စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနစီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန (အင်္ဂလိပ်: Ministry of Planning and Finance; MOPF) သည် စီမံကိန်းနှင့် ဘဏ္ဍာရေးပိုင်းနှင့် သက်ဆိုင်သော မြန်မာနိုင်ငံအစိုးရဝန်ကြီးဌာန ဖြစ်သည်။ လက်ရှိတွင် အိမ်စောင့်အစိုးရ မှ ဦးဝင်းရှိန် ကို ဝန်ကြီး ဟုသတ်မှတ်ထားပြီး[၁]အမျိုးသားညီညွတ်ရေး အစိုးရ ကမူ ဦးတင်ထွန်းနိုင် အား ဝန်ကြီးအဖြစ် ခန့်အပ်ထားသည်။ သမိုင်းကြောင်းလွတ်လပ်ရေးရပြီးစအချိန်တွင် အမျိုးသားစီမံကိန်း ဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးနှင့် အခွန်တော်ဝန်ကြီးဌာနတို့သည် သီးခြားတည်ရှိခဲ့သည်။ ၁၉၇၂ခုနှစ်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဟူ၍ စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၉၃ခုနှစ်တွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဟူ၍ပြန်လည်ခွဲထုတ်ခဲ့သည်။ ၂၀၁၃ခုနှစ်တွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအား ဘဏ္ဍာရေးဝန်ကြီးဌာနအဖြစ် ပြောင်းလဲခဲ့သည်။ ၂၀၁၆ခုနှစ် အစိုးရအသစ်တက်လာချိန်တွင် သမ္မတဦးထင်ကျော်က ထိုဝန်ကြီးဌာန နှစ်ခုကို ပေါင်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအဖြစ် ဖွဲ့စည်းခဲ့သည်။ ၂၀၁၉ခုနှစ်တွင် သမ္မတ ဦးဝင်းမြင့်က စက်မှု ဝန်ကြီးဌာနကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပေါင်းကာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန (MOPFI) အဖြစ်ဖွဲ့စည်းခဲ့ပြန်သည်။[၂] ၂၀၂၁စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် တက်လာသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀၂၁ခုနှစ် မေလ ၃ရက်နေ့တွင် စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနဟူ၍ ပြန်လည်ခွဲထုတ်ခဲ့ပြန်သည်။[၃] ဝန်ကြီးဌာနဖွဲ့စည်းပုံစီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ဖွဲ့စည်းပုံမှာ အောက်ပါအတိုင်း ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးများ
စင်ပြိုင်
ထုတ်ပြန်ထားသော ဥပဒေ၊ နည်းဥပဒေများကိုးကား
|
Portal di Ensiklopedia Dunia