၂၀၁၆ အင်ဖာငလျင် သည် ဇန်နဝါရီလ ၄ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ် အရှေ့မြောက်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့် ပမာဏ ၆.၇ ရှိသည့် ငလျင်တစ်ခု ဖြစ်သည်။ အမြင့်ဆုံး Mercalli ပြင်းအားသည် ၇ (အလွန်ပြင်းထန်) ဖြစ်သည်။[၂] ငလျင်ဗဟိုချက်သည် Tamenglong ခရိုင်၊ အင်ဖာမြို့၏ အနောက်ဘက် ၃၀ ကီလိုမီတာအကွာတွင် ဖြစ်သည်။[၃] လူအနည်းဆုံး ၁၁ ဦးသေဆုံးခဲ့ကာ လူ ၂၀၀ သည်လည်း ထိခိုက်ဒဏ်ရာရခဲ့ကာ အဆောက်အဦများစွာသည် ပျက်စီးခဲ့ရသည်။[၁] ငလျင်လှုပ်ခတ်မှုကို ဘင်္ဂလားဒေ့ရှ်တွင်လည်း ပြင်းထန်စွာ ခံစားခဲ့ရသည်။[၄] အိန္ဒိယနိုင်ငံ အရှေ့ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့တွင်လည်း ငလျင်ဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရသည်။[၅] ငလျင်သည် ဒေသစံတော်ချိန် ဇန်နဝါရီလ ၄ ရက် မနက် ၄ နာရီ ၃၅ မိနစ် (23:05 UTC, 3 January) တွင် လှုပ်ခတ်ခဲ့သည်။ သီးခြားနေရာတစ်ခုကို ဗဟိုပြုခဲ့သည်။ အင်ဖာသည် လူဦးရေ ၂၅၀၀၀၀ ဦးကျော် နေထိုင်လျက်ရှိသည်။[၆] ဤငလျင်သည် မဏိပူရပြည်နယ်တွင် ၁၈၈၀ မှ ၁၉၃၉ အတွင်း လှုပ်ခတ်ခဲ့သည့် ငလျင်များတွင် ပျက်စီးမှုအများဆုံး ဖြစ်ခဲ့သည်။[၅]
ကိုးကား
- ↑ ၁.၀ ၁.၁ ၁.၂ Das၊ Biswajyoti။ "Quake strikes northeast India, Bangladesh; 11 dead, nearly 200 hurt"၊ Reuters၊ 4 January 2016။ 23 October 2018 တွင် ပြန်စစ်ပြီး။ Archived from the original on 18 September 2020။
- ↑ M6.7 - 29km W of Imphal, India။ United States Geological Survey။ 3 January 2015 တွင် ပြန်စစ်ပြီး။
- ↑ Rai Durgesh C., Kaushik Hemant B. and Singha Vaibhav (2017) M 6.7, 4 January 2016 Imphal
earthquake: dismal performance of
publicly-funded buildings; CURRENT SCIENCE, VOL. 113, NO. 12
- ↑ Cardoz, Praveen (12 January 2016). "Improper Before, Inadequate After" 7 October 2018 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး ., The Global Feed.
- ↑ ၅.၀ ၅.၁ Gahalaut, V. K. (2016-10-12). "Seismological, geodetic, macroseismic and historical context of the 2016 Mw 6.7 Tamenglong (Manipur) India earthquake". Tectonophysics 688: 36–48. doi:10.1016/j.tecto.2016.09.017. Bibcode: 2016Tectp.688...36G.
- ↑ Bangladesh Earthquake Warning။ Atn24online။ 6 August 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 July 2016 တွင် ပြန်စစ်ပြီး။
ပြင်ပလင့်များ
|
---|
၂၀ ရာစု အကြို | |
---|
၂၀ ရာစု | |
---|
၂၁ ရာစု | |
---|
ပြတ်ရွေ့ဇုန်များနှင့် ကျောက်ချပ်ထုများ | |
---|