မုခ်ဝ:သင်္ချာ

သင်္ချာမုခ်ဦး

Mathematics icon

သင်္ချာ ဆိုသည်မှာ ကိန်းများ (numbers)၊ အရေအတွက် ပမာဏ (quantity)၊ ဟင်းလင်းပြင်ရပ်ဝန်း (space)၊ တည်ဆောက်ပုံသဏ္ဌာန်များ (structure)၊ ပြောင်းလဲခြင်း (change) စသည်တို့ကို လေ့လာသော ပညာရပ်ဖြစ်သည်။ အရေအတွက် (ဂဏန်း) တို့နှင့် ၎င်းတို့နှင့် သက်ဆိုင်သော လုပ်ဆောင်ချက်များ၊ ၎င်းတို့ အချင်းချင်း ဆက်နွယ်နေမှုများ၊ ပေါင်းစပ်ခြင်းများနှင့် ၎င်းတို့၏အနှစ်သာရများ စသည်တို့သာ မက ထိုဂဏန်းများ သင်္ချာဆိုင်ရာ ရပ်ဝန်းများတွင် မည်သို့ တည်ရှိနေကြသည်၊ မည်သို့သော ပုံသဏ္ဌာန် ရှိသည်၊ မည်သို့ တိုင်းတာမည်၊ မည်သို့ ပုံစံပြောင်းလဲမည်၊ ယေဘုယျအားဖြင့် မည်သို့ သုံးသပ်မည် စသည်တို့ကို ဆိုလိုခြင်း ဖြစ်သည်။ သင်္ချာဘာသာသည် ရေတွက်ခြင်း၊ တွက်ချက်ခြင်း၊ တိုင်းတာခြင်း၊ နေရာ ဗက်တာ တို့၏ ရွေ့လျားမှုကို စနစ်တကျ လေ့လာခြင်း၊ ပုံဖော်ရန် ခက်ခဲသော ပုံသဏ္ဍာန်တို့၏ ရွေ့လျားမှုကို လေ့လာခြင်း စသည်တို့ မှ တဆင့် ၎င်းတို့နှင့် ဆက်စပ်နေသော အနှစ်သာရများကို ယုတ္တိဆန်ဆန် သုံးသပ်ခြင်းတို့မှ တဆင့် တိုးတက် ပြောင်းလဲလာသည်။ သင်္ချာပညာရှင်တို့သည် ထို ဆိုလိုချက်များကို စူးစမ့်လေ့လာပြီး ထိုမှတဆင့် ယူဆချက် အသစ်များကို ထွက်ပေါ်လာနိုင်ရန် ကြိုးပမ်းကြသည်။ သဘာဝသိပ္ပံပညာရပ်များ၊ အင်ဂျင်နီယာဆိုင်ရာ ပညာရပ်များဆေးပညာနှင့် လူမှုသိပ္ပံ ပညာရပ်များ၊ အစရှိသည့် ဘာသာရပ်နယ်ပယ် အမြောက်အမြားတွင် မရှိမဖြစ်လိုအပ်သော လက်နက်ကိရိယာအဖြစ်ကို သင်္ချာကို ကမ္ဘာတဝှမ်း အသုံးပြုကြသည်။


သင်္ချာနှင့် သက်ဆိုင်သော ခေါင်းစဉ်များ

အထွေထွေ အခြေခံအုတ်မြစ် ကိန်းသီအိုရီ (Number theory) ပိုင်းစသီးခြားသင်္ချာ (Discrete mathematics)


ခွဲခြမ်းစိတ်ဖြာသင်္ချာ (Analysis) အက္ခရာသင်္ချာ (Algebra) ဂျီဩမေတြီနှင့် တိုပေါ်လော်ဂျီ (Geometry and topology) အသုံးချသင်္ချာ (Applied mathematics)
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya