ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် ခေါ် ဖတပလ ကို ဂျပန်များ တော်လှန်ရေး အတွက် ၁၉၄၄ ခု၊ ဩဂုတ်လ ညဦး အချိန်တွင် ကန်တော်ကြီး ပတ်လမ်း၊ ယခု နတ်မောက်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်း ၏ အိမ်တွင် အထူး အစည်းအဝေး ကျင်းပပြီး ဖွဲ့စည်းခဲ့သည်။ အစည်းအဝေးကို လျှို့ဝှက်စွာ တက်ရောက် ကြသော ခေါင်းဆောင် များမှာ အောက်ပါ အတိုင်း ဖြစ်သည်။
ဦးဆောင် အဖွဲ့အစည်းများအထက်ပါ လျှို့ဝှက်သော အထူး အစည်းအဝေး မှပင် မြန်မာ တမျိုးသားလုံးကို ရက်စက်စွာ ညှဉ်းပန်း နှိပ်စက် နေသော ဖက်ဆစ် ဂျပန် စစ်တပ် များကို တော်လှန် တိုက်ခိုက်ရန် အတွက် ဆုံးဖြတ်ချက် ချလိုက်သည်။ တချိန်တည်း မှာပင် ဂျပန် ဖက်ဆစ် စစ်တပ် များကို တော်လှန်ရာတွင် အဖွဲ့အစည်း အသီးသီး ကွဲပြား၍ တသီးတခြား တော်လှန် ကြခြင်းထက် တဖွဲ့ တစည်းတည်း ပူးပေါင်း ဆောင်ရွက် ကြလျှင် ကောင်းမည် ဟူ၍ ဗိုလ်ချုပ် အောင်ဆန်း၏ အကြံပေးချက် အရ အောက်ပါ အဖွဲ့အစည်းကြီး များက ဦးဆောင်၍ ဖွဲ့စည်းရန် သဘော တူကြပေသည်။
အထက်ပါ အဖွဲ့အစည်း ကြီးများ အနက် ဗမာ့ တပ်မတော်နှင့် လက်တွဲကာ ဂျပန် တော်လှန်ရေး အတွက် ပြင်းပြင်းထန်ထန် စည်းရုံး လှုံ့ဆော် ခဲ့သော အဖွဲ့ကြီးမှာ ဦးဘဂျမ်း ဦးစီးသော (အာရှလူငယ် အစည်းအရုံး) ပင် ဖြစ်တော့သည်။[၁] ဖတပလ ဗဟို ဦးစီး အဖွဲ့ဝင်များစစ်ပြီးခေတ်တွင် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့ လွတ်မြောက်ရေး အဖွဲ့ချုပ်ကို ပထမဦးဆုံး ဗဟို ဦးစီး အဖွဲ့ဝင် ကိုးဦး၊ ထို့နောက် ၁၆ ဦးနှင့် ၃၆ ဦးတို့ဖြင့် အောက်ပါ အတိုင်း တိုးချဲ့ ဖွဲ့စည်း ခဲ့သည်။[၂] မူလ ဖတပလ ဗဟိုဦးစီး အဖွဲ့ဝင် ၉ ဦး
ဒုတိယ အကြိမ် တိုးချဲ့ဖွဲစည်းခဲ့သော ဖတပလ ဗဟိုဦးစီး အဖွဲ့ဝင် ၁၆ ဦး
တတိယ အကြိမ် တိုးချဲ့ဖွဲ့စည်းခဲ့သော ဖတပလ ဗဟိုဦးစီး အဖွဲ့ဝင် ၃၆ ဦး
ဖတပလ ဗဟို စစ်ကောင်စီ (၁၉၄၅)ဖက်ဆစ် တော်လှန်ရေးကို ဦးစီးရန် ၁၉၄၅ ခုနှစ် မတ်လတွင် ဖွဲ့သည်။ ဖတပလ ဗဟို စစ်ကောင်စီတွင် အောက်ပါ ပုဂ္ဂိုလ်များ ပါဝင်သည်။
စစ်ပြီးနောက်တွင် တိုက်ဖျက်ရေးလုပ်ငန်း ကုန်ဆုံး၍ ဆန့်ကျင်ရေး လုပ်ငန်းကိုသာ ရှေးရှုလုပ်ကိုင်ရန် ဆုံးဖြတ်ကာ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် (ဝါ) ဖဆပလ အဖွဲ့ချုပ်ဟု ပြောင်းလဲ မှည့်ခေါ်ခဲ့သည်။ ကိုးကားဝဘ်ဆိုဒ်
စာအုပ်များ
|
Portal di Ensiklopedia Dunia