၂၀၂၄ (MMXXIV) သည် ဂရီဂေါရီးယန်း ပြက္ခဒိန်တွင် တနင်္လာနေ့မှ စတင်သော ရက်ထပ်နှစ်ဖြစ်ပြီး၊ ယနေ့ခေတ် (Common Era) နှင့် အေဒီ (Anno Domini) ၏ ၂၀၂၄ ကြိမ်မြောက် ခုနှစ်ဖြစ်ကာ၊ ၃ ထောင်စုနှစ်၏ ၂၄ ကြိမ်မြောက် ခုနှစ်၊ ၂၁ ရာစုနှစ်၏ ၂၄ ကြိမ်မြောက် ခုနှစ်ဖြစ်ပြီး ၂၀၂၀ ဆယ်စုနှစ်၏ ၅ ကြိမ်မြောက် ခုနှစ် ဖြစ်သည်။
ယခုနှစ်အထိ၊ ယူကရိန်းကို ရုရှားကျူးကျော်မှု၊ မြန်မာပြည်တွင်းစစ်၊ ဆူဒန်စစ်ပွဲနှင့် Sahel တွင် အစ္စလာမ္မစ်သူပုန်ထမှု အပါအဝင် အဓိက လက်နက်ကိုင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေလျက်ရှိသည်ကို ယခုနှစ်အထိ မြင်တွေ့နေရသည်။ အစ္စရေးနှင့် ဟားမတ်စ်စစ်ပွဲ ဆက်တိုက်ဖြစ်ပွားနေခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ ပို့ဆောင်ရေးအပေါ် သက်ရောက်မှုရှိသော ပင်လယ်နီအကျပ်အတည်း အပါအဝင် နိုင်ငံအများအပြားသို့ သက်ရောက်စေခဲ့သည်။
ကမ္ဘာ့လူဦးရေ အများဆုံး ဆယ်နိုင်ငံအနက် ရှစ်နိုင်ငံ အပါအဝင် (ဘင်္ဂလားဒေ့ရှ်၊ ဘရာဇီး၊ ပါကစ္စတန်၊ ရုရှား၊ အိန္ဒိယ၊ မက္ကဆီကို၊ အင်ဒိုနီးရှား၊ နှင့် အမေရိကန်)[၁]နှင့် ယူနိုက်တက်ကင်းဒမ်းတို့ အပါအဝင်[၂][၃] ခန့်မှန်းခြေအားဖြင့် လူဦးရေ လေးဘီလီယံခန့်ကို ကိုယ်စားပြုသည့် နိုင်ငံပေါင်း ၇၆ နိုင်ငံသည် တစ်နှစ်ပတ်လုံး နိုင်ငံလုံးကျွတ် ရွေးကောက်ပွဲများ ကျင်းပရန် မျှော်မှန်းထားပြီး၊[၁][၄][၅][၆] ဥရောပ ပါလီမန်သည်လည်း ရွေးကောက်ပွဲများ ကျင်းပမည်ဖြစ်သည်။[၇]
ဖြစ်ရပ်များ
ဇန်နဝါရီ
- ၁၃ ဇန်နဝါရီ - နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီး ဦးကျော်စိုးမင်းအား ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ခန့်အပ်သည်။[၈]
- ၁၈ ဇန်နဝါရီ - နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုအား လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံအမတ်ကြီးအဖြစ် ခန့်အပ်သည်။[၉]
- ၃၁ ဇန်နဝါရီ -
- ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၁/၂၀၂၄) ကို ကျင်းပခဲ့ပြီး၊ နောက်တစ်နေ့ ဖေဖော်ဝါရီလ ၁ ရက်တွင် နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှစ၍ နောက်ထပ် (၆) လ သက်တမ်းတိုးမြှင့်လိုက်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရ ကြေညာခဲ့သည်။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၀ /၂၀၂၄ အားဖြင့် ဦးကိုကို အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်။[၁၀]
ဖေဖော်ဝါရီ
မတ်
- ၅ မတ် - ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများမှ တင်းကျပ်သည့် အချက်အချို့ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၅ ရက်နေ့တွင် ပြင်ဆင်ထုတ်ပြန်ခဲ့သည်။[၁၁]
- ၁၈ မတ် - တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၇) ဖွဲ့ဖြစ်သော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (MNSP)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA (PC))၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့သည် 7 Ethnic Armed Organization Alliance (7 EAO Alliance) ဟုခေါ်သော မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းလိုက်ပြီဖြစ်သည်။ အဆိုပါအဖွဲ့တွင် RCSS မှ ဗိုလ်ချုပ်ကြီးယွက်စစ်က ခေါင်းဆောင်အဖြစ် တာဝန်ယူပြီး MNSP မှ ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်းက ဒုတိယခေါင်းဆောင်အဖြစ် ဆောင်ရွက်လျက်ရှိသည်။[၁၂]
ဧပြီ
- ၂၂ ဧပြီ - ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၃/၂၀၂၄ အားဖြင့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူအား ကျန်းမာရေးအရ တာဝန်မှ အနားယူခွင့် ပြုလိုက်သည်။
မေ
- ၇ မေ - နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီး ဦးကျော်စိုးမိုးအား ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ခန့်အပ်လိုက်သည်။ [၁၃]
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်မာလာသန်းထိုက်အား သီရိလင်္ကာဒီမိုကရက်တစ်ဆိုရှယ်လစ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ခန့်အပ်သည်။[၁၄]
- ၃၀ မေ - နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဟန်အား ပါကစ္စတန်အစ္စလာမစ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ခန့်အပ်လိုက်သည်။[၁၅]
ဇွန်
ဇူလိုင်
ဩဂုတ်
စက်တင်ဘာ
- ၁၄ စက်တင်ဘာ - နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမင်းအောင်လှိုင်သည် ဦးသစ်လင်းအုန်းအား ၎င်း၏ လက်ရှိတာဝန်ဝတ္တရားများအပြင် ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်လိုက်သည်။[၁၈]
နိုဝင်ဘာ
ဒီဇင်ဘာ
ကွယ်လွန်သူများ
ကိုးကား