သံယုတ္တနိကာယ် (ပါဠိ: သံယုတ္တနိကာယ; Saṃyutta Nikāya) သည် ထေရဝါဒဗုဒ္ဓဘာသာ ပိဋကတ်များများမှ သုတ္တန်ပိဋကတ်တွင်ပါဝင်၍ နိကာယ်ငါးရပ်အနက် တတိယမြောက်နိကာယ်ဖြစ်ကာ "အချင်းချင်း ဆက်စပ်မှုရှိသောကြောင့် ဟောသောတရားများ" ဟူ၍ ယေဘုယျအားဖြင့် အနက်ရရှိသည်။ အင်္ဂလိပ်ဘာသာဖြင့်လည်း "Connected Discourses" သို့ "Kindred Sayings" ဟု ခေါ်ဆိုရေးသားကြသည်။
ဤနိကာယ်၌ ဗုဒ္ဓဘုရား ဟောကြားတော်မူခဲ့သမျှ စကားတော်များမှ ပုဂ္ဂိုလ်အားဖြင့်လည်းကောင်း၊ တရားအားဖြင့်လည်းကောင်း သဘောအားဖြင့်လည်းကောင်း တူသောသုတ်တို့ကို သံဂါယနာတင်ဆရာတို့က ပူးပေါင်း ဖော်ပြခဲ့ကြသည်။
အချုပ်အားဖြင့် သံယုတ် ငါးကျမ်းရှိရာ ၎င်းတို့မှာ
- သဂါထာဝဂ္ဂသံယုတ်
- နိဒါနဝဂ္ဂသံယုတ်
- ခန္ဓဝဂ္ဂသံယုတ်
- သဠာယတနဝဂ္ဂသံယုတ်
- မဟာဝဂ္ဂသံယုတ် များဖြစ်ကြသည်။
ဤသံယုတ်ငါးကျမ်း၌ သုတ်ပေါင်း ၇၇၆၂-သုတ်မျှ ပါရှိသည်ဟု အဋ္ဌကထာဆရာတို့က ဆိုကြသည်။ သို့သော် ဆဋ္ဌသင်္ဂါယနာမူအရ သုတ်ပေါင်း သုံးထောင်ကျော် (၃၀၄၂) ခန့်ရှိသည်ဟု တင်ပြကြသည်။[၁]
ဗုဒ္ဓတရားတော်များကို ကြည့်ရှုရာ၌ ဤသံယုတ္တနိကာယ်မှာ တရားအဘိဓာန်ကြီးသဖွယ် ဖြစ်သဖြင့် အလွန်ကျေနပ်အားရဖွယ် ကောင်းလေသည်။ သဂါထာဝဂ္ဂသံယုတ်မှာ နီတိဂါထာများသဖွယ် လွယ်ကူသော တရားဂါထာများကို စုပေါင်း မှတ်တမ်းတင်ထားသဖြင့် နက်နဲသော တရားသဘောများကို သိလွယ်အောင် တင်ပြထားသည်ကို တွေ့ရ၏။ ထိုနည်းတူစွာ နိဒါနဝဂ္ဂသံယုတ်၊ ခန္ဓဝဂ္ဂသံယုတ် စသည်ဖြင့် ဆိုင်ရာ ဆိုင်ရာ တရားသဘောများကို ဆိုင်ရာ ခေါင်းစဉ်အောက်တွင် အလွယ်တကူ ကြည့်နိုင်သဖြင့် ကြည့်ရှု၍လည်း လွယ်ကူလှပေသည်။[၂]
ပါဝင်ဖွဲ့စည်းမှု
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး -
သံယုတ္တနိကာယ် သုတ္တန်များစာရင်း
ဝဂ္ဂ |
ဖော်ပြချက် |
နိုင်ငံတကာ သံယုတ်အမှတ်စဉ်
|
သံယုတ်အမည်
|
အပိုင်း ၁၊ သဂါထာဝဂ္ဂ |
ထေရဂါထာ၊ ထေရီဂါထာ၊ သုတ္တနိပါတ်၊ ဓမ္မပဒ၊ ဇာတက စသော ပါဠိကျမ်းစာများ၏ အပိုင်းများနှင့်တူညီသော သုတ္တန်အစုအဝေးများ[၃] |
SN 1-11
|
1. ဒေဝတာသံယုတ်
2. ဒေဝပုတ္တသံယုတ်
