ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်

ဒဂုံမြို့သစ်အရှေ့ပိုင်း
East Dagon Township
ဒဂုံမြို့သစ်ခရိုင်အတွင်း တည်နေရာ
ဒဂုံမြို့သစ်ခရိုင်အတွင်း တည်နေရာ
ဒဂုံမြို့သစ်အရှေ့ပိုင်း သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဒဂုံမြို့သစ်အရှေ့ပိုင်း
ဒဂုံမြို့သစ်အရှေ့ပိုင်း
ဒဂုံမြို့သစ်အရှေ့ပိုင်း တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 16°53′0″N 96°17′0″E / 16.88333°N 96.28333°E / 16.88333; 96.28333ကိုဩဒိနိတ်: 16°53′0″N 96°17′0″E / 16.88333°N 96.28333°E / 16.88333; 96.28333
နိုင်ငံ မြန်မာ
တိုင်း​ဒေသကြီး ရန်ကုန်
ခရိုင်ဒဂုံမြို့သစ်
လူဦးရေ (၂၀၁၄)
 • စုစုပေါင်း၁၆၅,၅၁၈ []
စာပို့သင်္ကေတ၁၁၄၅၁

ဒဂုံမြို့သစ်အရှေ့ပိုင်းသည် ရန်ကုန်မြို့၏ အရှေ့ဘက်အကျဆုံးအပိုင်းတွင် တည်ရှိသည်။ ဒဂုံမြို့သစ်အရှေ့ပိုင်း၏ မြောက်ဘက်တွင် လှည်းကူးမြို့နယ်၊ အနောက်ဘက်တွင် ဒဂုံမြို့သစ်မြောက်ပိုင်း၊ တောင်နှင့်အနောက်ဘက်တွင် ဒဂုံမြို့သစ်တောင်ပိုင်းတို့ တည်ရှိသည်။

ဒဂုံမြို့သစ်အရှေ့ပိုင်းကို ရပ်ကွက်ပေါင်း (၅၄)ခုနှင့် ကျေးရွာစု (၃)စုဖြင့် ဖွဲ့စည်းထားသည်။ ဤမြို့နယ်သည် (၁၉၈၉)ခုနှစ်တွင် တပ်မတော်အစိုးရ တည်ထောင်ခဲ့သော မြို့သစ်များထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ဤမြို့နယ်၏ နေရာအများစုမှာ ဖွံ့ဖြိုးတိုးတက်မှုမရှိသေးဘဲ စည်ပင်သာယာနှင့်သက်ဆိုင်သော အခြေခံဝန်ဆောင်မှုများ လစ်ဟင်းနေသေးသည်။

အစိုးရ မူလတန်းကျောင်း (၁၉) ကျောင်း၊ အလယ်တန်းကျောင်း (၄) ကျောင်း၊ အထက်တန်းကျောင်း (၂) ကျောင်းရှိသည်။

ငမိုးရိပ်ချောင်းနှင့် ပုဇွန်တောင်ချောင်းတို့သည် ဤမြို့နယ်ကို ဖြတ်သန်းစီးဆင်းသွားသည်။ ဤမြို့နယ်ရှိ တို့ကျောင်းကလေး ဘူတာရုံတွင် ရန်ကုန်မြို့ပတ်ရထားနှင့် မြန်မာ့ မီးရထားရန်ကုန်-ပဲခူးမီးရထားတို့ ရပ်နားလေ့ရှိသည်။

ကိုးကား

  1. Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၃၁၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီးFebruary 25, 2015 တွင် ပြန်စစ်ပြီး


Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya