အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (အတိုကောက်: ကာလုံ) (အင်္ဂလိပ်: National Defence and Security Council အတိုကောက် NDSC) သည် အဖွဲ့ဝင် ၁၁ ဦးပါဝင်သည့် အမျိုးသားအဆင့် လုံခြုံရေးကောင်စီ တစ်ခုဖြစ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် တာဝန်ရှိအဖွဲ့အစည်း ဖြစ်သည်။[၁] ကောင်စီကို ၂၀၁၁ မတ်လ ၃၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။[၂][၃] အဖွဲ့ဝင် ၁၁ ဦးအနက် ၅ ဦးကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်သည်။[၃][၄] တပ်မတော်သည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို အစီရင်ခံရသည်။[၅] ကောင်စီကို မြန်မာနိုင်ငံအခြေခံဥပဒေ(၂၀၀၈) ပုဒ်မ ၂၀၁ အရ ဖွဲ့စည်းခြင်း ဖြစ်သည်။[၆] အဖွဲ့ဝင်များအမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီကို အောက်ပါအဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည်။
ယာယီသမ္မတ (တာဝန်) ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အဖွဲ့ဝင်များ၂၀၂၄ခုနှစ် ဇူလိုင်လ (၃၁)ရက်နေ့တွင် ပေါ်ပေါက်လာသော အဖွဲ့ဖြစ်သည်။ အရေးပေါ်အခြေအနေကာလအား (၆) လ သက်တမ်းထပ်မံတိုးပေးခဲ့သည်။ ယာယီသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေးကြောင့် ယာယီသမ္မတ (တာဝန်) ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ထံ လွှဲပြောင်းရာမှတဆင့် ပေါ်ပေါက်လာသော အဖွဲ့လည်းဖြစ်သည်။
ယာယီသမ္မတ ဦးမြင့်ဆွေ၏ အဖွဲ့ဝင်များ၂၀၂၁ခုနှစ် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ယာယီသမ္မတ ဦးမြင့်ဆွေမှ ဦးဆောင်သော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဖြစ်သည်။ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် ကျင်းပသော ပထမဆုံး အစည်းအဝေး၌ ယာယီသမ္မတ ဦးမြင့်ဆွေက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အာဏာ (၃)ရပ်ကို လွှဲပြောင်းပေးခဲ့သည်။ ၂၀၂၂ခုနှစ် ဇန်နဝါရီလ (၃၁)ရက်နေ့တွင် ကျင်းပသော ဒုတိယမြောက် အစည်းအဝေး၌ ယာယီသမ္မတ ဦးမြင့်ဆွေက အရေးပေါ်အခြေအနေကာလအား (၆)လ သက်တမ်းထပ်မံတိုးပေးခဲ့သည်။[၈]ထို့နောက် အရေးပေါ်ကာလသက်တမ်းကို (၆)လ တစ်ကြိမ်စီသက်တမ်း တိုးမြှင့်ခဲ့သည်။၂၀၂၄ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူအား ကျန်းမာရေးအကြောင်းပြချက်ဖြင့် တာဝန်မှ အနားပေးခဲ့သည်။ထို့အတွက်ကြောင့် ယာယီသမ္မတ ဦးမြင့်ဆွေဦးဆောင်သော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ တွင် ဒုတိယသမ္မတ (၂) နေရာ လစ်လပ်သွားသည်။
သမ္မတ ဦးဝင်းမြင့်လက်ထက် အဖွဲ့ဝင်များ
သမ္မတ ဦးထင်ကျော်လက်ထက် အဖွဲ့ဝင်များ
သမ္မတ ဦးသိန်းစိန် လက်ထက် အဖွဲ့ဝင်များ၂၀၁၃ ဇူလိုင် ၉ ရက်နေ့အထိ ကောင်စီကို အောက်ပါအဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည်။[၁၁][၁၂][၁၃]
ဝေဖန်မှုများကာလုံတွင် အဖွဲ့ဝင် (၁၁) ဦးရှိသည့်အနက် (၆) ဦးမှာ တပ်မတော်မှ ခန့်အပ်သူများဖြစ်သဖြင့် တပ်မတော်ဘက်က အသာစီးရနေသည်ဟု ဝေဖန်မှုများရှိသည်။[၁၄]
ကိုးကား
|
Portal di Ensiklopedia Dunia