ဘရူနိုင်း-မြန်မာ ဆက်ဆံရေး
ဘရူနိုင်း-မြန်မာ ဆက်ဆံရေး သည် ဘရူနိုင်းနိုင်ငံ နှင့် မြန်မာနိုင်ငံတို့အကြား နှစ်နိုင်ငံ ဆက်ဆံရေး ဖြစ်သည်။ ဘရူနိုင်းနှင့် မြန်မာနိုင်ငံတို့သည် ၁၉၉၃ ခုနှစ်တွင် သံတမန်ဆက်ဆံရေးကို စတင်ခဲ့သည်။ ဘရူနိုင်းနိုင်ငံသည် ရန်ကုန်မြို့တွင် သံရုံးဖွင့်လှစ်ထားပြီး မြန်မာနိုင်ငံသည် ဘန်ဒါဆရီဘဂါဝမ်မြို့ရှိ ဂဒေါင်းတွင် သံရုံးဖွင့်လှစ်ထားသည်။[၁] နှစ်နိုင်ငံစလုံးသည် ပညာရေး၊ ကျန်းမာရေးနှင့် အလုပ်သမားရေးရာတို့တွင် ရင်းနှီးသော နှစ်ဖက်ဆက်ဆံရေး ရှိသည်။[၂] သမိုင်းကြောင်း၁၉၉၃ ခုနှစ် စက်တင်ဘာ ၂၁ ရက်နေ့တွင် ဘရူနိုင်းနှင့် မြန်မာနိုင်ငံတို့ ဆက်ဆံရေး စတင်ခဲ့သည်။[၁] ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများတွင်သာမက နှစ်နိုင်ငံကုန်သွယ်ရေးများတွင်လည်း ကောင်းမွန်သော ဆက်ဆံရေးရှိကြသည်။[၃] ၁၉၉၈ ခုနှစ်တွင် ဘရူနိုင်း စူလတန် ဝါဒိုလာ မူအစ်ဇာဒင်သည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ချိန်မှစ၍ နှစ်နိုင်ငံဆက်ဆံရေးသည် အပြန်အလှန် ကောင်းမွန်သော ရေရှည်ဆက်ဆံရေးကို ထိန်းသိမ်းခဲ့ကြသည်။ ဆေးပညာရှင်၊ သူနာပြု၊ အလုပ်သမားများစသော မြန်မာပညာရှင်များစွာသည် ဘရူနိုင်းနိုင်ငံ၏ ဖွံ့ဖြိုးရေးတွင် ပါဝင်ခဲ့ကြသည်။[၄] ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံသည် အာဆီယံ ဥက္ကဋ္ဌ ရာထူးအတွက် ဘရူနိုင်းနိုင်ငံက ထောက်ခံပေးခဲ့သည်။[၅] စီးပွားရေးကဏ္ဍ ဆက်ဆံရေးဘရူနိုင်းအမျိုးသားရေနံကုမ္ပဏီသည် မြန်မာ့ကမ်းလွန်ပင်လယ်ပြင်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ရေးတွင် အဓိကလုပ်ငန်းဆောင်ရွက်နေသော ကုမ္ပဏီများအနက်မှ တစ်ခုအပါအဝင် ဖြစ်သည်။[၅] နှစ်နိုင်ငံသည် ကျန်းမာရေး၊ ပညာရေးနှင့် နည်းပညာအကူအညီများအပြင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးတွင်လည်း အပြန်အလှန်ထောက်ပံ့လုပ်ဆောင်လျက်ရှိသည်။[၆][၇] ဆက်လက်ဖတ်ရှုရန်
ကိုးကား
|
Portal di Ensiklopedia Dunia