မြန်မာ–တရုတ်သမ္မတနိုင်ငံ ဆက်ဆံရေး
မြန်မာနိုင်ငံနှင့်တရုတ်သမ္မတနိုင်ငံ (ထိုင်ဝမ်) တို့သည် ၁၉၄၇ မှ ၁၉၄၉ အထိ တရားဝင်သံတမန်ဆက်ဆံရေး ရှိခဲ့သည်။ ၁၉၅၀ တွင် မြန်မာနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို အသိအမှတ်ပြုလိုက်သဖြင့် တရားဝင်ဆက်ဆံမှုမရှိတော့ပေ။ ၂၀၁၀ ဝန်းကျင်မှစ၍ စီးပွားရေးအရ ဆက်ဆံမှုများရှိနေပြီး ၂၀၁၅ ခုနှစ်မှစ၍ ဒီဖက်တိုသံတမန်ဆက်ဆံရေးကိုစတင်ခဲ့သည်။[၁] ၂၀၁၆ တွင် သမ္မတဖြစ်လာသော ချိုင်အင်းဝမ်သည် မိမိချမှတ်ထားသော တောင်ဘက်ပေါ်လစီအသစ် (New Southbound Policy) အရ မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတိုးမြှင့်လိုသည် ဟုဆိုခဲ့သည်။[၂] ကိုယ်စားပြုမှုမြန်မာနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့်သာ တရားဝင်ဆက်ဆံမှုရှိသဖြင့် တရုတ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ကိုယ်စားလှယ်ရုံးတစ်ခုကို ဖွင့်လှစ်နိုင်ခြင်းမရှိပေ။ ၂၀၁၆ မတ်လ မတိုင်ခင်အထိ မြန်မာနိုင်ငံကိုထိုင်းနိုင်ငံရှိ ထိုင်ပေစီးပွားရေးနှင့်ယဉ်ကျေးမှုရုံးမှတစ်ဆင့် ပူးတွဲတာဝန်ယူခဲ့ရသည်။[၃] ၂၀၁၄ ခုနှစ်တွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးနှင့် တိုးတက်ရေးဖောင်ဒေးရှင်း (ICDF) သည် ရန်ကုန်မြို့၌ ရုံးခန်းဖွင့်လှစ်ခဲ့သည်။ ၂၀၁၆ မတ်လ ၂၈ တွင် နိုင်ငံခြားရေးဝန်ကြီးဌာနသည် ထိုင်ပေစီးပွားရေးနှင့်ယဉ်ကျေးမှုရုံးဟူ၍ အမည်ပြောင်းလဲခဲ့ပြီး ကောင်စစ်ဝန်ရုံးကိုပါဖွင့်လှစ်ခဲ့ပါသည်။[၁] ထိုင်ပေစီးပွားရေးနှင့်ယဉ်ကျေးမှုရုံးသည် တရုတ်သမ္မတနိုင်ငံ၏ ဒီဖက်တိုသံရုံးကဲ့သို့ ဆောင်ရွက်သည်။ ၂၀၁၅ ဇွန် ၂၂ ရက်တွင် မြန်မာအစိုးရသည် ထိုင်ပေမြို့တော်၌ နှစ်ဖက်လုံးမှ ဆက်ဆံရေးမြှင့်တင်နိုင်ရန်အလို့ငှာ မြန်မာကုန်သွယ်ရေးရုံးကိုဖွင့်လှစ်ခဲ့သည်။[၄][၅] သမိုင်းကြောင်း![]() ၁၉၄၇ စက်တင်ဘာ ၉ ရက်တွင် လွတ်လပ်ရေးရရှိတော့မည့် မြန်မာနိုင်ငံနှင့် တရုတ်သမ္မတနိုင်ငံတို့သည် သံတမန်ဆက်ဆံရေးကို ထူထောင်ခဲ့ကြသည်။ ၁၉၄၈ ဇန်နဝါရီလ ၄ ရက်နေ့တွင် ရန်ကုန်မြို့၌ကျင်းပခဲ့သော မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့ အခမ်းအနားကို ဒုတိယနိုင်ငံခြားရေးဝန်ကြီး ယဲကော်ချောင် (Ye Gongchao) သည် အထူးသံတမန်အဖြစ် တက်ရောက်ခဲ့သည်။[၆]:၈၃၃၁ ထိုအချိန်က တရုတ်နိုင်ငံ၌ပြည်တွင်းစစ် ဖြစ်ပွားနေခဲ့သည်။ ၁၉၄၉ အောက်တိုဘာ ၁ ရက်နေ့တွင် အနိုင်ရခဲ့သော ကွန်မြူနစ်သူပုန်များသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို တည်ထောင်ခဲ့သည်။ အာဏာရကိုမင်တန်အစိုးရသည်လည်း ထိုင်ဝမ်ကျွန်းသို့ တိမ်းရှောင်ခဲ့ရာ ၁၉၄၉ ဒီဇင်ဘာ ၁၈ တွင် နှစ်နိုင်ငံဆက်ဆံရေး ပြတ်တောက်ခဲ့ပြီး ၁၉၅၀ ဇန်နဝါရီ ၁၀ တွင် သံရုံးကိုပါပိတ်ခဲ့ရသည်။ ၁၉၅၀ ဇွန်လ ၈ ရက်တွင် မြန်မာနိုင်ငံသည် ကွန်မြူနစ်ခေါင်းဆောင်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံကို တရားဝင်အသိအမှတ်ပြုခဲ့ရာ ထိုင်ဝမ်ရောက်ကိုမင်တန်အစိုးရနှင့် အဆက်အဆံ လုံးဝမရှိတော့ပေ။[၇] ၁၉၅၁ တွင် တရုတ်ပြည်မ၌ ကျန်ရှိနေသော ကိုမင်တန်တပ်သားများသည် မြန်မာနိုင်ငံအရှေ့ဘက်သို့ ရောက်ရှိလာကြသည်။ မြန်မာအစိုးရသည် ကိုမင်တန်တပ်များ ဆုတ်ခွာပေးရေးအတွက် ကုလသမဂ္ဂ၌အရေးဆိုခဲ့သည်။ သို့ဖြစ်ရာ ကုလသမဂ္ဂမှ ဖွဲ့စည်းပေးခဲ့သော စစ်ရေးကော်မရှင်တွင် တပ်ဆုတ်ခွာရန်အတွက် နှစ်နိုင်ငံညှိနှိုင်းဆွေးနွှေးခဲ့ကြသည်။[၈] ၂၀၀၉ ခုနှစ် ဇွန်လတွင် မြန်မာနိုင်ငံမှ ကုန်သည်ကြီးများအသင်းချုပ်သည် ထိုင်ဝမ်နိုင်ငံခြားကုန်သွယ်ရေးအဖွဲ့နှင့် ကုန်သွယ်ရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။[၉] ၂၀၁၅ ခုနှစ်တွင် မြန်မာအစိုးရသည် ထိုင်ပေမြို့၌ ကုန်သွယ်ရေးရုံးကိုလည်းကောင်း၊ ၂၀၁၆ ခုနှစ်၌ ထိုင်ဝမ်အစိုးရသည် ရန်ကုန်မြို့၌ ကိုယ်စားလှယ်ရုံးကိုလည်းကောင်း အသီးသီးဖွှင့်လှစ်ခဲ့ကြသည်။ ၂၀၁၅ ဇွန်လ ၁၈ ရက်တွင် မင်ကိုတန်ပါတီ (ရီပတ်ဘလစ်ကန်ပါတီ) ၏ ဥက္ကဋ္ဌ ရှူရှင်းယင် (Xu Xinying) နှင့် ပါတီပြောခွင့်ရ ရှူရှီရွှန်း (Xu Shixun) တို့သည် ဒေါ်အောင်ဆန်းစုကြည်၏ နှစ် ၇၀ ပြည့်မွေးနေ့ကို ဂုဏ်ပြုရန်အတွက် မြန်မာနိုင်ငံသို့အလည်ရောက်ရှိခဲ့သည်။[၁၀] ၂၀၂၀ ဧပြီ ၁၄ တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပျံ့ပွားမှုကို တုံ့ပြန်သောအားဖြင့် ထိုင်ဝမ်အစိုးရမှ မြန်မာအပါအဝင် နိုင်ငံပေါင်း ၇ နိုင်ငံကို မျက်နှာဖုံးပေါင်း ၁.၆ သန်းကို လှူဒါန်းခဲ့သည်။[၁၁] ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာ့တပ်မတော်၏ နိုင်ငံတော်အာဏာကိုသိမ်းယူမှုအပေါ် စိုးရိမ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့သည်။[၁၂] ၂၀၂၁ ဧပြီလတွင် တရုတ်သမ္မတနိုင်ငံ၏ လွှတ်တော်သည် တပ်မတော်အနေဖြင့် ပြည်သူတို့အပေါ် အကြမ်းဖက်မှုကိုရှတ်ချသည့် ဥပဒေမူကြမ်းကိုအတည်ပြုခဲ့သည်။[၁၃] ထို့အပြင်ထိုင်ဝမ်ရောက် မြန်မာများသည်လည်း စစ်အာဏာသိမ်းပိုက်မှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။[၁၄][၁၅] စီးပွားရေးအရ ဆက်ဆံရေးပို့ဆောင်ဆက်သွယ်ရေးမြန်မာနှင့်ထိုင်ဝမ်နှစ်နိုင်ငံအကြား တိုက်ရိုက်ပျံသန်းမှုရှိပြီး ပျံသန်းသည့်မြို့များမှာ အောက်ပါအတိုင်းဖြစ်သည်။
ဆက်စပ်ကြည့်ရန်
ကိုးကား
|
Portal di Ensiklopedia Dunia