ထိုင်းအဲအေးရှား လေကြောင်းလိုင်း
ထိုင်းအဲအေးရှား လေကြောင်းလိုင်းသည် မလေးရှားနိုင်ငံအခြေစိုက် တန်ဖိုးနည်း လေကြောင်းလိုင်းဖြစ်သော အဲအေးရှား လေကြောင်းလိုင်း နှင့် ထိုင်းနိုင်ငံ အေးရှားလေယာဉ်ကုမ္ပဏီနှင့် အကျိုးတူပူးပေါင်းထားခြင်း ဖြစ်သည်။ ဘန်ကောက်မြို့ကို အခြေစိုက်၍ ပြည်တွင်းခရီးစဉ်များသာမက ပြည်ပခရီးစဉ်များကိုပါ ပျံသန်းလျက်ရှိသည်။ ထိုင်းအဲအေးရှား လေကြောင်းလိုင်းသည် တန်ဖိုးနည်း လေကြောင်းလိုင်းဖြစ်ပြီး ယခင်က သုဝဏ္ဏဘူမိလေဆိပ်တွင် အခြေစိုက်ကာ ပြည်တွင်း၊ပြည်ပ ခရီးစဉ်များကို ပျံသန်းခဲ့သည်။[၈] ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မ စတင်၍ ဒွန်မောင်း အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ပြောင်းလဲအခြေစိုက်ခဲ့သည်။ လေယာဉ်အချိန်မှန်မှုအရ ၂၀၁၃ ခုနှစ်တွင် ထိုင်းအဲအေးရှား လေကြောင်းလိုင်းသည် အာရှတိုက်ရှိ လေကြောင်းလိုင်းများတွင် အဆင့်(၃) အချိန်အမှန်ဆုံးဖြစ်ခဲ့သည်။ လေယာဉ်ချိန် ၉၆.၀၈% မှန်သည်ဟု ဆိုသည်။[၉] သမိုင်းထိုင်းအဲအေးရှား လေကြောင်းလိုင်းသည ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ ပြည်တွင်းခရီးစဉ်များကို စတင်ပျံသန်းခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် ရှယ်ယာဝေစုပိုင်ဆိုင်မှုမျာ အေးရှားလေယာဉ်ကုမ္ပဏီမှ ၅၅% နှင့် အဲအေးရှား ကုမ္ပဏီမှ ၄၅% ပိုင်ဆိုင်လျက်ရှိသည်။ ပျံသန်းရာမြို့များ
လေယာဉ်၂၀၁၅ ခုနှစ် နိုဝင်ဘာ စာရင်းအရ အောက်ဖော်ပြပါ လေယာဉ်များဖြင့် ပျံသန်း ဝန်ဆောင်မှုပေးလျက်ရှိသည်။ လေယာဉ်များမှာ သက်တမ်း ၄.၃ နှစ်ခန့် ရှိပြီဖြစ်သည်။[၂၂]
လေယာဉ်ပုံများ
စပွန်ဆာထိုင်းအဲအေးရှား လေကြောင်းလိုင်းသည် လက်စ်တာစီးတီး ဘောလုံးအသင်း၊ ကွန်းပတ်ရိန်ဂျာ အပါအဝင် အခြား ထိုင်းဘောလုံးအသင်းများကိုပါ စပွန်ဆာပေးလျက်ရှိသည်။ ကိုးကား
|
Portal di Ensiklopedia Dunia