၁၉၇၅ ပုဂံငလျင်
၁၉၇၅ ခုနှစ် ပုဂံငလျင် သည် မြန်မာနိုင်ငံ၊ ပုဂံဒေသတွင် ဒေသစံတော်ချိန် ညနေ ၆နာရီ ၃၄ မိနစ်(12:04 UTC) တွင် လှုပ်ခတ်ခဲ့သည့် ငလျင်တစ်ခု ဖြစ်သည်။ အဓိကအရေးပါသည့် စေတီပုထိုးများစွာ ပျက်စီးခဲ့ရသည်။ အပြင်းဆုံး လှုပ်ခတ်မှုခံခဲ့ရသည့် မြို့များမှာ ညောင်ဦးမြို့၊ ပခုက္ကူမြို့နှင့် ရေစကြိုမြို့နှင့် ဧရာဝတီမြစ်၏ မြစ်ဆုံပေါ်တွင် တည်ရှိသည့် မြိုင်မြို့နယ်တို့ ဖြစ်သည်။ ချောက်မြို့နှင့် နတ်မောက်မြို့တို့တွင်လည်း ပျက်စီးမှုများ ရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။ ၎င်းငလျင်သည် ပြင်းအား Mw 7.0 ရှိသည်။ ငလျင်သည် "အာရှ၏ အနုပညာဆိုင်ရာ အမှတ်အသားလည်းဖြစ် အလယ်ပိုင်းရှိ မြန်မာတို့၏ အမျိုးသားယဉ်ကျေးမှုလည်းဖြစ်သော ပုဂံရှိ စေတီပုထိုးကြီးများစွာကို အစားထိုးမရအောင် ပျက်စီးစေခဲ့သည်။" [၁]မြန်မာနိုင်ငံ၏ ရှေးဟောင်းသုတေသနညွှန်ကြားရေးမှူးချုပ် က သမိုင်းမှတ်တမ်းတွင် လွန်ခဲ့သော နှစ်ကိုးရာခန့်မှ အဆိုးရွားဆုံးငလျင်ဖြစ်ကြောင်း ပြောခဲ့သည်။[၂] ငလျင်ဖြစ်ပွားခဲ့ရသည့် အကြောင်းရင်းမှာမူ ယခုထက်တိုင် အငြင်ပွားဖွယ် ဖြစ်နေရဆဲပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ငလျင်၏ အနက်ကို ၈၄ မှ ၁၅၇ အထိ ဖြစ်နေသောကြောင့် ဖြစ်သည်။ အိန္ဒိယနှင့် မြန်မာတို့၏ မြေမျက်နှာပြင်နှစ်ခုတို့သည် တိုက်မိရာမှ ရွေ့လျားသွားပြီး ဤငလျင်သည် ဖြစ်ခဲ့ရသည်။ ကိုးကား
|
Portal di Ensiklopedia Dunia