မင်းတပ်မြို့နယ်

မင်းတပ်မြို့နယ်
ချင်းပြည်နယ်အတွင်းရှိ မြို့နယ်
မင်းတပ်ခရိုင်အတွင်းတည်နေရာ (အနီ)
မင်းတပ်ခရိုင်အတွင်းတည်နေရာ (အနီ)
မင်းတပ်မြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မင်းတပ်မြို့နယ်
မင်းတပ်မြို့နယ်
မင်းတပ်ခရိုင်အတွင်းတည်နေရာ (အနီ)
ကိုဩဒိနိတ်: 21°20′N 93°15′E / 21.333°N 93.250°E / 21.333; 93.250ကိုဩဒိနိတ်: 21°20′N 93°15′E / 21.333°N 93.250°E / 21.333; 93.250
နိုင်ငံ မြန်မာ
ပြည်နယ် ချင်း
ခရိုင်မင်းတပ်
အုပ်ချုပ်ရေးရုံးစိုက်ရာမြို့မင်းတပ်မြို့
လူဦးရေ (၂၀၁၄)
 • စုစုပေါင်း၄၂,၆၀၀[]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

မင်းတပ်မြို့နယ် သည် မြန်မာနိုင်ငံချင်းပြည်နယ်‌မင်းတပ်ခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခုဖြစ်သည်။[] မြို့နယ်ရုံးစိုက်ရာမြို့မှာ မင်းတပ်မြို့ဖြစ်သည်။[]

သမိုင်းကြောင်း

မင်းတပ်မြို့ကို ယခင်က မင်းတဲမြို့ဟုခေါ်ဆိုခဲ့သည်။ နှစ်ကာလကြာသောအခါ မင်းတဲမြို့မှ မင်းတပ်မြို့ဖြစ်လာခဲ့သည်။မင်းတပ်ဟူသော အမည်၏ ဇာစ်မြစ်နှင့် စပ်လျဉ်း၍ ဝိဝါဒကွဲလျက်ရှိသည်။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း မင်းတုန်းမင်းနှင့် သီပေါမင်းများလက်ထက်တွင် သက်ဆိုင်ရာ မြို့ဝန်များနှင့် ချင်းခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးရာနှင့် အခွန်ဘဏ္ဍာတော်များဆက်ရာ စခန်းအဖြစ် တည်ရှိခဲ့စဉ်က မြို့ဝန်များ ခေတ္တတည်းခိုရန် ဆောက်လုပ်ထားသော မင်းတဲကို အစွဲပြု၍ မင်းတဲစခန်းဟု ခေါ်ဝေါ်သည်။ ထို့ပြင် ဤစခန်းသို့ ဘုရင့်ကိုယ်စားလှယ်တော်ကြီးများ တက်လာသည်ကို အစွဲပြု၍ မင်းတက်စခန်းဟုလည်း ခေါ်သည်။ မြန်မာသံ 'တက်' ကို ယောသံ'တပ်' ဟု အသံထွက်သောကြောင့် ယောသံသို့ လိုက်၍ 'မင်းတက်' မှ 'မင်းတပ်' ဖြစ်လာသည်ဟု ဆိုကြသည်။ ချင်းရေးရာဝန်ကြီး၏ ၁၉၆၀ ခုနှစ် မေလ ၂၀ ရက်နေ့ပါ အမိန့်ဖြင့် မင်းတပ်မြို့အဖြစ် သတ်မှတ်ခဲ့သည်။[]မင်းတပ်မြို့နယ်တွင် ကျေးရွာအုပ်စု ၄၆ ခုနှင့် ကျေးရွာပေါင်း ၄၉၇ ရွာ ပါဝင်သည်။[]

