ကျောက်ကြမ်းပြတ်ရွေ့ကြော
ကျောက်ကြမ်းပြတ်ရွေ့ကြော သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မှ ထိုင်းနိုင်ငံဖက်အထိ ၅၁၀ ကီလိုမီတာခန့် အရှည်တည်ရှိသည့် ပြတ်ရွေ့ကြောတစ်ခု ဖြစ်သည်။ ဤပြတ်ရွေ့ကြောသည် ၁၉၁၂ မေမြို့ငလျင် လှုပ်ခတ်စေသည့် ရင်းမြစ်လည်း ဖြစ်သည်။ ဤပြတ်ရွေ့ကြောနှင့် ပတ်သက်၍ စစ်ကိုင်းပြတ်ရွေ့ကြောကဲ့သို့ သေချာစွာလေ့လာထားမှုမျိုး မရှိပေ။ ပြတ်ရွေ့ကြောသည် ရှမ်းတောင်တန်းများတစ်လျှောက် တည်ရှိနေကာ စစ်ကိုင်းပြတ်ရွေ့ကြောနှင့် အပြိုင်အနေအထား တည်ရှိသည်။ ဤပြတ်ရွေ့ကြော၏ ရွေ့လျားမှုနှုန်းသည် 1 mm/yr ဖြစ်သည်။[၁][၂][၃][၄] အပိုင်းများမြစ်ငယ်အပိုင်းကျောက်ကြမ်းပြတ်ရွေ့ကြောဇုံ၏ မြောက်ဘက်ဆုံးအပိုင်းသည် ၁၆၀ ကီလိုမီတာရှိကာ တောင်ကြီးမြို့၏ မြောက်ဘက်မှစကာ မန္တလေးမြို့ အရှေ့ဘက်တွင် အဆုံးသတ်သည်။ မြစ်ငယ်အပိုင်းဟူသည့် အမည်သည် မြစ်ငယ်မြစ်ကို ယူ၍ ပေးထားခြင်း ဖြစ်သည်။ ၁၉၁၂ ခုနှစ်တွင် မြစ်ငယ်ပြတ်ရွေ့ကြောအပိုင်းတစ်ခုလုံးသည် လှုပ်ခတ်ခဲ့ကာ ပမာဏ ၇.၇ ရှိသည့် ငလျင်တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။[၅] တောင်ကြီးအပိုင်းဤပြတ်ရွေ့ကြောအပိုင်းသည် ၅၀ ကီလိုမီတာ အကျယ်ကာ ၁၀၀ ကီလိုမီတာ ရှည်သည်။ ဘေးနားတွင် တောင်ကြီးနှင့် ပင်းဒယ ပြတ်ရွေ့ကြောနှစ်ခု တည်ရှိသည်။ နှစ်ခုစလုံးသည် သာမန်ပြတ်ရွေ့ကြာများ ဖြစ်ကြသည်။[၅] သံလွင်အပိုင်းသံလွင်ပြတ်ရွေ့ကြောအပို်င်းဟူသည့် အမည်သည် သံလွင်မြစ်ကို ယူ၍ ခေါ်ထားခြင်း ဖြစ်သည်။ ပြတ်ရွေ့ကြောသည် ၅.၄ ကီလိုမီတာခန့် ရှိသည်။ ပြတ်ရွေ့ကြောသည် ကွေးနေသည်။ ဤပြတ်ရွေ့ကြောသည် Mae Ping ပြတ်ရွေ့ကြောနှင့် ဆက်နေသည်။ ကျောက်ကြမ်းပြတ်ရွေ့ကြောသည် မြန်မာနှင့် ထိုင်း နယ်စပ်ကို ဖြတ်ကျော်ကာ နောက်ထပ် ၁၇၉ ကီလိုမီတာ ရှည်ပြီး ဘန်ကောက်မြို့၏ မြောက်ဘက်တွင် အဆုံးသတ်သွားသည်။[၅] ငလျင်လှုပ်ရှားမှုဤပြတ်ရွေ့ကြောသည် ရှမ်းတောင်တန်းတွင် ကြီးမားသည့် ငလျင်လှုပ်ခတ်မှုများကို ဖြစ်စေခဲ့ကာ ၁၉၁၂ မေမြို့ငလျင်လည်း ပါဝင်သည်။ ထို့အပြင် အလယ်အလတ်အဆင့်ရှိ ငလျင်များသည် ၁၉၇၅ နှင့် ၁၉၈၅ တွင် ဤပြတ်ရွေ့ကြောပေါ်တွင် လှုပ်ခတ်ခဲ့သည်။[၆][၇] သုတေသနပညာရှင်များက ကျောက်ကြမ်းပြတ်ရွေ့ကြောတစ်လျှောက် 1260 ± 30 BP နှင့် 4660 ± 30 BP စသည့်အချိန်များတွင် ဖြစ်ပွားခဲ့သည့် ငလျင်နှစ်ခုကို တွေ့ရှိခဲ့ကြသည်။ ၁၉၈၈ လန်ကန့် - ဂန့်မ ငလျင်များနှင့် ၂၀၁၁ တာလေးငလျင်များ သည် မကြာသေးမီက ဖြစ်ပွားခဲ့သည့် ကြီးမားသည့် ငလျင်များ ဖြစ်ကြသည်။ သုတေသနလေ့လာမှုများက ခန့်မှန်းသည်မှာ ဤပြတ်ရွေ့ကြောတစ်လျှောက် လှုပ်ခတ်သည့် ငလျင်များ၏ ပြင်းအားသည် M6.8 မှ 8.4 အထိ ရှိသည်ဟု ဆိုကြသည်။[၈][၉] ကိုးကား
|
Portal di Ensiklopedia Dunia