သောဘိတဘုရား
သဗ္ဗညု ဘုရားရှင်တို့မည်သည် တက်ကပ်ကမ္ဘာတွင် ပွင့်ထွန်းတော်မူရိုး မရှိကြပေ။ ဆုတ်ကပ်ကမ္ဘာမှသာ ပွင့်တော်မူခြင်းဖြစ်သည်။ အကြောင်းကား တက်ကပ်ကမ္ဘာတွင် လူတို့သက်တမ်းရှည်ကြသဖြင့် အိုနာသေမှု သံဝေဂကိုမရှု မမြင်နိုင်ကြသောကြောင့်ဖြစ်သည်။ ဆုတ်ကပ်ကမ္ဘာတွင်လည်း အသက် (၁၀၀, ဝဝဝ) တမ်းနှင့် အထက်တွင် ဘုရားပွင့်ရိုးမရှိပေ၊ အိုနာသေခြင်း သံဝေဂကိုမမြင်နိုင်ကြသောကြောင့်တည်း။ ဖြစ်တော်စဉ်ရေဝတမြတ်စွာဘုရား ပရိနိဗ္ဗာန်ဝင်စံတော် မူပြီးနောက် လူတို့သက်တမ်း(၆၀, ဝဝဝ)တမ်းမှ (၁၀) နှစ်တမ်းအထိဆုတ်ယုတ်သွားသည် တဖန် (၁၀) နှစ်တမ်းမှ အသင်္ချေယျတမ်းထိ တက်ပြီးလျှင် အသင်္ချေယျတမ်းမှ ပြန်ဆုတ်လာရာ လူတို့ သက်တမ်း (၉၀, ဝဝဝ)သို့ရောက်သောအခါ သောဘိတ ဘုရားအလောင်းသည် နတ်ပြည်မှ လူပြည်သို့ဆင်းသက်၍ သုဓမ္မာနေပြည်တော်၌ သုဓမ္မ မင်းကြီး၏ သုဓမ္မာဒေဝီ မိဖုရားကြီးမှ ဖွားမြင်တော်မူ၍ သောဘိတကုမာရသောဘိတ မင်းသားဟု ဆွေတော်မျိုးတော်များက မှည့်ခေါ် ကြသည်။ သောဘိတမင်းသားသည် အရွယ်ရောက်လျှင် မခိလာဒေဝီ (မဏိလာဒေဝီ-မူအချို့ရှိ) မိဖုရားနှင့် ကုမုဒ၊ နာဠိန၊ ပဒုမရွှေနန်း သုံးဆောင်၌ သီဟကုမာရ မင်းသားဖွားမြင်သည်အထိ ရွှေနန်းစည်းစိမ်ကို နှစ်ပေါင်း (၁၀, ဝဝဝ)တိုင်တိုင် ခံစားစံစားတော်မူသည်။ အလောင်းတော်မြတ်သည် ရွှေနန်းစည်းစိမ် ခံစားနေတော်မူစဉ် နိမိတ်ကြီးလေးပါးမြင်တွေ့ ရသောအခါ သံဝေဂထင်၍ စံနန်း ပြာဿာဒ် ယာဉ်ဖြင့် တောထွက်တော်မူခဲ့သည် ယင်းစံနန်း ပြာဿာဒ်ပေါ်မှာပင် ဒုက္ကရစရိယာ အကျင့်ကို (၇) ရက် ကျင့်တော်မူ၍-နာဂဗောဓိရုက္ခ ကံ့ကော်ပင်ကိုအမှီပြုကာ-သဗ္ဗညုတဉာဏ်တော်ကို ရတော်မူလျှင် သမ္မာသမ္ဗုဒ္ဓ ဘုရားစင်စစ် ဖြစ်တော်မူသည်။ တပည့်သာဝကများ
သောဘိတမြတ်စွာဘုရားဉာဏ်တော် (အရပ်) မှာ(၅၈)ငါးဆယ့်ရှစ်တောင်မြင့်သည်။ ရောင်ခြည်တော်ကား-စကြဝဠာတိုက် (၁၀, ဝဝဝ)တစ်သောင်းပျံ့နှံ့သည်။ ဂေါတမဘုရားလောင်းငါတို့၏ ဂေါတမ မြတ်စွာဘုရားအလောင်းတော် သောဘိတဘုရား လက်ထက်၌ရမ္မဝတီမြို့သား သုဇာတ ပုဏ္ဏားဖြစ်၍ နိယတဗျာဒိတ်ပန်ဆင်ခဲ့သည်။ သောဘိတမြတ်စွာဘုရားသည် ဝေနေယျများစွာ သတ္တဝါတို့အား တရားအမြိုက်ဆေးတိုက်ကျွေးခြင်း ဗုဒ္ဓကိစ္စပြီးဆုံးသောအခါ လူတို့သက်တမ်း အနှစ်(၇၂, ဝဝဝ) ရှိသောအခါ-သီဟဥယျာဉ်တော် အတွင်း၌ ပရိနိဗ္ဗာန်ဝင်စံချုပ်ငြိမ်း ဇာတ်သိမ်းတော်မူပါသတည်း။ ... ၉။ သောဘိတ-ဘုရားရှိခိုး+ဆုတောင်းဂါထာသောပ္ပိကာနံ ပဗောဓေန္တံ၊ သောဠာရဉာဏဒါယကံ။ သောဘိတံ သန္တိဒံ ဝန္တေ၊ သော မေ ဒေတု ဇိနောဇယံ။[၁]
ကျမ်းကိုး |
Portal di Ensiklopedia Dunia