စစ်ကိုင်းပြတ်ရွေ့ကြော
စစ်ကိုင်းပြတ်ရွေ့ကြော သည် မြန်မာနိုင်ငံတွင် တည်ရှိသည့် အဓိကပြတ်ရွေ့ကြောတစ်ခု ဖြစ်သည်။ ၎င်းသည် ဆွန်းဒါး(ဆွန်ဒါ) ကျောက်ထုလွှာနှင့် အိန္ဒိယကျောက်ထုလွှာအကြားတွင် ဖြစ်ပေါ်တည်ရှိနေသည့် ပြတ်ရွေ့ကြောဖြစ်သည်။ ၎င်းသည် မန္တလေး၊ ရမည်းသင်း၊ ပျဉ်းမနား၊ နေပြည်တော်၊ တောင်ငူနှင့် ပဲခူးတို့ကို ဖြတ်သန်းလျှက် တည်ရှိကာ အရှည်အားဖြင့် ၁၂၀၀ ကီလိုမီတာ ရှိ၏ ။[၁][၂] ![]() ဘူမိဗေဒဆိုင်ရာ![]() ![]() စစ်ကိုင်းပြတ်ရွေ့ကြောသည် ကပ္ပလီကမ်းလွန်မှ စတင်ခဲ့ကာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသအထိ ဖြစ်သည်။ ဤပြတ်ရွေ့ကြောသည် အရှေ့ဘက်ကပ်လျက်ရှိသော ရှမ်းပြတ်ရွေ့ငယ်နှင့် နှိုင်းစာသော် ၎င်း၏အလျှားတစ်လျှောက်တွင် မြေမျက်နှာသွင်ပြင်အရ တောင်ကုန်း/တောင်တန်း ထူထပ်မှုနည်းသည်။[၃] ရွေ့လျားနှုန်းနှင့် အရွေ့အိန္ဒိယ-ဆွန်းဒါး ကျောက်ချပ်လွှာကြီးနှစ်ခု၏ အကြားရှိ စုစုပေါင်းရွေ့လျားနှုန်းသည် တစ်နှစ်လျှင် ၃၅ မီလီမီတာ ဖြစ်သည်။ ထိုအထဲမှ ၁၈ မီလီမီတာသည် ဂြိုဟ်တုမှ ရရှိသည့်အချက်အလက်များအရ စစ်ကိုင်းပြတ်ရွေ့ကြောတွင် ဖြစ်ပေါ်နေသည်ကို တွေ့ရသည်။[၄] ရေးသားသူအများစုက ပြတ်ရွေ့ကြော၏ အရွေ့သည် ၃၆၀ ကီလိုမီတာမှ ၄၀၀ ကီလိုမီတာအကြား ရှိသည်ဟု ခန့်မှန်းကြသော်လည်း အများဆုံးအရွေ့သည် ၁၀၀ ကီလိုမီတာခန့် ရှိသည်။[၅][၆] ဆက်စပ်ငလျင်များ၂၀ ရာစုအစောပိုင်းတွင် စစ်ကိုင်းပြတ်ရွေ့ကြော၏ အလျားတစ်ဝက်ကျော်သည် ငလျင်များ ဖြစ်ပေါ်စေသည့် အကြောင်းအရင်းများတွင် ပါဝင်ခဲ့သည်။ ၁၉၂၉ ခုနှစ်၊ ဩဂုတ်လ ၈ ရက်ပထမဆုံးလှုပ်ခတ်ခဲ့သည့် ငလျင်သည် နောက်ဆက်တွဲငလျင်ကြီးများကို ဖြစ်ပေါ်စေကာ နေပြည်တော်နှင့် ပဲခူးရိုးမရှိ သရက်မြို့ အရှေ့ဘက်ကို ထိခိုက်ခဲ့သည်။ [၇]ရေရာမှုမရှိသည့် ပြောဆိုချက်များအရ ငလျင်ကြောင့် ငလျင်ဗဟိုချက်၏ မြောက်ဘက် ၁၃၃.