သထုံပြည်
သထုံပြည် ခေါ် သုဝဏ္ဏဘူမိ သည် အောက်မြန်မာပြည်တွင် ဘီစီ လေးရာစုခန့်မှ အေဒီ ၁၁ ရာစုလယ်အထိ တည်ရှိခဲ့သည်ဟု ယုံကြည်ကြသော မွန်ပြည်ထောင်တစ်ခု ဖြစ်သည်။ လက်ရှိ အောက်မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် တည်ရှိခဲ့သော မွန်ပြည်ထောင်များအနက် တစ်ခုဖြစ်သော သထုံပြည်သည် သထုံမြို့ကို ဗဟိုပြုခဲ့သော မြို့ပြနိုင်ငံတစ်ခု ဖြစ်ခဲ့သည်။[၁]:63,77 တောင်အိန္ဒိယနှင့် သီရိလင်္ကာတို့နှင့် တိုက်ရိုက်စီးပွားကူးသန်းမှုရှိခဲ့သော သထုံပြည်သည် အရှေ့တောင်အာရှတွင် ထေရဝါဒ ဗုဒ္ဓဘာသာ၏ အဓိကဗဟိုချက် ဖြစ်ခဲ့သည်။ အခြားသော မွန်ပြည်ထောင်များနည်းတူ သထုံပြည်သည်လည်း ခမာအင်ပါယာ၏ ကျူးကျော်မှုများကို ခံခဲ့ရသည်။ သို့သော်လည်း ဒဏ္ဍာရီလာနေပြည်တော်ကို သိမ်းပိုက်ခဲ့သည်မှာ ၁၀၅၇ ခုနှစ်တွင် မြောက်အရပ်မှ ပုဂံမင်းနေပြည်တော် ဖြစ်သည်။
သမိုင်းကြောင်းမွန်ရာဇဝင်များအရ သထုံပြည်ကို ဗုဒ္ဓခေတ်ကပင် တည်ထောင်ခဲ့ကာ ဘုရင် ၅၉ ဆက် အုပ်စိုးခဲ့သည်ဟု ဆိုသည်။ နိုင်ငံရေးအရခိုလှုံသူများက ပဲခူးမြို့ကို ၅၇၃ ခုနှစ်တွင် တည်ထောင်ခဲ့သည်ဟု ဆိုသည်။[၂] သို့သော်လည်း လက်ရှိဖြစ်သော ထိုင်းနိုင်ငံမြောက်ပိုင်းဒေသနေရာမှ မွန်လူမျိုးများ အောက်မြန်မာပြည်သို့ ပြောင်းရွှေ့လာခဲ့သည့် ကိုးရာစုအချိန်တွင်မှ ပေါ်ပေါက်လာသည်ဟု သမိုင်းမှတ်တမ်းအရ ဖြစ်နိုင်သည်။ ဂျီအီး ဟာဗေး ၏ မြန်မာ့သမိုင်း စာအုပ်တွင် ရွှေမော်ဓော ဘုရားသမိုင်း အား ကိုးကား၍ ဖော်ပြရာတွင် ပဲခူးကို တည်ထောင်သည်မှာ အထောက်အထားမရှိသော်လည်း ၈၂၅ ခုနှစ်ဖြစ်သည်[၃] အမှန်တကယ်တွင် ရှေးဟောင်းမြန်မာ့သမိုင်းတွင် ပဲခူးအား အစောဆုံး ဖော်ပြထားသည်မှာ ၁၂၆၆ ခုနှစ် ဖြစ်သည်။[၄] မြန်မာနှင့် မွန်သမိုင်းများတွင် တူညီစွာ ဖော်ပြထားသည်မှာ သထုံပြည်အား ၁၀၅၇ ခုနှစ်တွင် ပုဂံပြည်မှ သိမ်းပိုက်ခဲ့သည့် အချက် ဖြစ်သည်။[၁]:149 အနော်ရထာမင်းသည် မွန်ရဟန်းဖြစ်သော ရှင်အရဟံထံမှ ထေရဝါဒ ဗုဒ္ဓဘာသာကို ကူးပြောင်းခဲ့ပြီးနောက် သထုံပြည် မနုဟာမင်းထံမှ ပိဋကတ် သုံးပုံကို တောင်းဆိုခဲ့သည်။ မနုဟာမင်းက ငြင်းပယ်ခဲ့သည်ကို အကြောင်းပြု၍ အနော်ရထာသည် သထုံပြည်ကို ကျူးကျော်တိုက်ခိုက်ခဲ့သည်။[၅] ရာဇဝင်ကျမ်းများအရ မြို့အား သုံးလကြာ ဝိုင်းရံခံရပြီးနောက် မနုဟာမင်းသည် ၁၀၅၇ ခုနှစ် မေလ ၁၇ ရက် (မြန်မာသက္ကရာဇ် ၄၁၉၊ နယုန်လဆန်း ၁၁ ရက်) တွင် အညံ့ခံခဲ့သည်။[၆] သက္ကရာဇ် ၁၀၅၀ မှ ၁၀၈၅ ခန့်အကြားတွင် မွန်လူမျိုးများသည် ပုဂံရှိ အဆောက်အဦးများ ဆောက်လုပ်ရာတွင် ပါဝင်ကူညီခဲ့ရသည်။[၇] သထုံဘုရင်များ စာရင်းမွန်ရာဇဝင်ကျမ်းများအရ ဗုဒ္ဓခေတ်မှ စ၍ သထုံပြည်ကို အုပ်စိုးခဲ့သော ဘုရင် ၅၉ ဦး ရှိခဲ့သည်။ ဆက်စပ်ဖတ်ရှုရန်မှတ်စုများကိုးကား
|
Portal di Ensiklopedia Dunia