မြန်မာ-ထိုင်း ဆက်ဆံရေး
![]() မြန်မာ-ထိုင်း ဆက်ဆံရေး သည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ နှစ်နိုင်ငံအကြား သမိုင်းတလျောက်နှင့် လတ်တလော ဆက်ဆံရေးများကို ရည်ညွှန်းသည်။ မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် သံရုံးဖွင့်လှစ်ထားပြီး ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် သံရုံး ဖွင့်လှစ်ထားသည်။[၁][၂] မြန်မာနှင့် ထိုင်း ဆက်ဆံရေးသည် စီးပွားရေးနှင့် ကုန်သွယ်ရေးများတွင် အဓိကဖြစ်သည်။ နိုင်ငံ နှိုင်းယှဉ်ချက်
စစ်ရေးသမိုင်းကြောင်းမြန်မာ-ယိုးဒယား စစ်ပွဲ (၁၅၄၇-၁၅၄၉)၁၅၄၈ ခုနှစ်တွင် စတင်ဖြစ်ပွားသော မြန်မာ-ယိုးဒယား စစ်သည် မြန်မာ ပဲခူးဘုရင်နှင့် ယိုးဒယား အယုဒ္ဓယ တို့အကြား နှစ်ရှည်စစ်ပွဲများစွာ၏ ပထမဆုံး စစ်ပွဲ ဖြစ်သည်။ တောင်ငူဘုရင် တပင်ရွှေထီးသည် ဘုရားသုံးဆူကို ဖြတ်၍ ယိုးဒယားနိုင်ငံကို ကျူးကျော်ရာမှ စစ်စတင်ဖြစ်ပွားသည်။ စစ်ပွဲတွင် ပေါ်တူဂီ ကြေးစားစစ်သားများ ပါဝင်ခဲ့ခြင်းကြောင့် ထင်ရှားသည်။ မိဖုရား သူရိယောဒယ သည် တိုက်ဆင်ပေါ်တွင် ကျဆုံးခဲ့ခြင်းကြောင့်လည်း ထိုင်းနိုင်ငံ၏ သမိုင်းတွင် အထင်ရှားဆုံး စစ်ပွဲလည်း ဖြစ်သည်။[၅] မြန်မာ-ယိုးဒယား စစ်ပွဲ (၁၅၉၄-၁၆၀၅)မြန်မာ-ယိုးဒယား စစ်ပွဲ (၁၅၉၄-၁၆၀၅) သည် ယိုးဒယားတို့ မြန်မာအား သိမ်းပိုက်လက်စားချေရန် ကြိုးပမ်းရာမှ စတင်ဖြစ်ပွားသည်။ ယိုးဒယား ဘုရင် နရဲစွမ် သည် မြန်မာအား သိမ်းပိုက်ရန် စီစဉ်ခဲ့ပြီး တနင်္သာရီနှင့် မြိတ်တို့ကို သိမ်းပိုက်နိုင်ခဲ့ကာ တောင်ငူသို့ ချီတက်ခဲ့သည်။ ခေတ်ပေါ် နိုင်ငံရေးသမိုင်းကြောင်းလက်ရှိ နိုင်ငံရေးဆိုင်ရာ ဆက်ဆံရေး၂၀၁၈ ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းနိုင်ငံ ဘုရင် မဟာဝဇိရာလင်္ကရဏ၏ အဆိုပြုချက်ဖြင့် ဆင်ဖြူတော်ဝင်သူရဲကောင်းဘွဲ့တံဆိပ်ကို လက်ခံရရှိခဲ့သည်။[၆] ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ ၂၀၂၁ ဆူပူအုံကြွမှုထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ နှစ်နိုင်ငံလုံးတွင် စစ်အာဏာသိမ်းမှုများကြောင့် ၂၀၂၀-၂၁ ထိုင်းနိုင်ငံ ဆန္ဒပြမှုများနှင့် ၂၀၂၁ မြန်မာနိုင်ငံ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။[၇] သို့သော် ထိုင်းဆန္ဒပြသူများအနေဖြင့် ငြိမ်းချမ်းစွာ ပြသနိုင်ခဲ့သော်လည်း၊ မြန်မာဆန္ဒပြသူများသည် ဖိနှိပ်နှိမ်နင်းမှုများ တွေ့ကြုံခဲ့ရသည်။[၈][၉][၁၀][၁၁] ထိုင်းဗိုလ်ချုပ်ကြီးဟောင်း ဦးဆောင်သော ထိုင်းအစိုးရသည် မြန်မာနိုင်ငံတွင်း တပ်မတော်က အာဏာထိန်းသိမ်းနိုင်ရန် ကူညီပေးခဲ့သည်ဟု စွပ်စွဲပြောဆိုခဲ့ကြသည်။[၁၂] တချိန်တည်းမှာပင် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံတွင်းသို့ ထွက်ပြေးခိုလှုံမှုများစွာ ရှိခဲ့ကာ နယ်စပ်ပြဿနာများနှင့် ကိုဗစ်-၁၉ ဖြစ်ပွားမှုအတွက် ပူပန်မှုများ ရှိခဲ့ကြသည်။[၁၃][၁၄][၁၅] အထူးသဖြင့် အာဆီယံနှင့် ပတ်သက်သည့် ထိုင်းနိုင်ငံ၏ သံတမန်ရေးရာ ရွေးချယ်မှုများတွင် ထိုင်းဝန်ကြီးချုပ်ဟောင်း ပရာယွတ်ချန်အိုချာသည် စစ်အစိုးရ၏ အဓိကမဟာမိတ်ဖြစ်သည်။[၁၆][၁၇] ၂၀၂၂ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် မြန်မာလေတပ်သည် ထိုင်းလေပိုင်နက်ကို ကျူးကျော်သည်ဟု စွပ်စွဲခံရသောအခါ ထိုင်းကာကွယ်ရေးသံမှူးကို ခေါ်ယူခဲ့သည်။ နောက်ပိုင်းတွင် ပရာယွတ်က ယင်းဖြစ်ရပ်သည် ကြီးကြီးမားမားကိစ္စမဟုတ်ကြောင်း ပြောကြားခဲ့သည်။[၁၈] ၂၀၂၃ ခုနှစ် ထိုင်းအထွေထွေရွေးကောက်ပွဲအပြီးတွင် ဝန်ကြီးချုပ်သစ် ဆေထာ ထဝီဆင် သည် တပ်မတော်၏ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ကို ထောက်ခံကြောင်း ပြသခဲ့ပြီး မြန်မာနိုင်ငံရှိ အစုအဖွဲ့များအားလုံးကို တည်ငြိမ်အေးချမ်းရေးအတွက် ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်၌ ဆက်လက်ရှိနေစေရန် တိုက်တွန်းခဲ့သည်။[၁၉]
နှစ်နိုင်ငံကြား သံတမန် အဆက်အသွယ်
ကိုးကား
ဆက်လက်ဖတ်ရှုရန် |
Portal di Ensiklopedia Dunia