၆ ကီလိုမီတာ အကွာတွင် တည်ရှိသည့် ရမည်းသင်းမြို့တွင် အဆောက်အဦများ ယိမ်းယိုင်မှုများ၊ ပျက်စီးမှုများ စသည်တို့ ဖြစ်ခဲ့ရသည်။[၈] ၁၉၃၀ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်ဧရာဝတီတိုင်းတွင် ဖြစ်ပွားခဲ့သည့် ငလျင်ဖြစ်ပြီး လူငါးဆယ်ဦးခန့် သေဆုံးခဲ့သည်။ ဒီငလျင်ဖြစ်စဉ်ကို မှတ်သားထားသည့် ငလျင်ပမာဏသည် မရှိပေ။ ဒီငလျင်ဖြစ်စဉ်ကို ဖော်ပြသည့် ဂျာနယ်များသည် အနည်းငယ်သာ ရှိခဲ့သည်။[၉] ၁၉၃၀ ခုနှစ်၊ မေလ ၅ ရက်မေလ ငါးရက်နေ့ညတွင် ပဲခူးမြို့အနောက်ဘက်တွင် အင်းအား Mw7.5 ပြင်းထန်သည့် လှုပ်ခတ်မှုဖြစ်ပေါ်ခဲ့ကာ ပဲခူးတစ်ဝိုက် သေဆုံးမှုများနှင့် ပျက်စီးမှုများစွာ ဖြစ်ပေါ်စေခဲ့သည်။ ဤငလျင်လှုပ်ခတ်မှုအတွက် အကြိုငလျင်များ လှုပ်ခတ်ခဲ့ခြင်း မရှိပေ။ [၁၀] Rossi-Forel စကေးတိုင်းတာချက်အရ ဤငလျင်၏ အမြင့်ဆုံးပြင်းအားသည် ၉ မှ ၁၀ အထိ ရှိသည်။ ပဲခူးမြို့၊ ရန်ကုန်မြို့နှင့် အခြားမြို့များလည်း ပျက်စီးခဲ့ရသည်။ ပဲခူးမြို့တွင် မီးများသည် ထွက်ပေါ်လာခဲ့ကာ အခြားအရည်များလည်း ပျက်စီးမှုများကြောင့် ထွက်ပေါ်လာခဲ့သည်။ ပဲခူးမြို့တွင် လူပေါင်း ၅၀၀ ခန့် သေဆုံးခဲ့ရပြီး ရန်ကုန်မြို့တွင် လူ ၅၈ ဦး သေဆုံးခဲ့သည်။ အခြားသော ကျေးရွာများတွင်လည်း လူများစွာ သေဆုံးခဲ့ရသည်ဟု မှတ်တမ်းများအရ သိရှိရသည်။ ၎င်းငလျင် လှုပ်ခတ်မှုကြောင့် ကမ်းခြေအနားရှိ ကျေးရွာများတွင် ဆူနာမီအသေးစားများကို ခံစားခဲ့ရသည်။ ဤငလျင်သည် ၁၉၂၉ ခုနှစ်မှ ၁၉၃၁ အထိ လှုပ်ခတ်ခဲ့သည့် ငလျင်များတွင် အသေအပျောက်အများဆုံး ငလျင်ဖြစ်ခဲ့သည်။[၈][၅] ၁၉၃၀ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်ဤငလျင်သည် ဒီဇင်ဘာလ ၃ ရက်နေ့ ညပိုင်းတွင် ဖြစ်ပွားခဲ့သည်။ အလယ်အလတ် အဆင့်ရှိ ငလျင်နှစ်ခု လှုပ်ခတ်ခဲ့ခြင်းဖြစ်ကာ ပထမတစ်ခုသည် ငါးစက္ကန့် ကြာမြင့်ခဲ့ပြီး ပျဉ်းမနားနှင့် ရန်ကုန်မြို့များကပါ လှုပ်ခတ်မှုကို ခံစားခဲ့ရသည်။ နောက်ထပ်တစ်ခုသည် ပထမတစ်ခုထက် ပိုမိုပြင်းထန်သော်လည်း ပထမတစ်ခုကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ခတ်ခဲ့ခြင်း မရှိပေ။[၁၁][၁၂][၁၃] ၁၉၃၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်ဆက်တိုက်လှုပ်ခတ်ခဲ့ရာ အပြင်းဆုံးငလျင်သည် Mw 7.6 ရှိပြီး အင်းတော်ကြီးအနီးသို့ ရိုက်ခတ်ခဲ့သည်။ ငလျင်ကြောင့် မြေပြိုမှုများ၊ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။ ဤငလျင်ကြောင့် လူသေဆုံးထိခိုက်မှုများ မရှိခဲ့ပေ။[၈][၁၄] ၁၉၃၁ ခုနှစ်၊ ဩဂုတ်လ ၁၀ - ၁၉ ရက်ဖြူးမြို့၏ မြောက်ဘက် ၁၄၆.