မြင့်လှိုင်
ဦးမြင့်လှိုင် သည် မြန်မာနိုင်ငံ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ ပြည်ထောင်စု ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။[၂] သူသည် တပ်မတော်မှ ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူးဖြင့် အနားယူခဲ့သူ ဖြစ်ပြီး လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ အရာရှိချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။[၂] ရှမ်းပြည်နယ် လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ ငယ်ဘဝသူသည် ငယ်စဉ်က ပညာရေးကို ဇာတိမွေးရပ်မြေ မှာပင် ဆည်းပူးခဲ့သည်။ဆယ်တန်းအောင်ပြီးနောက် စစ်တက္ကသိုလ် အပတ်စဉ် (၁၇) သို့ တက်ရောက်သည်။ ဝန်ကြီးဟောင်း ဦးခင်ရီ ၊ လေတပ်ဦးစီးချုပ် ဟောင်း ဦးမြတ်ဟိန်း တို့နှင့် အပတ်စဉ် တူသည်။[၃] ယခင် တပ်မတော်အစိုးရ ဒုတိယအကြီးအကဲ ဦးမောင်အေး ၏ ကိုယ်ရေးအရာရှိ အဖြစ် ထမ်းဆောင်ဖူးသည်။သူသည် တပ်မတော် တွင် ၂၀၁၀ ပြည့်နှစ် ရှေ့ပိုင်းကာလများအတွင်း အသက်အငယ်ဆုံး တိုင်းမှူး၊အသက်အငယ်ဆုံး ဒုတိယဗိုလ်ချုပ်ကြီး အဖြစ် စာရင်းဝင်သည်။ [၄] နိုင်ငံရေးသမားဘဝသူသည် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ ၏ အရာရှိချုပ် အဖြစ် မှ ၂၀၁၀ ခုနှစ် ဩဂုတ် လတွင် အငြိမ်းစားယူပြီး[၅] အထွေထွေရွေးကောက်ပွဲ ၂၀၁၀ ဝင်ပြိုင်သည် ။နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မှ နေ၍ ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီး ဦးသိန်းစိန်အစိုးရအဖွဲ့ တွင် လယ်ဆည်ဝန်ကြီး ဖြစ်လာသည်။[၆] အထွေထွေရွေးကောက်ပွဲ ၂၀၁၅ [၇]နှင့် အထွေထွေရွေးကောက်ပွဲ ၂၀၂၀ [၈]တို့တွင် အဆိုပါ မဲဆန္ဒနယ်မှ နေ၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု ဝင်ပြိုင်သော်လည်း ရှုံး နိမ့်သည်။သူသည် ၂၀၁၅ ခုနှစ် နောက်ပိုင်း မိခင်ပါတီ တွင်ပင် သဘောထားတင်းမာသော နိုင်ငံရေးသမားအဖြစ် ဖြတ်သန်းခဲ့သည်။[၉] ပါတီ၏ နေပြည်တော်တာဝန်ခံ ၊တောင်သူလယ်သမားရေးရာဌာနကြီးမှူး အဖြစ်လည်း တာဝန်ပေးခံရကာ ၂၀၂၄ ခုနှစ် မတ်လ တွင် ပါတီနိုင်ငံရေး မှ နုတ်ထွက်ခဲ့သည်။ ထိန်းသိမ်းခံရခြင်းသူ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၂၀၂၄ ခုနှစ် ဧပြီ ၁၀ ရက် တွင် အဂတိလိုက်စားမှုဖြင့် ဖမ်းဆီးထိန်းသိမ်းသည်။[၁၀] [၁၁] သူသည် ဝန်ကြီးရာထူး ရထားချိန် ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေ့ပိုင်း ရှိ လယ်မြေဧက ၁၇၀၀ ကျော်အား သူနှင့် သမက်ဖြစ်သူတို့၏ အမည်များဖြင့် လယ်မြေလုပ်ပိုင်ခွင့် လျှောက်ထားရယူခဲ့သည်။[၁၂] ထင်ရှားဖြစ်ရပ်နှင့်ဝေဖန်ခံရမှုများ၎င်း လယ်ဆည်ဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်စဉ် ၂၀၁၂ ခုနှစ် မတ်လ အတွင်းက ပြည်တွင်းထုတ်ဂျာနယ်တစ်စောင် တွင် လွှတ်တော်ကိုယ်စားလှယ်များအား ဦးနှောက်မရှိ၊ စာမတတ် အစရှိသော အင်တာဗျူး ဖြေကြားခဲ့မှု [၁၃] [၁၄] နှင့် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးအပါတ်က ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ် ခရီးစဉ်အတွင်း တောင်သူလယ်သမားများအား အကြွေးကျေအောင် ထမင်းတစ်နပ်လျှော့စားကြဖို့ တိုက်တွန်းစကား ဆိုခဲ့မှုများကြောင့် လူအများ၏ ပြစ်တင်ဝေဖန်ခြင်းကို ခံရသည်။ [၁၅] [၁၆] ထို့အပြင် သူသည် နိုင်ငံရေးသမားဘဝ ၂၀၂၃ ဖေဖော်ဝါရီ ၂၁ ရက် တွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်များအား ဝါးရင်းတုတ်လက်နက်တပ်ဆင်ပွဲကို ပြုလုပ်ခဲ့မှုဖြင့် ပါတီ၏ ပြစ်တင်မှုကို ခံရပြီး[၁၇] [၁၈] တာဝန်မှ နုတ်ထွက်ခဲ့ရသည်။ [၁၉] ကိုးကား
|
Portal di Ensiklopedia Dunia