၂၀၁၁ ယူနန်ငလျင်
၂၀၁၁ ယူနန်ငလျင် သည် ပမာဏ ၅.၄ ရှိပြီး ၂၀၁၁ ခုနှစ်၊ မတ်လ ၁၀ရက် 12:58 CST အချိန်တွင် ဖြစ်ပွားခဲ့သည့် ငလျင်တစ်ခု ဖြစ်သည်။ ငလျင်ဗဟိုချက်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ Yingjiang မြို့တွင် ဖြစ်ခဲ့သည်။ ၎င်းနေရာသည် မြန်မာနိုင်ငံနယ်နိမိတ်နှင့် နီးကပ်စွာတည်ရှိသည်။ [၁]လူစုစုပေါင်း ၂၆ ဦး သေဆုံးခဲ့ရပြီး ၃၁၃ ဦးသည် ထိခိုက်ဒဏ်ရာရရှိခဲ့ကြကာ ထိုအထဲမှ ၁၃၃ ဦးသည် အလွန်ပြင်းထန်သည့် အနေအထား ဖြစ်သည်။ တရုတ်စင်ဟွာသတင်းဌာနက မူလငလျင်ကြီးကြီးနောက်တွင် ငလျင်ငယ်များ ၇ ကြိမ် လှုပ်ခတ်ခဲ့ပြီး ၎င်းတို့တွင် အမြင့်ဆုံးငလျင်သည် ပမာဏ ၄.၇ ရှိခဲ့သည်။ ငလျင်ကြောင့် လူပေါင်း ၁၂၇၀၀၀ ဦးသည် အနီးအနားရှိ ကယ်ဆယ်ရေးအဆောက်အဦများသို့ ပြောင်းရွှေ့ခဲ့ရသည်။ [၃]ဤငလျင်မလှုပ်ခတ်မီကပင် အကြိုငလျင်အနေဖြင့် နှစ်လမတိုင်မီကပင် ထိုဒေသ၌ ငလျင်အသေးစားကလေးများသည် ၁၀၀၀ ကျော် လှုပ်ခတ်ခဲ့သည်။ [၄]ပျက်စီးဆုံးရှုံးမှုများကို ကွင်းဆင်းစာရင်းကောက်ပြီးနောက်တွင် လူနေအိမ် ၁၀၃၉ လုံး ပျက်စီးခဲ့ရပြီး ၄၉၉၄ လုံးကျော်သည် ပြင်းထန်စွာ ပျက်စီးခဲ့သည်။[၂] ဤငလျင်သည် ဆူနာမီလှိုင်းများကို ဖြစ်ပေါ်စေခဲ့သည့် ဂျပန်ရှိ ပိုမိုကြီးများသည့် ငလျင်မလှုတ်ခတ်မီ တစ်ရက်စောကာ လှုပ်ခတ်ခဲ့သည်။ ပျက်စီးမှုနှင့် သက်ရောက်မှုများငလျင်ဗဟိုချက်သည် မြို့၏ ဗဟိုမှ ၂ ကီလိုမီတာ (၁.၂ မိုင်) အကွာတွင် တည်ရှိသည်။ ၎င်းမြို့သည် လူဦးရေ ၂၇၀,၀၀၀ ဦးကျော်နေထိုင်လျက်ရှိကာ လူနည်းစုတရုတ်လူမျိုးများစွာတို့ မှီတင်းနေထိုင်လျက်ရှိသည့် နေရာဖြစ်သည်။[၅] နိုင်ငံ၏ သတင်းအေဂျင်စီက အိမ်များနှင့် အဆောက်အဦ ၁၂၀၀ သည် ပျက်စီးခဲ့ရပြီး ၁၇၅၀၀ ပတ်ဝန်းကျင်ခန့်သည် ဆိုးရွားစွာပျက်စီးခဲ့ရသည်။[၃] ငလျင်နှင့် နောက်ဆက်တွဲငလျင်များများကြောင့် ပတ်ဝန်းကျင်ရှိဒေသများတွင်လည်း မီးပြတ်တောက်မှုများ ကြုံတွေ့ခဲ့ရသည်။[၆] မြန်မာနိုင်ငံတွင်မူ ထိခိုက်ပျက်စီးမှုအခြေအနေကိုမူ မသိရှိရပေ။[၆] မီးပြတ်တောက်မှုများကြုံတွေ့ခဲ့ရသော်လည်း တယ်ကီကွန်းဆက်သွယ်ရေးများသည် ငလျင်လှုပ်ခတ်ပြီးနောက်တွင် ဆက်လက်အလုပ်လုပ်ဆောင်ခဲ့သည်။ [၇] လူပေါင်း ၁၂၇,၀၀၀ ဦးနီးပါးကို ငလျင်လှုပ်ခတ်ပြီးနောက်တွင် Yingjiang မြို့မှ ရွှေ့ပြောင်းပေးခဲ့ရသည်။ ၎င်းငလျင်သည် လူပေါင်း ၃၄၄၆၀၀ ဦးအပေါ် သက်ရောက်မှု ရှိခဲ့သည်။[၈] တရုတ်ဗဟိုတယ်လီဗွီးရှင်းက ပျက်စီးနေသည့်အဆော်ကအဦများကို ပြသခဲ့သည်။ ပျက်စီး၍ ပရမ်းပတာဖြစ်နေသည့် လမ်ပေါ်တွင် ရဲဝန်ထမ်းများသည် ယာဉ်သွားလာမှုကို ညွှန်ကြားနေသည်။ [၉]ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပြသည်မှာ "စူပါးမားကတ်အဆောက်အဦတစ်ခုသည် ပြိုလဲသွားခဲ့ပြီး အနီးအနားရှိ အခြားအဆောက်အဦ သုံးခုသည်လည်း ဆိုးရွားစွာပင် ပျက်စီးခဲ့သည်" ဟု ဆိုခဲ့သည်။ ထို့အပြင် "အိမ်တိုင်းနီးပါး၏ နံရံများသည်လည်း ပြိုကျနေသည်" ဟု ဆိုခဲ့သည်။[၆] သေးငယ်သည့် ငလျင်ငယ်များသည် ဤဒေသတွင် နှစ်လကြာ ဆက်လက်ဖြစ်ပွားနေကာ များစွာသောအဆောက်အဦများကို ပျက်စီးစေခဲ့သည်။ ဘူမိသွင်ပြင်ဆိုင်ရာပညာရှင်များက ရှင်းပြသည်မှာ ဤငလျင်၏ ပြင်းအားသည် အဆောက်အဦများကို ပြိုလဲသွားစေရန်အတွက် လုံလောက်ခဲ့သည်ဟု ဆိုခဲ့သည်။[၁၀] တုံ့ပြန်မှုများဖြစ်ပွားသည့်ဒေသသို့ တဲ ၅၀၀၀၊ စောင် ၁၀၀၀၀ စသည်တို့နှင့် ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန်အတွက် အင်အား ၁၀၀၀ နီးပါးကို စေလွှတ်ခဲ့သည်။[၆][၇] မကာအိုကြက်ခြေနီအသင်းက ၂၀၀၀၀၀ RMB ကို ငလျင်လှုပ်ခတ်မှုအတွက် ကယ်ဆယ်ရေးများ လုပ်ဆောင်နိုင်ရန် ပေးအပ်ခဲ့သည်။ [၁၁]စင်ဟွာက ဖော်ပြသည်မှာ ထိုဒေသသည် "ငလျင်ကျရောက်သည့်ခါးပတ်နေရာ" ဟု ဆိုခဲ့သည်။ ထိုဒေသတွင် မကြာသေးသည့်လများက ငလျင်ငယ်ပေါင်း ၁၀၀၀ သည် လှုပ်ခတ်ခဲ့သည်။[၁၂] မီးသတ်သမားများနှင့် အခြားကယ်ဆယ်ရေးသများများသည် မြေအောက်တွင် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေချိန်တွင်လည်း ငလျင်အပြီးများစွာသော ငလျင်များ လှုပ်ခတ်ခဲ့သည်။[၁၃] တရုတ်အစိုးရသည် မတ်လ ၁၁ ရက်နေ့တွင် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ယွမ် ၅၅ သန်းကို သုံးစွဲခဲ့သည်။ ထိုအချိန်တွင်ပင် ငွေကြေးဝန်ကြီးဌာနက အဆောက်အဦပြင်ဆင်ရန်အတွက် ယွမ် သန်း ၅၀ ကို ပေးခဲ့သည်။[၁၄] ငလျင်လှုပ်ခတ်မှုကြောင့် Nujiang မြစ်ချိုင့်ဝှမ်းရှိ ၁၈၉,၀၀၀ ကီလိုဝပ်ထုတ်လုပ်မည့် ရေအားလျှပ်စစ်စီမံကိန်းသည်လည်း ကြန့်ကြာခဲ့သည်။[၁၅] ကိုးကား
|
Portal di Ensiklopedia Dunia