ခေတ်ဦးပုဂံပြည်
ခေတ်ဦးပုဂံပြည်သည် ၁၁ ရာစုအလယ်ပိုင်း ပုဂံပြည်ကိုမချဲ့ထွင်မီ ခရစ်နှစ် အေဒီ၆ရာစုအလယ်ပိုင်းမှ ၁၁ရာစုအလယ်ပိုင်းအထိ တည်ရှိခဲ့သော နိုင်ငံဖြစ်သည်။ မြန်မာဒဏ္ဍာရီအရ ပုဂံမင်းဆက် ၅၅ ဆက်ရှိပြီး အေဒီ ၂ ရာစု၌ပင် ပုဂံပြည်ကို တည်ထောင်ခဲ့ကြသည်ဟုဆိုကြသော်လည်း ရေဒီယိုကာဗွန်တိုင်းတာမှုများအရ ပုဂံဒေသတွင် အစောဆုံးလူသားအခြေချနေထိုင်မှုမှာ ၇ ရာစုအလယ်ပိုင်း၌သာ စတင်ကြောင်းဖော်ပြသည်။ သုတေသနလောကတွင် အများလက်ခံထားသည်မှာ ပုဂံပြည်ကို အေဒီ ၉ ရာစုအလယ်ပိုင်း၌သာ စတင်တည်ထောင်ခဲ့သည် ဟူ၍ဖြစ်သည်။ ဒဏ္ဍာရီလာ ပုဂံသမိုင်းမဟာရာဇဝင်ကြီး၏ ဖော်ပြချက်အရ ပုဂံပြည်ကို ပွင့်တော်မူပြီးသော ဘုရားများလက်ထက်က အောက်ပါအတိုင်းခေါ်ဆိုခဲ့ကြသည်။[၁]
ပထမပုဂံမင်းဆက်အေဒီ ၁၀၇ (မြန်မာသက္ကရာဇ် ၂၉) ၌ သမုဒ္ဒရာဇ်မင်းသည် မျက်မှောက်ခေတ် ညောင်ဦးမြို့အနီး၌ အရိမဒ္ဒနာမြို့တည်၍ ရွာပေါင်း ၁၉ ရွာကိုစုစည်း၍ ပုဂံပြည်အဖြစ်တည်ထောင်ခဲ့သည်။ ထိုရွာ ၁၉ ရွာတို့မှာ အောက်ပါအတိုင်းဖြစ်သည်။
သမုဒ္ဒရာဇ်မင်းလွန်လေသော် ပျူစောထီးနန်းတက်သည်။ သူ၏နန်းသက်အတွင်း၌ ဓမ္မသတ်စည်းမျဉ်းပေါ်ပေါက်လာခဲ့သည်။ [၃] ပထမပုဂံမင်းဆက်သည် ပိုက်သေဉ်လည်မင်းအထိဖြစ်ရာ အေဒီ ၄ ရာစုတွင် သေဉ်လည်ကြောင်မင်းမှ သီရိပစ္စယာသို့နန်းရွှေ့ခဲ့သည်။ အောက်ပါတို့မှာ ပထမပုဂံမင်းဆက်စာရင်းဖြစ်သည်။
ဒုတိယပုဂံမင်းဆက်အေဒီ ၃၄၄ ၌နန်းတက်ခဲ့သော သေဉ်လည်ကြောင်မင်းသည် သီရိပစ္စယာမြို့တည်၍ နန်းရွှေ့တော်မူခဲ့သည်။ ဒုတိယပုဂံမင်းဆက်သည် ၃၄၄ ခုနှစ်မှ ၅၁၆ အထိဖြစ်သည်။ ၄၃၉ ခုနှစ်၌ ရက္ခမံ၊ မုက္ခမံ၊ သူရဲ ဟူသောအမတ်သုံးဦးတို့ နန်းလုခဲ့ကြရာ မုက္ခမံအမတ်သည် သုံးလအုပ်ချုပ်နိုင်ခဲ့သည်။ ထို့နောက်သူရဲက မုက္ခမံကိုနန်းချ၍ မင်းပြုခဲ့သည်။[၄]
တတိယပုဂံမင်းဆက်သက္ကရာဇ် ၅၁၆ ၌နန်းတက်ခဲ့သော သိုက်တိုင်မင်းသည် သီရိပစ္စယာမြို့ကိုပစ်ပြီး တမ္ပဝတီမြို့တည်၍ နန်းရွှေ့ခဲ့ပြန်သည်။ တတိယပုဂံမင်းဆက်သည် ၅၁၆ မှ ၈၄၆ ခုနှစ်အထိဖြစ်သည်။[၅] ထိုကာလတွင် အရေးပါသောမင်းမှာ ပုပ္ပါးစောရဟန်းဖြစ်သည်။ ခရစ်နှစ် ၆၄၀ (မြန်မာသက္ကရာဇ် ၅၆၂) တွင် သက္ကရာဇ်ဖြိုကိန်းနှင့်ကြုံရာ ၅၆၂ မှ အနှစ် ၅၆၀ ဖြို၍ ၂ နှစ်အကြွင်းထားခဲ့သောကြောင့်ဖြစ်သည်။
ဆက်စပ်ရင်းမြစ်များ |
Portal di Ensiklopedia Dunia