ပလက်ဝမြို့နယ်
ပလက်ဝမြို့နယ် သည် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ ပလက်ဝခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံ၏ အနောက်ဘက်အကျဆုံး မြို့နယ်များအနက် တစ်ခုဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ၁၈ ကီလိုမီတာအကွာတွင် တည်ရှိသည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ ပလက်ဝမြို့ ဖြစ်သည်။ ဗြိတိသျှများ အုပ်ချုပ်စဉ်အခါနှင့် ဦးနုလက်ထက်က ပလက်ဝမြို့နယ်သည် နယ်နိမိတ်အရ ရခိုင်တောင်တန်းနဲ့အတူအုပ်ချုပ် ခဲ့သော်လည်း ဦးနေဝင်းလက်ထက်တွင်ပလက်ဝပြည်သူဆန္ဒအရ ချင်းပြည်နယ်တွင်ပြန်လည် ပါဝင်ခဲ့သည်။ သမိုင်းကြောင်းပလက်ဝမြို့နယ်သည် ချင်းရေးရာဝန်ကြီးဌာန၏ ၁၉၆၀ခုနှစ် စက်တင်ဘာ၁၂ရက်နေ့ရက်စွဲပါ အမိန့်ဖြင့် ပလက်ဝမြို့နယ်ဟု စတင်ခေါ်ဆောင်ခဲ့သည်။၁၈၂၆ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး ရခိုင်ဒေသကို အရှေ့အိန္ဒိယကုမ္ပဏီက သိမ်းယူပြီးနောက် ရခိုင်တိုင်း၊စစ်တွေခရိုင်၌ ပါဝင်ခဲ့သည်။ သို့သော်မြို့နယ်တစ်ခုလုံးကို မအုပ်ချုပ်နိုင်ခဲ့ပေ။ အုပ်ချုပ်မှုလွယ်ကူစေရန် ၁၈၆၅ခုနှစ်တွင် စစ်တွေခရိုင်မှခွဲထုတ်၍ ရခိုင်မြောက်ပိုင်းနယ်မြေများ ခရိုင်အဖြစ်ဖွဲ့စည်းရာတွင် ပါဝင်ခဲ့သည်။ ခရိုင်ရုံးစိုက်ရာ နေရာမှ စစ်တွေမြို့မှ၈၆မိုင်ဝေးသည့် မျောက်တောင်ရွာ(ယခုကျောက်တော်မြို့နယ်အတွင်း)တွင်ဖြစ်ပြီး မြို့နယ်အတွင်းရှိ ချင်းများသည် အစိုးရအား အကြိမ်ကြိမ်ဆန့်ကျင်သဖြင့် မျောက်တောင်ရွာမှ၂၄မိုင်အကွာ ပလက်ဝရွာသို့ ရုံးပြောင်းရာမှ မြို့ဖြစ်လာခဲ့သည်။ ကုလားတန်မြစ်၏ အရှေ့ဘက်မြစ်လက်တက် ပလက်ချောင်းဝတွင် တည်ရှိ၍ ပလက်ဝဟု အဆင့်ဆင့်ပြောင်းလဲခေါ်ဝေါ်ခဲ့ကြသည်။[၂] ယခင်က မင်းတပ်ခရိုင်တွင် မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ်၊ မတူပီမြို့နယ်နှင့် ပလက်ဝမြို့နယ်တို့ဖြင့် ဖွဲ့စည်းထားခဲ့သည်။ ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း ပလက်ဝမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ ပလက်ဝမြို့နယ်အား ခရိုင်အဆင့်တိုးမြှင့်ရန် အစီအစဉ်ရှိမရှိ မေးမြန်းခဲ့သည်။ ထိုအကြောင်းကို ပြည်ထောင်စုလွှတ်တော်မှ ပြည်နယ်အစိုးရအား သဘောထားတောင်းခံသည်။ သို့သော် ပြည်နယ်လွှတ်တော်တွင် ပလက်ဝကို ခရိုင်အဆင့်မြှင့်ရန် သင့်မသင့် မဆွေးနွေးဘဲ မတူပီနှင့် ပလက်ဝမြို့နယ်များအနက် မည်သည့်မြို့နယ်ကို ခရိုင်အဆင့်မြှင့်ရန် မဲခွဲဆုံးဖြတ်ရာ မတူပီမှ ၁၁ မဲ၊ ပလက်ဝမှ ၉ မဲရရှိခဲ့သည်။ နိုင်ငံတော်သမ္မတရုံးမှ ၂၀၁၇ ခုနှစ် ဇွန်လတွင် မင်းတပ်ခရိုင်ကို မူလ ၄ မြို့နယ်မှ မင်းတပ်မြို့နယ်နှင့် ကန်ပလက်မြို့နယ်တို့ ပါဝင်သော မင်းတပ်ခရိုင်၊ မတူပီမြို့နယ်နှင့် ပလက်ဝမြို့နယ်တို့ပါဝင်သော မတူပီခရိုင်အဖြစ် ခရိုင်(၂)ခုပြောင်းလဲဖွဲ့စည်းခြင်းကို မှတ်တမ်းတင်ရန် ပြည်ထောင်စုလွှတ်တော်ထံသို့ အကြောင်းကြားခဲ့သည်။ ထို့ကြောင့် ပလက်ဝမြို့နယ်ကို မင်းတပ်ခရိုင်မှ မတူပီခရိုင်သို့ ပြောင်းလဲဖွဲ့စည်းခဲ့သည်။[၃][၄][၅] ပထဝီဝင်အနေအထားမြောက်လတ္တီတွဒ် ၂၀ ဒီဂရီ ၄၅ မိနစ်နှင့် ၂၂ ဒီဂရီ ၉ မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၃၀ မိနစ်နှင့် ၉၃ ဒီဂရီ ၄၀ မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ ၅၉.