နိုင်ငံတကာဘယ်သန်များနေ့
နိုင်ငံတကာ ဘယ်သန်များနေ့သည် ဘယ်ကျော်များ၏ ညာကျော်များနှင့် မတူ ကွဲပြား ထူးခြားမှုကို ဂုဏ်ယူသည့်အနေဖြင့် နှစ်စဉ် ဩဂုတ်လ ၁၃ ရောက်သောအခါ ကျင်းပသည့် နိုင်ငံတကာ အထိမ်းအမှတ်နေ့ ဖြစ်သည်။ ထိုနေ့ကို ဘယ်သန်များကုမ္ပဏီ ထူထောင်သူ ကမ်ဘဲလ် (Campbell) က ၁၉၇၆ တွင် ပထမဆုံး စတင်ပြုလုပ်သည်။[၁] ညာသန်များ ကြီးစိုးသော လောကကြီးထဲဝယ် ဘယ်သန် ဖြစ်ရပုံ၏ ကောင်းကျိုး ဆိုးပြစ်များကို ထိုနေ့တွင် မှတ်မှတ်သိသိ နှိုးကြားလာအောင် လှုံ့ဆော်ကြသည်။ ဘယ်သန်များသည် ကမ္ဘာ့လူဦးရေ၏ ၇ မှ ၁၀ ရာခိုင်နှုန်းသာ ရှိသည့်အတွက် မည်မျှ မတူကွဲပြား ထူးခြားကြောင်း ဂုဏ်ယူစွာ ကျင်းပကြသည်။[၂] ယင်းနေ့တွင် ဘယ်ကျော်များ ကြုံတွေ့နေရသော အမျိုးမျိုးအဖုံဖုံသော စိတ်အနှောင့်အယှက်များကို ပညာပေးဖလှယ်ကြသည်။ ဥပမာ ဘယ်ကျော်ကလေးများအတွက် အထူးလိုအပ်ချက်များနှင့် schizophrenia ရောဂါရှင် ဘယ်သန်များအတွက် ဘဝနေထိုင်ရန် လိုအပ်ပုံတို့ ဖြစ်သည်။[၃][၄] [၅] ကမ္ဘာတဝှမ်းလုံးတွင် ထိုနေ့ကို အသိအမှတ်ပြု ကျင်းပကြကာ၊ မီဒီယာများကလည်း ဘယ်ကျော်ဆယ်လီများအကြောင်းကို တခုတ်တရ စုစည်း ဖော်ပြလေ့ရှိကြသည်။[၆][၇] နိုင်ငံတကာဘယ်သန်များနေ့ကို ၁၉၉၆ မှစ၍ နှစ်စဉ် ကျင်းပသည်။ ကမ္ဘာကျော် ဘယ်သန်များ
ပြင်ပလင့်ခ်များ
|
Portal di Ensiklopedia Dunia