ကျော်မျိုးထွဋ်
ဦးကျော်မျိုးထွဋ် (၁၉၆၀ ဖွား) သည် တပ်မတော်သားဘဝ မှ သံအမတ် ဖြစ်လာသူဖြစ်ပြီး အင်္ဂလန်၊အမေရိကန် နှင့် ကနေဒါ နိုင်ငံ တို့တွင် မြန်မာသံအမတ်ကြီး တာဝန် များ ထမ်းဆောင်ခဲ့သူဖြစ်သည်။သူသည် ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားရေး ဒုတိယဝန်ကြီး အဖြစ် ခန့်အပ်ခံရသည်။ ထိုတာဝန်အား ၃နှစ် နီးပါးထမ်းဆောင်ရပြီး လက်ရှိတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ တွင် အဖွဲ့ဝင်အဖြစ် ထမ်းဆောင်နေသည်။ ပညာရေးသူသည် စစ်တက္ကသိုလ် အမှတ်စဉ်(၂၂)ကို တက်ရောက်ခဲ့သူဖြစ်သည်။ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် အမှတ်စဉ် တူသည်။ အလုပ်အကိုင်သူသည် ၁၉၈၁ ခုနှစ်က စပြီး စစ်မှုထမ်းရင်း ဘဝအား ဖြတ်သန်း ခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် မှ နေ၍ ကာကွယ်ရေးဘာသာရပ် ဖြင့် မဟာဘွဲ့ ဘွဲ့ရရှိခဲ့သည်။ဦးကျော်မျိုးထွဋ် သည် ဗိုလ်မှူးကြီး အဆင့် အထိ တပ်မတော် တွင် တာဝန်ထမ်းရာ မှ ၂၀၀၈ ခုနှစ် တွင် တပ်မှ ထွက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန သို့ အရပ်သားအနေဖြင့် ကူးပြောင်းဝင်ရောက်သည်။ ယင်းနောက် ဂျီနီဗာမြို့ ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ ရုံးတွင် သံအမတ် ( ဒုတိယအမြဲတမ်း ကိုယ်စားလှယ်) အဖြစ် စေလွှတ်ခံရသည်။[၃] ထိုတာဝန် အား ၂၀၁၁ ခုနှစ် မတိုင်ခင် အထိ တာဝန်ထမ်းသည်။၂၀၁၁ ခုနှစ်တွင် ဗြိတိန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး အဖြစ် ခန့်အပ်ခံရသည်။ထိုတာဝန် အပြင် ဆွီဒင် နှင့် နော်ဝေနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ပူးတွဲ ထမ်းဆောင်သည်။၂၀၁၃ ခုနှစ် တွင် သူ့ကို သမ္မတဦးသိန်းစိန် က အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး အဖြစ် ခန့်အပ်သည်။[၄] [၅]၂၀၁၆ ခုနှစ် တွင် သမ္မတဦးထင်ကျော် က ၎င်းအား ကနေဒါနိုင်ငံ ဆိုင်ရာ သံအမတ်ကြီး အဖြစ် ဆက်လက် တာဝန်ပေးသည်။ [၆] ထိုတာဝန် အား ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာ ၉ ရက်အထိ တာဝန်ထမ်း ကာ သက်ပြည့် အငြိမ်းစားယူသည်။[၇]
နိုင်ငံခြားရေးဒုဝန်ကြီးဖြစ်လာပုံ၂၀၂၁ စစ်အာဏာသိမ်းပြီး နောက် သူ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီး အဖြစ် တာဝန်ပေးသည်။[၈] ထို တာဝန်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ တာဝန် ထမ်းခဲ့ပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့ ၏ အဖွဲ့ဝင် အဖြစ် ထိုနေ့တွင် ပင် ပြောင်းလဲ ခန့်အပ်ခံရသည်။[၉] မိသားစုဘဝသူသည် ဇနီးဖြစ်သူ ဒေါ်ခင်မြင့်ကြည် နှင့် အိမ်ထောင်ကျပြီး သမီးတစ်ဦး ထွန်းကားသည်။
ကိုးကား
|
Portal di Ensiklopedia Dunia