လယ်တွင်းသား စောချစ်
လယ်တွင်းသားစောချစ် (၁၂ ဧပြီ ၁၉၄၁ မွေးဖွား)သည် မြန်မာနိုင်ငံသား အမျိုးသားစာပေဆုရ စာရေးဆရာတစ်ဦးဖြစ်သည်။ အမျိုးသားစာပေဆု၊ အမျိုးသားစာပေတစ်သက်တာဆုများအပါအဝင် စာပေဆိုင်ရာဆုများစွာ ရရှိခဲ့သူ ဖြစ်သည်။ ထို့အပြင် ၂၀၁၃ ခုနှစ်တွင် စည်သူဘွဲ့၊ ၂၀၂၂ ခုနှစ်တွင် အလင်္ကာကျော်စွာဘွဲ့ ဖြင့် ချီးမြှင့်ခံခဲ့ရသည်။ ယခုအချိန်ထိ ဝတ္ထုတိုပေါင်းချုပ် ၁၇ အုပ်၊ သုတ/ရသစာပေ ၂၉ အုပ်၊ လုံးချင်းဝတ္ထု ၅၁ အုပ်၊ စုစုပေါင်း စာအုပ် ၉၇ အုပ် ရေးသားထုတ်ဝေပြီး ဖြစ်သည်။ ‘မုန်းပင်မုန်းလည်း ချစ်ထုံးမပြေ၊ ရွှေမြင်းမိုရ် ပြိုမှာ စိုးတယ်၊ ကျွန်တော်အမုန်းဆုံး ကျွန်တော်၊ ပန်း ဖြစ်သွားသောပါး၊ ပန်းပေါက်ပွဲ၊ ဒုတိယနေရာမှ ပထမလူ၊ မင်းနေရာမှာ ငါဆိုရင်၊ နှလုံးသား မလှသူ မဖတ်ရ၊ ပန်းမြိုင်လယ်မှဥယျာဉ်မှူး၊ လွမ်းစေတီ နှင့် စမ်းရေကြည်၊ မျက်လုံးမှာအလွမ်း နှုတ်ခမ်းမှာ မာန၊ မောင်နွေဦးနှင့်မဖူးဝေ” စသည့် ဝတ္ထုများကို ရုပ်ရှင်နှင့် ဗီဒီယိုများ ရိုက်ကူးနိုင်ခဲ့သည်။ အစောပိုင်းဘဝ နှင့် ပညာရေး၁၉၄၁ - ခုနှစ်၊ ဧပြီလ(၁၂)ရက်နေ့တွင် ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ထန်းတောရွာ၌ အဖ-လယ်သမား ကြီး ဦးချစ်စိန်၊ အမိ-ဒေါ်စောရှင်တို့က ဖွားမြင်သည်။ နာမည်အရင်းမှာ ဦးတင်လှိုင် ဖြစ်သည်။၁၉၄၆ - (၅)နှစ်သားအရွယ်တွင် ဖခင်ကွယ်လွန်သောအခါ၊ ထန်းတောရွာနှင့် (၂)မိုင်ခန့်သာကွာသည့် ဝန်းသိုရွာသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ မိခင်၏ဇာတိရွာဖြစ်သည့် ဝန်းသိုရွာမှာပင် အဘိုးဖြစ်သူ ကျောင်းအုပ်ဆရာကြီး ဦးဖိုးသာနှင့် အဘွား ဒေါ်သောင်တို့က မွေးစား၍ ပညာသင်ပေးခဲ့သည်။ အဖေကြီး(အဖိုး)ဖြစ်သူမှာ မူလတန်းကျောင်းအုပ်ဆရာကြီးဖြစ်၍ အဖေကြီးကျောင်းမှာပင် မူလတန်းပညာသင်ယူအောင်မြင်ခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် စဉ့်ကိုင်မြို့၊ ဝန်းသိုရွာမူလတန်းကျောင်းတွင် စတုတ္ထတန်းအောင်မြင်ခဲ့သည်။ ၁၉၅၃ - ၅၇ တွင် စဉ့်ကိုင်မြို့၊ အစိုးရအထက်တန်းကျောင်း၌ ပညာသင်ယူခဲ့သည်။ ၁၉၅၈ - ကျောက်ဆည်မြို့၊ ပြည်လုံးနိုင် အလွတ်ပညာသင် အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ပညာသင်ခဲ့ပြီး ထိုကျောင်းမှ အထက်တန်းကျောင်းထွက်လက်မှတ်ရ စာမေးပွဲအောင်မြင်ခဲ့သည်။ ၁၉၅၉-၆၄ တွင် ပြည်လုံးနိုင်ကျောင်းတွင် အလယ်တန်းပြဆရာအဖြစ်ဆောင်ရွက်ခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် မြန်မာ့အလင်းသတင်းစာ(သီတင်းကျွတ်လပြည့် အထူးထုတ်)တွင် နောင်တအမည်ရှိ ဝတ္ထုတိုဖော်ပြ ခြင်းခံရ။ (ပထမဆုံး ပုံနှိပ်ခံရသည့် ဝတ္ထုတိုဖြစ်သည်။) ၁၉၆၄ ခုနှစ်တွင် ဆယ်တန်းစာမေးပွဲကို ပြန်လည်ဖြေဆိုအောင်မြင်ပြီး ၁၉၆၅ ခုနှစ်တွင် မန္တလေးတက္ကသိုလ်သို့ တက်ရောက်ခဲ့သည်။ ၁၉၆၅ - ၁၉၆၈ နှစ်များတွင် တက္ကသိုလ်လူရည်ချွန်ဆု ၂ ကြိမ် ရရှိခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် မြန်မာစာအဓိကဖြင့် ဘွဲ့ရရှိခဲ့သည်။ ထမ်းဆောင်ခဲ့သော ရာထူးများ၁၉၆၉ ခုနှစ်တွင်၊ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်မီးရွာတွင် အလယ်တန်းပြတာဝန်ကို စတင်ထမ်းဆောင်ခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် ဗဟိုနိုင်ငံရေးတက္ကသိုလ်(မင်္ဂလာဒုံ) တွင် လက်ထောက်ကထိက ရာထူးဖြင့်တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် ပြည်ထဲရေးဝန်ကြီးဌာနတွင် ဒုတိယလက်ထောက်ညွှန်ကြားရေးမှူးတာဝန်ဖြင့် စာပေစိစစ်ရေးနှင့်မှတ်ပုံတင်ဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည်။၁၉၉၂ ခုနှစ်တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် လက်ထောက်ညွှန်ကြားရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် ဒုတိယညွှန်ကြားရေးမှူးတာဝန်ဖြင့် ရန်ကုန်တိုင်း၊ အင်းစိန်ခရိုင်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် ကချင်ပြည်နယ်အုပ်ချုပ်ရေးမှူး (တိုင်းမင်းကြီး)အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်တွင်) ညွှန်ကြားရေးမှူး တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် နိုင်ငံဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူခဲ့သည်။ စာပေတာဝန်အဖြစ် မင်္ဂလာဒုံမြို့နယ် စာပေလုပ်သားအဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့ ဗဟိုအမှုဆောင်၊ ဒုတိယ ဥက္ကဋ္ဌနှင့် ဥက္ကဋ္ဌတာဝန်များကို ထမ်းဆောင်ခဲ့သည်။ထို့ပြင် မြန်မာနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌ၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ တွင် ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)တွင် အမှုဆောင်အဖွဲ့ဝင် တာဝန် များကို ထမ်းဆောင်ခဲ့ပြီး စာပေများ ဆက်လက်ရေးသား လျက်ရှိသည်။ မိသားစု၁၉၇၁ ခုနှစ်တွင် အလယ်တန်းပြဆရာမ ဒေါ်မြင့်မြင့်နှင့် လက်ထပ်ခဲ့ပြီး သားသမီး နှစ်ဦး