မြန်မာ–ယူဂိုဆလားဗီးယား ဆက်ဆံရေး
၂၀ ရာစုအတွင်း၌ မြန်မာနိုင်ငံနှင့် ယခုပြိုကွဲပြီးဖြစ်သော ယူဂိုဆလားဗီးယားနိုင်ငံတို့နှင့် သံတမန်ဆက်ဆံရေးရှိခဲ့သည်။ ၁၉၅၀ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် သံတမန်ဆက်ဆံရေးကို ထူထောင်ခဲ့ပြီး ၁၉၅၂ တွင် သံအမတ်များ စတင်ခန့်အပ်ခဲ့သည်။[၁] နှစ်နိုင်လုံးသည် စစ်အေးကာလတွင် ရင်းနှီးစွာဆက်ဆံခဲ့သည်သာမက ယူဂိုဆလားဗီးယားနိုင်ငံသည် မြန်မာနိုင်ငံကို အဓိကလက်နက်ထောက်ပံ့ခဲ့သည့် နိုင်ငံလည်းဖြစ်ခဲ့သည်။[၂] ထို့အပြင် နှစ်နိုင်ငံလုံးတွင် အောက်ပါဆင်တူသည့် အချက်များလည်းရှိကြသည်။
ထိုသို့သောဆင်တူမှုများကြောင့် ဦးကျော်ငြိမ်းအပါအဝင် မြန်မာ့နိုင်ငံရေးသမားများသည် ပြည်ထောင်စုမြန်မာနိုင်ငံကို "အာရှ၏ယူဂိုဆလားဗီးယား" အဖြစ် တည်ဆောက်လိုခဲ့ကြသည်။[၃] မြန်မာနိုင်ငံ၏ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ၁၉၄၆ ယူဂိုဆလပ်ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံထားသည်။[၄] သမိုင်းကြောင်း၁၉၄၇ ဇူလိုင်လတွင် မြန်မာ့နိုင်ငံရေးသမားအချို့သည် ယူဂိုဆလားဗီးယားနိုင်ငံသို့ အလည်ရောက်ရှိလာခဲ့ကြသည်။ ယူဂိုဆလားဗီးယား၏ ၁၉၄၆ ဖွဲ့စည်းပုံအခြေခံဥပဒေသည် လွတ်လပ်မည့်မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်အတွက် စံပြသဖွယ်ဖြစ်ခဲ့သည်။[၅][၆] ၁၉၅၀ ခုနှစ်တွင် နှစ်နိုင်ငံဆက်ဆံရေးကို စတင်ခဲ့သည်။ ၁၉၅၂ ခုနှစ် သံအမတ်များ မခန့်အပ်မီတွင် မြန်မာအစိုးရသည် ပါကစ္စတန်ရှိ ယူဂိုဆလပ်သံရုံးသို့ ပြည်တွင်းဆူပူမှုများကိုနှိမ်နှင်းရေးအတွက် လက်နက်တောင်းယူရန် ဆက်သွယ်ခဲ့ပြီး နောက်ပိုင်းတွင် ဘဲလ်ဂရိတ်မြို့သို့ ခရီးစဉ်အတွင်း သဘောတူညီမှုရရှိခဲ့သည်။[၇] ထိုသို့လက်နက်များ အလျင်အမြန်ရရှိမှုကြောင့် အမေရိကန်နိုင်ငံမှ လက်နက်တောင်းယူခဲ့သော မြန်မာ့တပ်မတော်စစ်ဦးစီးချုပ် ဗိုလ်နေဝင်းသည်လည်း ယူဂိုဆလားဗီးယားနိုင်ငံကို အထင်ကြီးသွားခဲ့သည်။ ၁၉၅၃ တွင် မြန်မာနိုင်ငံဦးစီး၍ ရန်ကုန်မြို့၌ အာရှဆိုရှယ်လစ်ကွန်ဖရင့်ကိုကျင်းပခဲ့ရာ ယူဂိုဆလားဗီးယားမှ ယူဂိုဆလားဗီးယား ကွန်မြူနစ်များအဖွဲ့ချုပ်က တက်ရောက်ခဲ့သည်။ ထိုကွန်ဖရင့်၌နှစ်နိုင်ငံလုံး၏ နိုင်ငံရေးအမြင်ဆင်တူမှုကြောင့် ဆက်ဆံရေးမှာလည်း ကောင်းမွန်လာခဲ့သည်။[၃] မြန်မာနိုင်ငံသည် ကုလသမဂ္ဂ၌ ကိုမင်တန်ကျူးကျော်မှုကိုတိုင်ကြားခဲ့ရာ၌လည်း ယူဂိုဆလားဗီးယားသည် မြန်မာဘက်ကထောက်ခံခဲ့သည်။[၈] ရန်ကုန်မြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၏ ၁၉၅၈ ခုနှစ် လျှို့ဝှက်မှတ်တမ်းတွင် "မြန်မာနိုင်ငံနှင့် ယူဂိုဆလားဗီးယားနိုင်ငံတို့၏ ဆက်ဆံရေးသည် သီးခြားကဏ္ဍတစ်ခုပင်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ၏နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုကို လစ်လျူရှု၍မရနိုင်ကြောင်း" ဟူ၍ဆိုသည်။[၉] ၁၉၉၁ တွင် ယူဂိုဆလားဗီးယားနိုင်ငံ ပြိုကွဲသွားပြီးနောက် နိုင်ငံ၏အရိုက်အရာကို ဆားဘီးယားနိုင်ငံကဆက်ခံခဲ့ရသည်။ ထို့ကြောင် ဆားဘီးယားနှင့် နှစ်နိုင်ငံဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းခဲ့သည်။ ဆက်စပ်ကြည့်ရန်ကိုးကား
|
Portal di Ensiklopedia Dunia