ပြည်ထောင်စု ရာထူးဝန်အဖွဲ့
ပြည်ထောင်စု ရာထူးဝန်အဖွဲ့ (အင်္ဂလိပ်: Union Civil Service Board; အတိုကောက် UCSB) သည် ၁၉၇၇ ခုနှစ်၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ ဥပဒေ အရ ဖွဲ့စည်းခဲ့သော ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ကို ဆက်ခံသောအဖွဲ့ ဖြစ်သည်။ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥပဒေအရ အဖွဲ့ကို ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်အနည်းဆုံး(၅)ဦးမှ အများဆုံး(၇)ဦးဖြင့် ဖွဲ့စည်းထားသည်။ အဖွဲ့၏တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥပဒေအခန်း(၃)တွင် ပြဋ္ဌာန်းထားသည်။ ပြည်ထောင်စု ရာထူးဝန်အဖွဲ့သည် နိုင်ငံ့ဝန်ထမ်းဆိုင်ရာ အာဆီယံကွန်ဖရင့်တွင် မြန်မာနိုင်ငံကိုယ်စားပြု ဆက်သွယ်ဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်သည်။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေကို ၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၄၃ အရ ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၂၄/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့သည်။[၁] ![]() သမိုင်းကြောင်းနိုင်ငံ့ဝန်ထမ်းများကို ရှေးမြန်မာဘုရင်များ လက်ထက်ကပင် အလေးအမြတ် ထားခဲ့ကြသည်။ ကိုလိုနီခေတ် မတိုင်မီကာလက နိုင်ငံ့ဝန်ထမ်း ရွေးချယ်ခြင်း၊ ခန့်ထားခြင်းနှင့် ဝန်ထမ်းစည်းကမ်း သတ်မှတ်ချက်များသည် တင်းတင်းကြပ်ကြပ် ပုံစံတကျမဟုတ်ခဲ့သော်လည်း မြန်မာဘုရင်များသည် အရည်အချင်း ပြည့်၀သော ပညာရှင်များနှင့် သုခမိန်များ ခန့်ထားရေးကို ဂရုတစိုက် ဆောင်ရွက်ခဲ့ကြသည်။ တရားရုံးများ၏ ဆုံးဖြတ်ချက်အမိန့်နှင့် ဆောင်ရွက်လုပ်ကိုင်မှုများသည် များသောအားဖြင့် အထောက်အထားများ စနစ်တကျ ကျန်ရှိခဲ့ကြသည်။ ဤအချက်သည် မြန်မာနိုင်ငံ၏ ဘာသာနှင့် စာပေ အောင်မြင်ဖြစ်ထွန်းမှုကို ထင်ဟပ်လျက် ရှိသည်။ မြန်မာနိုင်ငံကို ကိုလိုနီနယ်ချဲ့တို့ သိမ်းယူစဉ်က မြန်မာနိုင်ငံ၏ စာတတ်မြောက်မှု အဆင့်သည် ဗြိတိန်နိုင်ငံ၏ အဆင့်ထက် မြင့်မားကြောင်း ဂျေအက်စ်ဖာ နီဗယ်က ရေးသားခဲ့သည်။ ကိုလိုနီနယ်ချဲ့တို့ ဝင်ရောက်စက သိမ်းပိုက်ရရှိထားသော နယ်မြေများကို ကလကတ္တားတွင် ဌာနချုပ် ထားရှိသော ဗြိတိသျှအရှေ့ အိန္ဒိယကုမ္ပဏီ၏ အရာရှိများက အုပ်ချုပ်ကြသည်။ ၁၈၈၆ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး ကိုလိုနီလက်အာက်သို့ ရောက်ရှိခဲ့ပြီး ၁၈၈၆ ခုနှစ်မှ ၁၉၃၇ ခုနှစ်အတွင်း မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံ၏ ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ခဲ့ပြီး အိန္ဒိယရှိ ဗြိတိသျှဘုရင်ခံချုပ်က အုပ်ချုပ်ခဲ့သည်။ ၁၈၅၂ ခုနှစ် မက်ကောလေး ဂျိုဝက် ကော်မရှင် အစီရင်ခံစာအရ အိန္ဒိယနှင့် မြန်မာနိုင်ငံတွင် အမြုတေ အုပ်ချုပ်ရေး စနစ်ဖြင့် အစားထိုးခဲ့သည်။ ဤစနစ်သည် ကာလအလိုက် ပြောင်းလဲလာသော်လည်း အဓိကအားဖြင့် ဗြိတိသျှလူမျိုးများ ကြီးစိုးသည့်စနစ်ပင် ဖြစ်ပြီး ဒေသခံပုဂ္ဂိုလ် အနည်းအကျဉ်းသာ ပါဝင်ခွင့် ရခဲ့သည်။ ဤစနစ်၏ ထိပ်ပိုင်းနေရာများတွင် အိန္ဒိယ ပဋိညာဉ်ခံဝန်ထမ်း Indian Civil Service (ICS) များက ရယူထားကြပြီး အခွင့်ထူးခံများ ဖြစ်လာကြကာ မိုးကျရွှေကိုယ်များ ဟူ၍ ကျော်ကြားခဲ့ကြသည်။ ၁၉၃၇ ခုနှစ်တွင်မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံမှ ခွဲထုတ်ခဲ့သည်။ မြန်မာနိုင်ငံ ပဋိညာဉ်ခံဝန်ထမ်း Burma Civil Service (BCS) များ ရွေးချယ် ခန့်ထားရေး အတွက် သီးခြားရာထူးဝန်အဖွဲ့ကို မြန်မာနိုင်ငံ၌ ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရသည့်အခါတွင် ဗြိတိသျှတို့ လွှဲပြောင်းပေးသော အုပ်ချုပ်ရေးပုံစံကိုပင် ဆက်လက် ကျင့်သုံးခဲ့သည်။ လွတ်လပ်ရေး ရပြီးသည့်အခါ အသက်မွေးဝမ်းကြောင်း ပညာရပ်ဆိုင်ရာ ရာထူးအချို့မှလွဲ၍ နိုင်ငံ့ဝန်ထမ်း ရာထူးအားလုံး လိုလိုပင် မြန်မာလူမျိုးများ နေရာယူလာကြသည်။ ၁၉၅၃ ခုနှစ်တွင် ရာထူးဝန်အဖွဲ့ ဥပဒေ ပြဋ္ဌာန်းခဲ့ပြီး ပြည်ထောင်စု ရာထူးဝန်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ယင်းအဖွဲ့သည် ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့၏ ရှေ့ပြေး အဖွဲ့အစည်းပင် ဖြစ်သည်။ ၁၉၇၇ ခုနှစ်တွင် ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ကို ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဥပဒေအရ ဖွဲ့စည်းခဲ့သည်။ ထို့နောက် ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ကို ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ပြဋ္ဌာန်းသည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေဖြင့်ဖွဲ့စည်းသည့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဖြင့် အစားထိုးခဲ့သည်။[၂] ၂၀၀၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့၏ ဌာနချုပ်ရုံးကို နေပြည်တော်သို့ ပြောင်းရွေ့ဖွင့်လှစ်ခဲ့ရာ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာနနှင့် ဝန်ထမ်းရေးရာဦးစီးဌာနတို့သည်လည်း ထို့နေ့မှာပင်စတင်၍ နေပြည်တော်၌ လုပ်ငန်းများဆောင်ရွက်လျက် ရှိသည်။ လုပ်ငန်းတာဝန်များအဖွဲ့၏ အဓိကလုပ်ငန်းတာဝန်များမှာ-
တာဝန်ထမ်းဆောင်ခဲ့သော ဥက္ကဋ္ဌများ
လက်ရှိ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များလက်ရှိအဖွဲ့ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များမှာ အောက်ပါအတိုင်း ဖြစ်သည်။[၇] [၈] ၂၀၂၁ ဖေဖော်ဝါရီ ၁ မှ လက်ရှိ
ပြည်ထောင်စုရာထူးဝန်အဖွဲ့အောက်ရှိ အဖွဲ့အစည်းများပြည်ထောင်စုရာထူးဝန်အဖွဲ့အောက်ရှိ အဖွဲ့အစည်းများမှာ [၁၁]
အကိုးအကား
ပြင်ပအဆက်အသွယ်
|
Portal di Ensiklopedia Dunia