ဆော်ဒီအာရေးဘီးယား-မြန်မာ ဆက်ဆံရေး
ဆော်ဒီအာရေးဘီးယား-မြန်မာ ဆက်ဆံရေး သည် မြန်မာနိုင်ငံနှင့် ဆော်ဒီအာရေးဘီးယားနိုင်ငံတို့အကြား နှစ်နိုင်ငံ ဆက်ဆံရေး ဖြစ်သည်။ မြန်မာနိုင်ငံသည် ရီယာ့ဒ်မြို့တွင် သံရုံးဖွင့်လှစ်ထားပြီး ဆော်ဒီအာရေးဘီးယားနိုင်ငံသည် ရန်ကုန်မြို့တွင် သံရုံးဖွင့လှစ်ထားသည်။ သမိုင်းကြောင်းဆော်ဒီအာရေးဘီးယားနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ၂၀၀၄ ခုနှစ်တွင် ဆက်ဆံရေး စတင်ခဲ့သည်။[၁] ၂၀၁၂ ခုနှစ်တွင် မြန်မာအစိုးရသည် ရိုဟင်ဂျာလူမျိုးများအား ဖြိုခွင်းခဲ့ရာမှ ဆော်ဒီအာရေးဘီးယားနှင့် မြန်မာတို့အကြား ဆက်ဆံရေးမှာ သတိပြုစရာ ဖြစ်လာခဲ့သည်။ ဆော်ဒီအာရေးဘီးယားသည် မြန်မာအား ပြစ်တင်ရှုံ့ချခြင်းမှ ရှောင်ကြဉ်ခဲ့သည်။[၂][၃] သို့သော်လည်း ရိုဟင်ဂျာလူထုအား ညှင်းပန်းနှိပ်စက်ခြင်းအပေါ် မြန်မာနိုင်ငံအား ဆော်ဒီအာရေးဘီးယားက ဝေဖန်မှုများ ပြုလုပ်ခဲ့ပြီး အကူအညီများ ပေးခဲ့သည်။[၄][၅] ၂၀၀၉ ခုနှစ်မှ စတင်ကာ ရိုဟင်ဂျာ ၂၅၀,၀၀၀ ဦးနှင့် အခြားသော မြန်မာမွတ်စ်လင်မ်များအား လက်ခံရန် ဆော်ဒီအာရေးဘီးယားက သဘောတူညီခဲ့သည်။[၄] ၂၀၁၅ ခုနှစ်တွင် ဆော်ဒီဘုရင် အဘဒူလာကွယ်လွန်ပြီးနောက် ဘုရင်ဆယ်လမန် သည် ၂၀၁၉ ခုနှစ်တွင် ရိုဟင်ဂျာ ၃,၀၀၀ အား မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်မပို့မီ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။[၄][၆] ၂၀၂၀ ပြည့်နှစ်တွင် ဆော်ဒီအာရေးဘီးယားသည် မြန်မာမွတ်စ်လင်မ် ၁၉၀,၀၀၀ အား နေထိုင်ရေးနှင့် ကယ်ဆယ်ရေးများပြုလုပ်ပေးခဲ့ကာ အခြားသော ရိုဟင်ဂျာဒုက္ခသည်များအား ပြည်နှင်ဒဏ်ပေးခဲ့သဖြင့် ဆော်ဒီအာရေးဘီးယားနိုင်ငံ၏ ရိုဟင်ဂျာများအပေါ် ဆက်ဆံရေးသည် ပဋိပက္ခဖြစ်ခဲ့ရသည်။[၇][၈] ဆော်ဒီအာရေဗျရှိ မြန်မာမွတ်စ်လင်မ်များသည် နိုင်ငံအတွင်း ပေါင်းစည်းကြပြီး အများစုမှာ အာရဗီ ဘာသာစကားကို ပြောဆိုကြသည်။ အစိုးရသည် မြန်မာပြည်သူလူထုကို ပိုမိုပေါင်းစည်းနိုင်စေရန် နေထိုင်ရေးပြဿနာများကို ကိုင်တွယ်ဖြေရှင်းခဲ့သည်။[၉] ကိုးကား
ပြင်ပလင့်ခ်များ |
Portal di Ensiklopedia Dunia