စစ်အုပ်ချုပ်ရေးနယ်မြေ

၂၀၂၁ ခုနှစ် မေလ ၁၂ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (စစ်ကောင်စီ) က မင်းတပ်မြို့နယ် တစ်ခုလုံးကို စစ်အုပ်ချုပ်ရေး (Martial Law) အမိန့် ကြေညာခဲ့သည်။ ဤကြေညာချက်သည် မေလဆန်းပိုင်းက မင်းတပ်မြို့နယ်၌ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များအကြား ပထမဆုံးအကြိမ် အကြီးစားတိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီ၏ တပ်အင်အားဖြည့်တင်းမှုနှင့် စစ်ရေးလှုပ်ရှားမှုများ ပိုမိုပြင်းထန်လာခဲ့ပြီး ဒေသခံပြည်သူများ၏ လုံခြုံရေးနှင့် သွားလာလှုပ်ရှားမှုများအပေါ် ကြီးမားသော သက်ရောက်မှုများ ရှိခဲ့သည်။[]

ပထဝီဝင်အနေအထား

မြောက်လတ္တီတွဒ် ၂၀ ဒီဂရီ ၁၉ မိနစ်နှင့် ၂၁ ဒီဂရီ ၄၀ မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၂၃ မိနစ်နှင့် ၉၄ ဒီဂရီ ၁၆ မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ ၃၃ မိုင်၊ တောင်မှမြောက်သို့ ၃၇ မိုင်ရှိပြီး ၁၂၁၉.၈၆ စတုရန်းမိုင် ကျယ်ဝန်းသည်။[]

နယ်နိမိတ်

မင်းတပ်မြို့နယ်၏ အရှေ့ဘက်တွင် မကွေးတိုင်းဒေသကြီးရှိ ထီးလင်းမြို့နယ်နှင့် ဆောမြို့နယ်၊ တောင်ဘက်တွင် ကန်ပက်လက်မြို့နယ်၊ အနောက်ဘက်တွင် မတူပီမြို့နယ်နှင့် ပလက်ဝမြို့နယ်၊ မြောက်ဘက်တွင် မတူပီမြို့နယ်များ တည်ရှိသည်။

မြေမျက်နှာသွင်ပြင်

ပင်လယ်ရေမျက်နှာပြင်အထက် ၄၈၆၀ ပေအထက်တွင် တည်ရှိသည်။ တောင်ထူထပ်၍ အမြဲစိမ်းသစ်တောများပေါက်ရောက်ကာ မြေပြန့်လွင်ပြင် နည်းပါးသည်။ မုန်းချောင်း၊ ယောချောင်းနှင့် ချီချောင်းတို့သည် အရှေ့မှအနောက်သို့ စီးဆင်းနေသည်။

လူဦးရေ

မင်းတပ်မြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ချင်းလူမျိုးများ အများဆုံးနေထိုင်ကြသည်။မင်းတပ်မြို့နယ်တွင် အခြေပြုနေထိုင်သော ဒိုင် မကာဏ်း နှင့် မွိုင်း တို့ဖြစ်ကြသည်။ ထို့နောက် ဗမာ၊ ကရင်၊ မွန်၊ ရခိုင်၊ ကယား၊ ကချင်နှင့် ရှမ်းလူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ခရစ်ယာန်ဘာသာကို အများဆုံး ကိုးကွယ်ကာ ဗုဒ္ဓဘာသာနှင့် အခြားကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။

စီးပွားရေး

မင်းတပ်မြို့နယ်သည် ချင်းပြည်နယ်အတွင်းရှိ စီးပွားရေးဖွံ့ဖြိုးမှု နောက်ကျသော မြို့နယ်ဖြစ်သည်။ မြို့နယ်နေလူထုသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြသည်။ မြို့နယ်၏ အဓိကထွက်ကုန်မှာ ဝဥနှင့် လက်ဖက်ဖြစ်ပြီး ပခုက္ကူနှင့် မန္တလေးဒေသများသို့ အများဆုံးတင်ပို့ရောင်းချသည်။ ထိုဒေသများမှ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ပြန်လည်တင်သွင်းသည်။ မြို့နယ်အတွင်း အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ၉ ခုတည်ရှိသည်။