၅ ကီလိုမီတာအကွာတွင် ဖြစ်ပွားခဲ့သည့် ငလျင်ဖြစ်သည်။ ပြင်းအားကိုမူ မသိရှိရပေ။ ငလျင်လှုပ်ခတ်မှုကို မန္တလေးနှင့် သနပ်ပင် မြို့များပါ ခံစားခဲ့ရသည်။[၈] အုတ်ဖြင့် ဆောက်ထားသည့် အဆောက်အဦ ခြောက်ခု ပျက်စီးခဲ့သည်။ ဩဂုတ်လ ၁၉ ရက်နေ့တွင် နောက်ထပ်ငလျင်များ လှုပ်ခတ်ခဲ့ရာ မန္တလေးရှိ အဆောက်အဦများကို ရိုက်ခတ်မှုများ ရှိခဲ့ကာ ကလေမြို့တွင် အနည်းငယ် ခံစားခဲ့ရသည်။[၁၁] ၁၉၃၁ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်ဤငလျင်ကို ဖြူးမြို့တွင် ခံစားခဲ့ရသည်။ ငလျင်ကြောင့် တောင်ငူရှိ ရွှေဆံတော်စေတီတော်သည် ပြိုကျခဲ့ရသည်။[၈] ၁၉၃၂ ခုနှစ်၊ ဇန်နဝါရီလ ၅ - ၁၃ ရက်ငလျင်ငယ်များစွာ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကာ တောင်ငူ၊ ပြွန်တန်ဆာနှင့် နန်းယွန်းမြို့များရှိ လူအများသည် ခံစားခဲ့ရသည်။[၁၁] ၁၉၄၆ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်မန္တလေးမြို့ မြောက်ဘက်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်နှစ်ခု ဖြစ်ကာ တိုင်းတာမှုအရာ ပမာဏ ၈.၀ နှင့် ၇.၈ စီ ရှိကြသည်။ ဤငလျင်များသည် မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် အကြီးဆုံးငလျင်များထဲမှ တစ်ခုလည်း ဖြစ်သည်။ မှတ်တမ်းအားနည်းသဖြင့် ငလျင်နှင့် ပတ်သက်သည့် အချက်အလက်များကို များစွာမသိရပေ။ ၁၉၅၆ ခုနှစ်၊ ဇူလိုင် ၁၆ပြင်းအား ၇.၁ ရှိကာ မန္တလေးမြို့အနီးတွင် ဖြစ်ပွားခဲ့သည်။ လူအနည်းဆုံး ၃၈ ဦး သေဆုံးခဲ့သည်။ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈၂၀၂၅ မြန်မာ (စစ်ကိုင်းငလျင်) ငလျင် သည် ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ မြန်မာ စံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ် ၅၄ စက္ကန့်တွင် မြန်မာနိုင်ငံ စစ်ကိုင်းမြို့နှင့် မန္တလေးမြို့ အနီး၌ ဗဟိုပြု လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇.၇ ရှိငလျင်ဖြစ်သည်။[၁၅]