၂မိုင်၊ တောင်မှမြောက်သို့ ၉၈.၄ မိုင်ရှိပြီး ၃၁၂၇.၀၄ စတုရန်းမိုင် ကျယ်ဝန်းသည်။[၂] နယ်နိမိတ်ပလက်ဝမြို့နယ်၏ အရှေ့ဘက်တွင် ကန်ပက်လက်မြို့နယ်နှင့် မတူပီမြို့နယ်၊ တောင်ဘက်တွင် တောင်ဘက်တွင် ရခိုင်ပြည်နယ်ရှိ ကျောက်တော်မြို့နယ်၊မြောက်ဦးမြို့နယ်နှင့် မင်းပြားမြို့နယ်၊ အနောက်ဘက်တွင် ဘင်္ဂလားဒေရှ့်နိုင်ငံရှိ ဘန်ဒါဘန်ခရိုင်နှင့် ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်မြို့နယ်၊ မြောက်ဘက်တွင် အိန္ဒိယနိုင်ငံရှိ မီဇိုရမ်ပြည်နယ်များ တည်ရှိသည်။ မြေမျက်နှာသွင်ပြင်ပင်လယ်ရေမျက်နှာပြင်အထက် ပျှမ်းမျှ ၂၄၀ ပေအထက်တွင် တည်ရှိသည်။ မြို့နယ်အတွင်း တောင်ကုန်းများပေါများသည်။ တစ်မြို့နယ်လုံးတွင် ပြန့်ကျဲစွာတည်ရှိနေသော တောင်ကုန်း၊တောင်စွယ်များမှာ မတ်စောက်ပြီး အောက်ခြေတွင် မြေပန့်လွင်ပြင်ငယ်များတည်ရှိသည်။ ပလက်ဝမြို့နယ်သည် မြစ်ချောင်းများပေါများပြီး ကုလားတန်မြစ်နှင့် လေးမြို့မြစ်များမှာထင်ရှားသည်။ လူဦးရေပလက်ဝမြို့နယ်တွင်ခူမီး၊ ခေါင်စို၊ အနူး၊ မာရာ၊လိခဲမ်၊စသောချင်းမျိုးနွယ်စုများနေထိုင်ကြသည်။ ပလက်ဝမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ချင်းလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ရခိုင်၊ဗမာ၊မွန်၊ရှမ်း၊ကချင်နှင့် ကရင်လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ခရစ်ယာန်ဘာသာကို အများဆုံး ကိုးကွယ်ကာ ဗုဒ္ဓဘာသာ၊ဟိန္ဒူ၊အစ္စလာမ်နှင့် အခြားကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။ မြို့နယ်လူဦးရေ၏ ၀.၁၄၈%မှာ အခြားသောနိုင်ငံခြားမျိုးနွယ်ဝင်များဖြစ်ကြသည့် ဘင်္ဂလားဒေရှ့်၊အိန္ဒိယနှင့် မရာမာကြီးလူမျိုးများဖြစ်သည်။[၂] စီးပွားရေးပလက်ဝမြို့နယ်သည် ချင်းပြည်နယ်အတွင်းရှိ စီးပွားရေးတိုးတက်မှုနှေးကွေးသော မြို့နယ်ဖြစ်သည်။ မြို့နယ်နေလူထုသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြသည်။ မြို့နယ်၏ အဓိကထွက်ကုန်မှာ နှမ်း၊မြေပဲ၊ဂမုန်းနှင့် ချင်းတို့ဖြစ်ပြီး ရခိုင်ပြည်နယ်မှတစ်ဆင့် မန္တလေးတိုင်းသို့ အများဆုံးတင်ပို့ရောင်းချသည်။ မြို့နယ်အတွင်း အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ၉၁ခုရှိသည်။ ဈေးများ
ပို့ဆောင်ဆက်သွယ်ရေးပလက်ဝမြို့နယ်သည် ရေလမ်းခရီးကိုသာ အဓိကထား၍အသုံးပြုရသည်။ ပညာရေးအခြေခံပညာအထကအထက်တန်းကျောင်း ၈ကျောင်းရှိသည်။
အထက(ခွဲ)/အလက
*အလက (ထ(ခွဲ)) ပေါင်းမိုဝ
*အလက အောက်သဲမဝ
အမကမူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၁၇၀ကျောင်းရှိသည်။ ကျန်းမာရေးဆေးရုံများ
ကိုးကား
|
Portal di Ensiklopedia Dunia