အာဇီဝပါရိသုဒ္ဓိသီလ
အာဇီဝပါရိသုဒ္ဓိသီလ ဆိုသည်မှာ ရဟန်းတော်များ လိုက်နာစောင့်ထိန်းရသည့် သီလတစ်မျိုးဖြစ်ပြီး၊ ဝိနည်းဒေသနာတော်လာ အသက်မွေးဝမ်းကျောင်းမှုနှင့် သက်ဆိုင်သော ပညတ်တော်မူထားသည့် သိက္ခာပုဒ် ခြောက်ခုကို လွန်ကျူး၍ ရရှိသည့် ပစ္စည်းများဖြင့် အသက်မမွေးခြင်းနှင့် အခြား ယုတ်မာသော အသက်မွေးမှု (မိစ္ဆာဇီဝ) တို့မှ ရှောင်ကြဉ်ခြင်း ဖြစ်သည်။ အသက်မွေးမှုကြောင့် ပညတ်အပ်သော သိက္ခာပုဒ် ခြောက်ပါး
ဤသိက္ခာပုဒ် ခြောက်ပါးကို လွန်ကျူးခြင်းသည် အသက်မွေးမှုနှင့် သက်ဆိုင်သော မှားယွင်းသည့် လုပ်ရပ်များ ဖြစ်သည်။ အခြား ယုတ်မာသော အသက်မွေးမှု (မိစ္ဆာဇီဝ) ငါးမျိုးအထက်ပါ သိက္ခာပုဒ်များနှင့် မသက်ဆိုင်သော်လည်း လာဘ်လာဘ ရရှိရန်အတွက် ပြုလုပ်သော မသမာသည့် အသက်မွေးမှု ငါးမျိုးရှိပါသည်။ (က) ကုဟန (အယောင်ဆောင် အံ့ဖွယ်မှု ပြုခြင်း): မိမိ၌ မရှိသော ဂုဏ်ကို ရှိဟန်ဆောင်၍ အထင်ကြီးခံခြင်း။ ၎င်း၌ သုံးမျိုးရှိသည်-
(ခ) လပန (မလှူချင် လှူချင်အောင် အမျိုးမျိုး ပြောဆိုခြင်း): လာဘ်ရစေရန် ရည်ရွယ်ချက်ဖြင့် မလိုလားအပ်သော စကားများ ပြောဆို၍ ဒါယကာ၊ ဒါယိကာမတို့ကို မြှောက်ပင့်ခြင်း သို့မဟုတ် လှူချင်လာအောင် အမျိုးမျိုး စကားဖြင့် ကြံဆောင်ခြင်း။ (ဂ) နေမိတ္တိကတာ (မလှူဘဲ မနေနိုင်အောင် နိမိတ်အချက်ပြခြင်း): လာဘ်ရစေရန်အတွက် မိမိလိုချင်သည့် ပစ္စည်းကို တိုက်ရိုက်မတောင်းဘဲ အရိပ်အမြွက်၊ နိမိတ်အချက်များ ပြခြင်း။ (ဥပမာ - ဆွမ်းခံကိုယ်တော်ကြီးဝတ္ထုတွင် အိမ်ရှင်မ၏ အိမ်တွင်းရှိ ပစ္စည်းများကို မြင်ခဲ့ကြောင်းကို အခြားအကြောင်းအရာနှင့် ဆက်စပ်၍ ပြောဆိုခြင်းဖြင့် လိုချင်ကြောင်း နိမိတ်ပြခြင်း)။ (ဃ) နိပ္ပေသိကတာ (ဒါယကာ၏ ဂုဏ်ကို ကြိတ်ချေ၍ လာဘ်ရှာခြင်း): လာဘ်ရစေရန် ရည်ရွယ်ချက်ဖြင့် မလှူသော ဒါယကာ၊ ဒါယိကာမများ၏ ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်း၊ ဆဲဆိုကဲ့ရဲ့ခြင်း သို့မဟုတ် လူအများရှေ့တွင် ပြက်ရယ်ပြုခြင်း။ (င) လာဘေန လာဘံ နိဇိဂီသနတာ (လာဘ်ဖြင့် လာဘ်ကို ရှာမှီးခြင်း): ဒါယကာတစ်ဦးထံမှ ရရှိသည့် ပစ္စည်းအနည်းငယ်ကို အခြားသူများအား ပေး၍ ထိုသူများထံမှ ပိုမိုများပြားသည့် ပစ္စည်းကို ပြန်လည်ရရှိရန် မျှော်လင့်ခြင်း။ ဤကုဟန စသည့် ယုတ်မာသော အသက်မွေးမှု ငါးမျိုးတို့သည် ဒါယကာ၊ ဒါယိကာမများ၏ သဒ္ဓါတရားကြောင့် မဟုတ်ဘဲ မိမိ၏ လာဘ်ရလိုစိတ်ဖြင့် လှူချင်လာအောင်၊ မလှူဘဲမနေသာအောင် ကြံဆောင်ခြင်းများ ဖြစ်သည်။ အာဇီဝပါရိသုဒ္ဓိသီလဆိုသည်မှာ အထက်တွင်ဖော်ပြခဲ့သော အသက်မွေးခြင်းအကြောင်းကြောင့် ပညတ်အပ်သည့် သိက္ခာပုဒ် ခြောက်ပါးကို လွန်ကျူးခြင်းဖြင့် ရရှိသော ပစ္စည်းများနှင့် ဤကုဟန စသည့် မိစ္ဆာဇီဝတရား ငါးမျိုးတို့ဖြင့် ရှာမှီး၍ ရရှိသော ပစ္စည်းများကို မှီဝဲ၍ အသက်မွေးခြင်းဟူသမျှမှ ရှောင်ကြဉ်ခြင်းဖြင့် အသက်မွေးမှု စင်ကြယ်ခြင်းပင် ဖြစ်ပါသည်။[၁] ဆက်စပ်ဖတ်ရှုရန်ကိုးကား
|
Portal di Ensiklopedia Dunia