ထွန်းကားခဲ့သည်။ ရရှိခဲ့သော စာပေဆုများနှင့် ဘွဲ့တံဆိပ်များဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များလယ်တွင်းသားစောချစ်၏ စာပေဖြင့် နိုင်ငံ့တာဝန်ကြေပွန်မှုကြောင့် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် (လွတ်လပ်ရေးနေ့)တွင် နိုင်ငံတော်အစိုးရမှ စည်သူဘွဲ့ ချီးမြှင့်အပ်နှင်းခဲ့သည်။[၁] ထို့အပြင် ၂၀၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် (၂၆/၂၀၂၂) ဖြင့် အလင်္ကာကျော်စွာဘွဲ့ကို ထပ်မံချီးမြှင့် အပ်နှင်းခဲ့သည်။ [၂] စာပေဆုများလယ်တွင်းသားစောချစ်သည် ၁၉၇၇ ခုနှစ်တွင် တစ်လုံးနှစ်လုံး ပုလဲကုံး စာမူဖြင့် စာပေဗိမာန် ဝတ္ထုတိုပေါင်းချုပ်(ဒုတိယ)ဆုရရှိခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် ပန်းမြိုင်လယ်မှဥယျာဉ်မှူးစာအုပ်ဖြင့် စာပေဗိမာန်စာမူဆု ကိုရရှိခဲ့သည်။ ထို့အပြင် ယင်းစာအုပ်ဖြင့်ပင် ၁၉၈၀ ခုနှစ်တွင်ချီးမြှင့်သည့် အမျိုးသားစာပေဆုကို ရရှိခဲ့သည်။ ထို့အပြင် ၁၉၈၉ ခုနှစ်တွင် ပန်းလိုချင် အပင်ကိုပျိုးတတ်မှ စာအုပ်ဖြင့် အမျိုးသားစာပေဆုကို ထပ်မံရရှိခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် အမျိုးသားစာပေတစ်သက်တာဆုကို ရရှိခဲ့သည်။၁၉၇၇ ခုနှစ်တွင် တစ်လုံးနှစ်လုံး ပုလဲကုံး စာမူဖြင့် စာပေဗိမာန် ဝတ္ထုတိုပေါင်းချုပ် ဒုတိယဆုရသည်။ ၁၉၉၁ ခုနှစ်တွင် စာပေခရီးအဖြစ် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံများသို့ သွားရောက်ခဲ့သည်။၂၀၀၃ ခုနှစ်တွင် ဥပဓိရုပ်စာအုပ်ဖြင့် ဆရာဝန်တင်ရွှေ စာပေဆု ရရှိခဲ့သည်။၂၀၀၈ ခုနှစ်တွင် ဝိဇ္ဇာပညာထူးချွန်ဆု (ဒုတိယအဆင့်) ကိုရရှိခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ပျော်မွေ့ဖွယ်ရာ တို့တောရွာ မြန်မာ့ရိုးရာဓလေ့များ စာအုပ်ဖြင့် ထွန်းဖောင်ဒေးရှင်းစာပေဆု ရရှိသည်။ ၂၀၁၃ ခုနှစ်တွင် အမျိုးသားစာပေတစ်သက်တာဆု ချီးမြှင့်ခြင်းခံရသည်။ ၂၀၁၅ ခုနှစ်တွင် The Gardener among the flowers (ပန်းမြိုင်လယ်မှ ဥယျာဉ်မှူး) စာအုပ်ဖြင့် Southeast Asian Writers Award ရရှိခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ထွန်းဖောင်ဒေးရှင်းတစ်သက်တာစာပေဆုကိုလည်း ချီးမြှင့်ခြင်းခံခဲ့ ရသည်။ ရေးသားခဲ့သည်များ
ကိုးကားအချို့သောအေကြာင်းအရာများကို မလိခ၏မြန်မာ့ဝတ္ထုအညွှန်းပေါင်းချုပ်စာအုပ် (၂၀၁၇) မှကိုးကားထားပါသည်
|
Portal di Ensiklopedia Dunia