၂၀၀၉ ကပ္ပလီကျွန်းများငလျင်
၂၀၀၉ ကပ္ပလီကျွန်းများငလျင် သည် အိန္ဒိယနိုင်ငံ၊ ကပ္ပလီကျွန်းများတွင် ဩဂုတ်လ ၁၁ ရက်၊ 19:55 UTC အချိန်တွင် ဖြစ်ပွားခဲ့သည့် ငလျင်တစ်ခု ဖြစ်သည်။[၁] ပမာဏ 7.5 Mw ရှိသည်။ ဤငလျင်သည် ၂၀၀၄ ခုနှစ် အိန္ဒိယသမုဒ္ဒရာငလျင်နှင့်ဆူနာမီ ဖြစ်ပြီးအချိန်ကတည်းက ဆိုပါက ထိုဒေသတွင် အပြင်းထန်ဆုံးငလျင်ဖြစ်ခဲ့သည်။[၂] ငလျင်ဗဟိုချက်သည် Port Blair မြို့၏ မြောက်ဘက် ၂၆၀ ကီလိုမီတာတွင် ဖြစ်သည်။ ငလျင်တုန်ခါမှုများကို အိန္ဒိယနိုင်ငံ အရှေ့တောင်ပိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် ထိုင်းနိုင်ငံများကပါ ခံစားခဲ့ရသည်။[၃] ပစိဖိတ်ဆူနာမီသတိပေးစင်တာက အိန္ဒိယ၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံများကို ဆူနာမီစောင့်ကြည့်ရန် အသိပေးချက်ထုတ်ပြန်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ၎င်းအသိပေးချက်ကို အဆင့်မြှင့်တင်ခဲ့သည်။[၄] ပျက်စီးမှုများနှင် ထိခိုက်မှုများ မရှိခဲ့ပေ။ အဆောက်အဦများကို အသေးစားပျက်စီးမှုများသာ ဖြစ်ခဲ့သည်။[၂] ဤငလျင်လှုပ်ခတ်နေသည့် တစ်ချိန်တည်းတွင်ပင် ၂၀၀၉ ရှိဇုအိုကငလျင် သည်လည်း ဂျပန်နိုင်ငံ၊ ဟွန်းရှူးကျွန်းတောင်ဘက်ပိုင်းတွင် လှုပ်ခတ်ခဲ့သည်။ ကိုးကား
|
Portal di Ensiklopedia Dunia