ဖြစ်ရပ်များသမိုင်းမှတ်တမ်းများကို ပြန်ကြည့်ပါက စစ်ကိုင်းပြတ်ရွေ့ကြော၏ မြောက်ဘက်ဆုံးအပိုင်းတွင် ၁၉၀၆ နှင့် ၁၉၀၈ ခုနှစ်များတွင် လှုပ်ခတ်ခဲ့သည့် ငလျင်များသည် အဓိကငလျင်များ ဖြစ်ခဲ့ကြသည်။[၁၆] ၁၉၀၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့တွင် ပူတာအိုငလျင် လှုပ်ခတ်ခဲ့ကာ ပြင်းအား ၇.၀ ရှိသည်။ ၁၉၀၈ ခုနှစ်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်သည် Mw 7.5 ရှိသည်။ [၁၇][၁၈]၁၉၀၈ ခုနှစ်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်သည် တောင်ဘက်အပိုင်းတွင်ပါ လှုပ်ခတ်မှုကို ခံစားခဲ့ကြရသည်။ ၎င်းနေရာတွင်သည် ၁၉၃၁ ခုနှစ်ငလျင် လှုပ်ခတ်ခဲ့သည့် နေရာပင် ဖြစ်ခဲ့သည်။ ထိုနည်းတူစွာပင် ၁၉၄၆ ခုနှစ်တွင် လှုပ်ခတ်ခဲ့သည့်င ငလျင်ကြောင့် ၁၉၃၁ ခုနှစ်တွင် လှုပ်ခတ်ခဲ့သည့် နေရာများကို ထိခိုက်ခဲ့သည်။ ပထမဆုံး အဓိကလှုပ်ခါမှုသည် ၁၉၄၆ ခုနှစ်တွင် နှစ်ကြိမ်ဆက်လှုပ်ရှားမှု ဖြစ်ပွားခဲ့ကာ နောက်ထပ် အဓိကလှုပ်ခတ်မှုသည် ပြတ်ရွေ့ကြော၏ တင်းအားအခြေအနေကြောင့် ဖြစ်ခဲ့ရသည်။ ၁၀ နှစ်ကြာမြင့်ပြီးနောက်တွင် မန္တလေးမြို့အနီးတွင် Mw 7.1 ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူအနည်းဆုံး ၄၀ ဦး သေဆုံးခဲ့သည်။ ငလျင်ကြောင့် ၁၉၄၆ ခုနှစ်တွင် ပျက်စီးခဲ့သည့် တောင်ဘက်ပိုင်းကို ကျိုးပျက်ထိခိုက်စေခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ၁၉၄၆ Mw 7.0 ငလျင်နှစ်ခုအကြား ဖြစ်ပေါ်လာခဲ့သည့် ငလျင်အသေးစားတစ်ခုကြောင့် လူနှစ်ဦး သေဆုံးခဲ့သည်။[၁၉] ၁၉၃၀ ခုနှစ် မေလနှင့် ဒီဇင်ဘာလတွင် ပြတ်ရွေ့ကြော၏ လှုပ်ရှားမှုများကြောင့် ငလျင်များ ဖြစ်ပေါ်ခဲ့သော်လည်း ၎င်းငလျင်များသည် တစ်ခုနှင့်တစ်ခု ဆက်စပ်မှု မရှိဘဲ မြောက်ပိုင်းတွင် သီးခြားဖြစ်ပေါ်ခဲ့သည့် ငလျင်များဖြစ်သည်။ ၁၉၃၀ ခုနှစ်၊ ဒီဇင်ဘာလ ငလျင်သည် မေလတွင် ဖြစ်ပေါ်ခဲ့သည့် ငလျင်၏ ရွေ့လျားမှုကြောင့် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။[၁၆] အခြားငလျင်များ
ကိုးကား
ပြင်ပလင့်များ
|
Portal di Ensiklopedia Dunia