ကနေဒါ-မြန်မာ ဆက်ဆံရေး
မြန်မာ–ကနေဒါ ဆက်ဆံရေး သည် မြန်မာနိုင်ငံ နှင့် ကနေဒါနိုင်ငံ အကြား ထားရှိသည့် နှစ်နိုင်ငံ ဆက်ဆံရေးဖြစ်သည်။နှစ်နိုင်ငံ၏ တရားဝင် သံတမန်ဆက်ဆံရေးကို ၁၉၅၈ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့တွင် ထူထောင်ခဲ့ကြသည်။[၁]ကနေဒါနိုင်ငံ အော်တာဝါမြို့ တွင် မြန်မာသံရုံး ရှိပြီး မြန်မာနိုင်ငံ ရန်ကုန်မြို့ တွင် ကနေဒါသံရုံး ရှိသည်။ သမိုင်းကြောင်းမြန်မာနိုင်ငံ နှင့် ကနေဒါနိုင်ငံ တို့သည် ၁၉၅၈ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့တွင် သံတမန်ဆက်ဆံရေးကို ထူထောင်ခဲ့ကြ၍ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးသည် နှစ်ပေါင်း ၆၅ နှစ် ကျော် ရှည်ကြာနေပြီ ဖြစ်သည်။သို့သော်လည်း မြန်မာနိုင်ငံ အတွင်း စစ်အာဏာသိမ်းမှုများကြောင့် နှစ်နိုင်ငံဆက်ဆံရေးသည် အဖုအထစ်များဖြင့် တင်းတင်းမာမာ ရှိခဲ့ကြသည့်သက်တမ်းက ဆယ်စုနှစ် ၅ခု ကျော်မက ရှိခဲ့သည်။ သံတမန်ဆက်ဆံရေးမြန်မာနိုင်ငံ သည် ကနေဒါနိုင်ငံ နှင့် သံတမန်စတင်ပြီးနောက် ၂လအကြာတွင် အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်း အား ကနေဒါနိုင်ငံဆိုင်ရာ သံအမတ်ကြီး အဖြစ် ပူးတွဲခဲ့၍ ၎င်းသည် ကနေဒါနိုင်ငံ၏ ပထမဦးဆုံးသော မြန်မာသံအမတ် ဖြစ်ခဲ့သည်။ရုံးထိုင်ဆောင်ရွက်မှုကိုမူ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ မှတဆင့် ဆောင်ရွက်သည်။အလားတူ ကနေဒါနိုင်ငံ သည်လည်း မြန်မာနိုင်ငံ နှင့် အနီးစပ်ဆုံး နိုင်ငံ မှတဆင့် ရုံးထိုင်ဆောင်ရွက်ကာ သက်ဆိုင်ရာ သံအမတ်က ပူးတွဲကိုင်တွယ်ခဲ့သည်။မြန်မာနိုင်ငံသည် ၁၉၆၃ ခုနှစ်မှ ၁၉၇၈ ခုနှစ်အထိ ကနေဒါမြို့တော် အော်တာဝါ တွင် သံရုံး ဖွင့်လှစ်ခဲ့သည်။ထိုကာလက သံအမတ်ကြီးများအဖြစ် မဟာအသရေစည်သူ James Barrington၊သခင်ချန်ထွန်း၊ဦးကျော်ညွှန့် နှင့် ဦးကိုကို တို့က ဆောင်ရွက်ခဲ့ကြသည်။ ၁၉၇၈ ခုနှစ် နောက်ပိုင်းတွင် မြန်မာနိုင်ငံသည် ရုံးခန်းကို ပိတ်ခဲ့ပြီး အမေရိကန် ဝါရှင်တန် ရှိ မြန်မာသံအမတ်များ အား ပူးတွဲတာဝန် ပေး၍ သံဆက်သွယ်သည်။ ၁၉၈၆ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ တွင် ကနေဒါရှိ မြန်မာသံရုံးအား ပြန်ဖွင့်ကာ ၁၉၉၂ ခုနှစ် တွင် ပြန်ပိတ်သည်။ယင်းနောက် ၁၉၉၅ ခုနှစ် မှ လက်ရှိအချိန်အထိ မြန်မာသံရုံးထပ်မံပြန်ဖွင့်ထားသည်။[၂]ကနေဒါနိုင်ငံဘက်ကမူ မြန်မာနှင့် သံဆက်သွယ်သည့် နှစ် ၅၀ကျော်အထိ အခြေချ ရုံးစိုက်သည့် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံအမတ်ကြီး ဟူ၍ သီးသီးသန့်သန့် မထားခဲ့သည့် အပြင် မြန်မာနိုင်ငံတွင်လည်း သံရုံး ဖွင့်လှစ်ခြင်းမျိုး မရှိခဲ့ပေ။မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းသည့် ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းမှ မြန်မာနိုင်ငံတွင် ပထမဆုံးအခြေချ ရုံးစိုက်သည့် သံအမတ် အား ၂၀၁၃ ခုနှစ် မတ်လတွင် ခန့်အပ်ခဲ့သည်။ပထမဦးဆုံး သံအမတ်မှာ ဝါရင့်သံတမန် Mark McDowell ဖြစ်သည်။[၃]၂၀၁၄ ခုနှစ် ဇူလိုင် ၁ရက်နေ့ တွင် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးကို ရန်ကုန်မြို့၌ တရားဝင်ဖွင့်လှစ်ခဲ့သည်။ ၂၀၁၅ ခုနှစ် ဩဂုတ်လတွင် ရန်ကုန်မြို့တွင် ဗီဇာလျှောက်ထားရေးစင်တာကို ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံသားများ ပြည်တွင်း၌ ကနေဒါဗီဇာ လျှောက်ထားခွင့်ရခဲ့ကြသည်။ ၂၀၁၀ပြည့်နှစ်နောက်ပိုင်း ဆက်ဆံရေး၁၉၆၂ ခုနှစ် ကစပြီး မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုတစ်လျှောက်လုံး ကနေဒါသည် မြန်မာပြည်သူများဘက်က ရပ်တည်ခဲ့ပြီး အုပ်ချုပ်သည့် စစ်အစိုးရအဆက်ဆက်ကို ပိတ်ဆို့အရေးယူမှုများလုပ်ဆောင်ခဲ့သည့် နိုင်ငံတစ်ခုဖြစ်သည်။မြန်မာနိုင်ငံ နိုင်ငံရေးအပြောင်းအလဲဖြစ်သည့် ၂၀၁၀ပြည့်နှစ်နောက်ပိုင်းတွင် မြန်မာနိုင်ငံနှင့် ကနေဒါနိုင်ငံတို့အကြား ဆက်ဆံရေးသည် ကဏ္ဍသစ်တစ်ခုသို့ ပြောင်းလဲသွားခဲ့သည်။ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး Hon. John Baird သည် ၂၀၁၂ ခုနှစ် မတ်လတွင် နေပြည်တော်သို့ သမိုင်းဝင်ခရီးစဉ်တစ်ခုအဖြစ် လာရောက်လည်ပတ်ခဲ့သည်။ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် သည်လည်း ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် ကနေဒါနိုင်ငံ သို့ တရားဝင်သွားရောက်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေးအတွက် သမိုင်းမှတ်တိုင်တစ်ခုဖြစ်ခဲ့သည်။ကနေဒါ ပါလီမန် ကိုယ်စားလှယ်များ နှင့် မြန်မာလွှတ်တော် ကိုယ်စားလှယ်များ၏ အပြန်အလှန်ခရီးစဉ်များ အပါအဝင် နိုင်ငံရေးပါတီများ နှင့် အစိုးရအဖွဲ့ အပြင် အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်များ၏ အပြန်အလှန်ခရီးစဉ်များလည်း ရှိခဲ့ကြသည်။ကနေဒါနှင့် မြန်မာနိုင်ငံကြား သံတမန်ဆက်ဆံရေးသည် မြန်မာနိုင်ငံတွင် ၂၀၁၅ ရွေးကောက်ပွဲအပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် က ပြတ်ပြတ်သားသား အနိုင်ရခဲ့ပြီးနောက် ဆက်ဆံရေးအထူးကောင်းမွန်လာသည်။၂၀၁၇ ခုနှစ် ဇွန်လ ၇ ရက် တွင် ကနေဒါ ဝန်ကြီးချုပ် ဂျပ်စတင် ထရူဒိုး နှင့် မြန်မာခေါင်းဆောင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ ကနေဒါနိုင်ငံ ဝန်ကြီးချုပ်ရုံး တွင် နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်နှစ်ဦး၏ သမိုင်းဝင်တွေ့ဆုံမှုအား ပြုလုပ်ခဲ့ကြသည်။[၄] သို့သော်လည်း ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် ဆက်ဆံရေး အေးစက်သွားသည်။[၅] စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု၂၀၁၅ခုနှစ် တွင် ကနေဒါနိုင်ငံ သည် မြန်မာနိုင်ငံအား သွင်းကုန်များ အတွက် ပုံမှန်အခွန်အတုတ် အပြင် ဖွံဖြိုးမှုနိမ့်ကျသည့် နိုင်ငံများအတွက် အထူးလျှောပေါ့ကောက်ခံသည့် အခွန် စနစ် ထဲ ပြန်လည် အသက်သွင်းပေးခဲ့သည်။ကနေဒါနိုင်ငံ တွင် ကနေဒါ - မြန်မာစီးပွားရေးကောင်စီကို ၂၀၁၉ ခုနှစ် ဇွန်လ တွင် ဖွင့်လှစ်ခဲ့သည်။[၆]၂၀၂၂ ခုနှစ်အရောက် နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၂၂၀ ဒသမ ၆သန်းအထိရှိလာခဲ့သည်။မြန်မာနိုင်ငံဘက်သို့ သွင်းကုန်သည် အမေရိကန်ဒေါ်လာ ၂၁၃ဒသမ ၃ သန်းတန်ဖိုး ရှိပြီး မြန်မာနိုင်ငံက ပြန်ပို့သည့် ပို့ကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၇ ဒသမ ၃သန်းရှိခဲ့သည်။မြန်မာဘက်က ပို့ကုန်များမှာ အထည်အလိပ်၊ ဖိနပ်၊ သားရေထည်ပစ္စည်းများ အဓိကပါဝင်သည်။သွင်းကုန်များမှာမူ ဟင်းသီးဟင်းရွက်ထွက်ကုန်၊ အစားအစာ၊ အဖျော်ယမကာ၊ တိရစ္ဆာန်အရှင်၊ တိရစ္ဆာန်ထွက်ကုန်များ နှင့် ယန္တရားအသုံးအဆောင်ပစ္စည်းများ ဖြစ်ကြသည်။ ဖွံ့ဖြိုးရေးအကူအညီ၁၉၆၂ ခုနှစ် မြန်မာနိုင်ငံ စစ်တပ်အာဏာသိမ်းပြီးနောက် ဆယ်စုနှစ်များစွာကြာ စစ်အာဏာသိမ်းမှုအောက်ဖြတ်သန်းခဲ့ရသည့် မြန်မာနိုင်ငံ နှင့် ကနေဒါနိုင်ငံ တို့၏ ဆက်ဆံရေးသည် တင်းမာခဲ့သည်။သို့သော် အထူးသဖြင့် လိုအပ်ချက်များပေါ် မူတည်၍ ဖွံ့ဖြိုးတိုးတက်မှုနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးဆောင်ခြင်းဖြင့် ကနေဒါသည် ဤကာလတစ်လျှောက်လုံးတွင် ပါဝင်ခဲ့သည်။ ကနေဒါ၏ နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအကူအညီအစီအစဉ်ကို ၂၀၁၃ ခုနှစ်တွင် စတင်သည်။ကနေဒါသည် မြန်မာနိုင်ငံ တွင် ဖက်ဒရယ်စနစ်၊ အားလုံးပါဝင်နိုင်သော အုပ်ချုပ်မှုနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများအတွက် ပံ့ပိုးမှုများဆောင်ရွက်သည့် အပြင် မြန်မာနိုင်ငံ ဒီမိုကရေစီစနစ် ဖော်ဆောင်မှုအပေါ် အခိုင်အမာ ထောက်ခံထားသည်။ယင်းအပြင် ကျားမရေးရာတန်းတူညီမျှမှု၊ လူ့အခွင့်အရေး နှင့် အရပ်ဘက်အဖွဲ့အစည်းများအား ပံ့ပိုးမှု အပါအဝင် အမျိုးသမီးများနှင့် တိုင်းရင်းသားလူနည်းစုများ အပြင် မြန်မာနိုင်ငံရှိ ထိခိုက်လွယ်ပြီး ပဋိပက္ခဒဏ်ခံရဆုံးသော လူဦးရေကို ပံ့ပိုးပေးနေသည်။ ကနေဒါသည် စစ်အစိုးရကို နိုင်ငံတကာ အကူအညီ တစ်စုံတစ်ရာ မပေးပေ။ သို့သော်လည်း ကုလသမဂ္ဂ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေး နှင့် လူ့အခွင့်အရေး ကာကွယ်သူများမှတဆင့် ဖွံ့ဖြိုးတိုးတက်ရေး နှင့် ပြည်သူများ ဆင်းရဲတွင်းမှ ရုန်းထွက်နိုင်ရေး နိုင်ငံတကာ အကူအညီများမှတဆင့် ပံ့ပိုးပေးလျက်ရှိသည်။[၇] ၂၀၂၁ နောက်ပိုင်း ဆက်ဆံရေး၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းမှုကြောင့် ကနေဒါနှင့် နှစ်နိုင်ငံဆက်ဆံရေးမှာ ပြင်းထန်စွာတင်းမာသွားသည်။ကနေဒါက မြန်မာနိုင်ငံစစ်အာဏာသိမ်းသူများအပေါ် အရေးယူပိတ်ဆို့မှုများ တိုးမြင့်ချခဲ့သည်။[၈] ကိုးကား
|
Portal di Ensiklopedia Dunia