မြန်မာ့ပြည်တွင်းစစ် (၂၀၂၁-လက်ရှိ) အတွင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ထုတ်ပြန်ချက်များမြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းစစ် ပိုမိုပြင်းထန်လာခဲ့ရာ မြန်မာ့တပ်မတော်နှင့် ပြည်တွင်းတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။ သို့သော်လည်း အချို့သော ကာလများတွင် စစ်ကောင်စီ သို့မဟုတ် တော်လှန်ရေးအဖွဲ့အစည်းများဘက်မှ တစ်ဖက်သတ် သို့မဟုတ် နှစ်ဖက်ညှိနှိုင်းမှုဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ကြေညာချက်များ ထွက်ပေါ်ခဲ့သည်။ ၂၀၂၁ ခုနှစ်စက်တင်ဘာလမြန်မာ့တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ၅ လကြာ ထပ်မံတိုးမြှင့် ရပ်စဲလိုက် ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ [၁] ၂၀၂၅ ခုနှစ်ဇန်နဝါရီလ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် မြန်မာစစ်တပ်နှင့် MNDAA တို့သည် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ပြုလုပ်သော သတ္တမအကြိမ်မြောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွင်း တရားဝင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ သဘောတူညီချက်ကို တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးခဲ့သည်။ ဧပြီလ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် အာရက္ခတပ်တော် (AA)၊ TNLA နှင့် MNDAA တို့ပါဝင်သော ညီနောင်မဟာမိတ်သုံးဖွဲ့သည် လျင်မြန်ထိရောက်သော ဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများကို လွယ်ကူချောမွေ့စေရန် ရည်ရွယ်၍ တစ်လကြာ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့သည်။[၂] ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့တွင် စစ်ကိုင်းငလျင်လှုပ်ခတ်ပြီးနောက် မြန်မာ့တပ်မတော်သည် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လွယ်ကူချောမွေ့စေရန် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့မှ ဧပြီလ ၂၂ ရက်နေ့အထိ ယာယီအပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့သည်။[၃] ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့တွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) သည် စစ်ကောင်စီ၏ ယာယီအပစ်အခတ်ရပ်စဲရေး ကြေညာချက်အပြီး ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့မှ ဧပြီလ ၂၂ ရက်နေ့အထိ ယာယီအပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့သည်။[၄] ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးသည် လက်ရှိဆောင်ရွက်နေသော ကယ်ဆယ်ရေးလုပ်ငန်းများကို လွယ်ကူချောမွေ့စေရန် ယာယီအပစ်အခတ်ရပ်စဲရေးကို ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၃ ရက်မှ ၃၀ ရက်အထိကာလသက်တမ်းတိုးကြောင်း ကြေညာခဲ့သည်။[၅] ၂ဝ၂၅ ခုနှစ် ၊ မေ ၆ ရက်တွင် တော်ကာကွယ်ရေးဦးစီးချုပ်ရုံးသည် သည်၂၀၂၅ ခုနှစ်၊ မေလ ၆ ရက်မှ ၃၁ ရက်အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် ထပ်မံတိုးမြှင့် ထုတ်ပြန်လိုက်သည်။[၆] မေလဝီကီရင်းမြစ်တွင် ဤဆောင်းပါးနှင့် ပတ်သက်သော စာတမ်းများ ရှိသည် –
၂၀၂၅ ခုနှစ်၊ မေ ၃၁ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ငလျင်ဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန်နှင့် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရန်အတွက် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ထပ်မံတိုးမြှင့်လိုက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။[၇] ဇွန်လ၂၀၂၅ ခုနှစ်၊ ဇွန် ၂ ရက်တွင် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်နိုင်ရန်အတွက် ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် အာရက္ခတပ်တော် (AA)၊ TNLA နှင့် MNDAA တို့က အပစ်အခတ်ရပ်စဲရေးကာလကို ဇွန် ၂ ရက်မှ ၃၀ ရက်အထိ (၃) ကြိမ်မြောက်အဖြစ် ထပ်မံသက်တမ်းတိုးလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။[၈] ကိုးကား
|
Portal di Ensiklopedia Dunia