ ဥယျာဉ်တော်၌ ပရိနိဗ္ဗာန်ဝင်စံတော်မူပါသတည်း။ . . . ၁၁။ ပဒုမ -ဘုရားရှိခိုး+ဆုတောင်းဂါထာ
ကျမ်းကိုး |
Portal di Ensiklopedia Dunia