ဈေးများ

  • မင်းတပ်ဈေး ။ယခင် အစိုးရခေတ်အဆက်ဆက်တွင် မင်းတပ်မြို့တွင်းဍ် ရပ်ကွပ်ဈေးသာသာခန့်ရှိသော ဟင်းသီးဟင်းရွက်များလဲ ဈေးတစ်ခုသာရှိသည်

လမ်းပန်းဆက်သွယ်ရေး

မင်းတပ်မြို့နယ်သည် ပခုက္ကူနှင့် မန္တလေးမြို့များသို့ ကုန်းလမ်းဖြင့် သွားလာနိုင်ပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည်။သို့သော် လမ်းပန်းဆက်သွယ်ရေး တွင် အင်မတန် အားနည်းသေးသည်ကို တွေ့ရသည်။အဝေးပြေးကားများ အဌားယဉ်များ မရှိခြင်းကြောင့် ပြည်သူ့ဝန်ဆောင်မူများ အင်မတန်ခက်ခဲလှသည်။သို့သော် ၂၀၁၅-၂၀၁၆ ခုနှစ်တွင် မြို့တွင်း လမ်းမ ပြုပြင်ချဲ့ထွင်ရာတွင် ပြည်သူတို့အား လျော်ကြေမပေးဘဲ နေအိမ်များ စိုက်ခင်းများကို အတင်းပြောင်းရွှေ့ခိုင်းရာတွင် အစိုးရသည် ပြည်သူလူထု ၏ အမျက်ရှခြင်း ခံရသည်။

ပညာရေး

အခြေခံပညာ

အထက

အထက်တန်းကျောင်း ၄ကျောင်းရှိသည်။

  • အထက ၁
  • အထက ၂
  • အထက ၃
  • အထက မကွီအိမ်နူး

အထက(ခွဲ)/အလက

  • အလက (ထ(ခွဲ)) ရမ်ပန်း
  • အလက (ထ(ခွဲ)) လုပ်ရှဲ
  • အလက (ထ(ခွဲ)) အောက်ချိုင်
  • အလက (ထ(ခွဲ)) တပ်မြေ
  • အလက (ထ(ခွဲ)) ဝမ္မသူး
  • အလက (ထ(ခွဲ)) အုံ
  • အလက ကီးသာ
  • အလက ရို
  • အလက ကင်းလှိ
  • အလက ဒုတ်
  • အလက ကြာလေလှိုင်း
  • အလက ကြုတ်ဟောင်း
  • အလက ချပ်
  • အလက မဒပ်
  • အလက ထားအိမ်နူး
  • အလက ဝေးလောင်း
  • အလက ဟီးလောင်း

အမက

မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၁၃၄ကျောင်းရှိသည်။

ကျန်းမာရေး

ဆေးရုံများ

  • ခရိုင်ပြည်သူ့ဆေးရုံကြီး
  • ဝမ္မတူး တိုက်နယ်ဆေးရုံ
  • မကွီအိမ်နူး တိုက်နယ်ဆေးရုံ

ကိုးကား

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၁။
  2. Chin State။ Myanmar Explore။ 14 July 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-05-12 တွင် ပြန်စစ်ပြီး။
  3. "Mindat Township - Chin State"[လင့်ခ်သေ] map ID:MIMU 154v01 created: 17 May 2010, Myanmar Information Management Unit (MIMU)
  4. ၄.၀ ၄.၁ မင်းတပ်မြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန။ 1 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  5. "Mindat_Township_Profile"[လင့်ခ်သေ] Myanmar Information Management Unit (MIMU), January 2010, population figures from State General Administration Department, October 2008
  6. "စစ်အုပ်ချုပ်ရေး(Martial Law)အမိန့်အမှတ်၊ ၄ / ၂၀၂၁"၊ Myawady၊ 05/14/2021။ 29 May 2025 တွင် ပြန်စစ်ပြီး။ Archived from the original on 29 May 2029။ 

ပြင်ပလင့်ခ်များ


Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya