တွန်းဇံမြို့နယ်
တွန်းဇံမြို့နယ် သည် မြန်မာနိုင်ငံ၊ ချင်းပြည်နယ် တီးတိန်ခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခု ဖြစ်သည်။[၂] မြို့နယ်ရုံးစိုက်ရာမြို့မှာ တွန်းဇံမြို့ ဖြစ်သည်။ သမိုင်းကြောင်း၁၈၇၀ ခုနှစ်တွင် ကမ်းဟောက်နယ်စား ပူခေါကျင့် လက်ထက်တွင် ခေါဝုန်အရပ်တွင် အိမ်ခြေ ၃၀ ခန့်ရှိသောရွာအဖြစ် နေလာခဲ့ပြီး တွန်းဇံရွာဟု အမည်ပေးခဲ့သည်။ တွန်းဇံမှ 'တွန်း'ဆိုသည် မှာ အတူတကွသွားလာနေထိုင်ခြင်း၊ 'ဇံ'ဆိုသည်မှာ အခြေစိုက်နေထိုင်ခဲ့သောအရပ်ဟု အဓိပ္ပာယ်ရသည်။ ၁၉၂၀ ခုနှစ်တွင် ကမ်းဟောက်နယ်စား ပူကျင့်ဟောက်ခုပ် လက်ထက်တွင် တွန်းဇံရွာကို ယခင်နေရာမှ ခွောင်ခန့်အရပ်သို့ ပြောင်းစေခဲ့ပြီး တွန်းဇံဟုပင်ခေါ်စေခဲ့သည်။ ၁၉၆၅ ခုနှစ် ဒီဇင်ဘာ၂၀ ရက်နေ့တွင် မြို့ပိုင်ရုံးဖွင့်လှစ်ခဲ့ပြီး ၁၉၇၂ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့တွင် ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာနမှ တွန်းဇံမြို့နယ်ကို သတ်မှတ်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ထုတ်ပြန်သော ပြည်ထဲရေးဝန်ကြီးဌာန၏စာရင်းအရ တွန်းဇံမြို့နယ်ရှိ တွန်းဇံမြို့တွင် ရပ်ကွက်(၂)ခု၊ ကျေးရွာအုပ်စု (၃၁)ခု၊ ကျေးရွာ (၉၁)ရွာ၊ ကျီခါးမြို့တွင် ရပ်ကွက်(၂)ခုတို့ဖြင့် ဖွဲ့စည်းထားသည်။[၃] ပထဝီဝင်အနေအထားမြောက်လတ္တီတွဒ် ၂၃ ဒီဂရီ ၃၀ မိနစ်နှင့် ၂၄ ဒီဂရီအကြား၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၂၀ မိနစ်နှင့် ၉၄ ဒီဂရီ ၁၀ မိနစ်အကြားတွင် တည်ရှိသည်။ ဧရိယာစတုရန်းမိုင်ပေါင်း ၁၃၆၀.၃၅၆ စတုရန်းမိုင် ကျယ်ဝန်းသည်။[၃] နယ်နိမိတ်တွန်းဇံမြို့နယ်၏ အရှေ့ဘက်တွင် စစ်ကိုင်းတိုင်းဒေသကြီးရှိ ကလေးမြို့နယ်နှင့် တမူးမြို့နယ်၊ တောင်ဘက်တွင် တီးတိန်မြို့နယ်၊ အနောက်ဘက်တွင် အိန္ဒိယနိုင်ငံရှိ မိဇိုရမ်ပြည်နယ်၊ မြောက်ဘက်တွင် အိန္ဒိယနိုင်ငံရှိ မဏိပူရပြည်နယ်များ တည်ရှိသည်။ မြေမျက်နှာသွင်ပြင်ပင်လယ်ရေမျက်နှာပြင်အထက် ပျှမ်းမျှ ၄၇၄၀ ပေအထက်တွင် တည်ရှိသည်။ တောင်ကုန်းတောင်တန်းပေါများပြီး အရှေ့ဘက် နတ်မြောင်းကြိုးဝိုင်းတွင် မြေပြန့်အနည်းငယ်ရှိသည်။ မဏိပူရမြစ်သည် မြို့နယ်အတွင်း မြောက်မှတောင်သို့ စီးဆင်းနေသည်။ လူဦးရေတွန်းဇံမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ချင်းလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ဗမာ၊ ရခိုင်၊ ကချင်နှင့် ရှမ်းလူမျိုးများ အစဉ်လိုက်များပြားစွာ နေကြသည်။ ကိုးကွယ်မှုအနေဖြင့် ခရစ်ယာန်ဘာသာကို အများဆုံး ကိုးကွယ်ကာ ဗုဒ္ဓဘာသာကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။ စီးပွားရေးတွန်းဇံမြို့နယ်သည် ချင်းပြည်နယ်အတွင်းရှိ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမရှိသော မြို့နယ်ဖြစ်သည်။ မြို့နယ်နေလူထုသည် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြကာ စိုက်ပျိုးရေးနှင့်မွေးမြူရေးကို တစ်ပိုင်တစ်နိုင် လုပ်ကိုင်သည့် အခြေအနေဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေးတွန်းဇံမြို့နယ်သည် ကုန်းလမ်းကြောင်းသာတည်ရှိပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည်။ ယာယီရဟတ်ယာဉ်ကွင်း ၂ ကွင်းရှိသည်။ ကလေးမြို့နှင့် ခရီးသည်တင်ယာဉ်လိုင်းများရှိသည်။ ပညာရေးအခြေခံပညာအထကအထက်တန်းကျောင်း ၆ကျောင်းရှိသည်။
အထက(ခွဲ)/အလက
အမကမူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၇၆ကျောင်းရှိသည်။ ကျန်းမာရေးဆေးရုံများ
ကိုးကား
ပြင်ပလင့်ခ်များ
|
Portal di Ensiklopedia Dunia