3. ကောသလသံယုတ်
4. မာရသံယုတ်
5. ဘိက္ခုနီသံယုတ်
6. ဗြဟ္မသံယုတ်
7. ဗြဟ္မဏသံယုတ်
8. ဝင်္ဂီသသံယုတ်
9. ဝနသံယုတ်
10. ယက္ခသံယုတ်
11. သက္ကသံယုတ်
|
အပိုင်း ၂၊ နိဒါနဝဂ္ဂ |
နိဒါန (အကြောင်းခံများ) နှင့်စပ်လျဉ်းသည့် သုတ္တန်အစုအဝေးများ။ |
SN 12-21
|
1. နိဒါနသံယုတ်
2.အဘိသမယသံယုတ်
3. ဓာတုသံယုတ်
4. အနမတကဂ္ဂသံယုတ်
5. ကဿပသံယုတ်
6. လာဘသက္ကာရသံယုတ်
7. ရာဟုလသံယုတ်
8. လက္ခဏသံယုတ်
9. ဩပမ္မသံယုတ်
10. ဘိက္ခုသံယုတ်
|
အပိုင်း ၃၊ ခန္ဓဝဂ္ဂ |
ခန္ဓာငါးပါး (သို့) ခန္ဓ နှင့် စပ်လျဉ်းသော သုတ္တန်အစုအဝေးများ |
SN 22-34
|
1. ခန္ဓသံယုတ်
2. ရာဓသံယုတ်
3. ဒိဋ္ဌိသံယုတ်
4. ဩက္ကန္တသံယုတ်
5. ဥပ္ပါဒသံယုတ်
6. ကိလေသသံယုတ်
7. သာရိပုတ္တသံယုတ်
8. နာဂသံယုတ်
9. သုပဏ္ဏသံယုတ်
10. ဂန္ဓဗ္ဗကာယသံယုတ်
11. ဝလာဟကသံယုတ်
12. ဝစ္ဆဂေါတ္တသံယုတ်
13. ဈာနသံယုတ်
|
အပိုင်း ၄၊ သဠာယတနဝဂ္ဂ |
အာဒိတ္တပရိယာရ (မီးကဲ့သို့ တောက်လောင်လျက်ရှိသည်ကို ဟောသောတရား) အပါအဝင် အာယတန ၁၂-ပါး နှင့်စပ်လျဉ်းသော သုတ္တန်အစုအဝေး |
SN 35-44
|
1. သဠာယတနသံယုတ်
2. ဝေဒနာသံယုတ်
3. မာတုဂါမသံယုတ်
4. ဇမ္ဗုခါဒကသံယုတ်
5. သာမဏ္ဍကသံယုတ်
6. မောဂ္ဂလာနသံယုတ်
7. စိတ္တသံယုတ်
8. ဂါမနိသံယုတ်
9. အသင်္ခတသံယုတ်
10. အဗျာကတသံယုတ်
|
အပိုင်း ၅၊ မဟာဝဂ္ဂ |
ကြီးကျယ်သော သုတ္တန်အစုအဝေး |
SN 45. မဂ္ဂင် ၈ ပါး
|
1. မဂ္ဂသံယုတ်
|
SN 46. ဗောဇ္ဈင်ခုနစ်ပါး
|
2. ဗောဇ္ဈင်္ဂသံယုတ်
|
SN 47. သတိပဋ္ဌာန် (၄) ပါး
|
3. သတိပဋ္ဌာနသံယုတ်
|
SN 48. ဣန္ဒြေ (၅) ပါး
|
4. ဣန္ဒြိယသံယုတ်
|
SN 49. သမ္မပ္ပဓာန် (၄) ပါး
|
5. သမ္မပ္ပဓာနသံယုတ်
|
SN 50. ဗိုလ် (၅) ပါး
|
6. ဗလသံယုတ်
|
SN 51. ဣဒ္ဓိပါဒ် (၄) ပါး
|
7. ဣဒ္ဓိပါဒသံယုတ်
|
SN 52. အနုရုဒ္ဓ သုတ်များ
|
8. အနုရုဒ္ဓသံယုတ်
|
SN h 53. ဈာန်အင်္ဂါများ
|
9. ဈာနသံယုတ်
|
SN 54. အာနာပါန
|
10. အာနာပါနသံယုတ်
|
SN 55. သောတာပန်
|
11. သောတာပတ္တိသံယုတ်
|
SN 56. သစ္စာ
|
12. သစ္စသံယုတ်
|
ကိုးကား
- ↑ ပိဋကအနှစ်ချုပ်၊ သံယုတ္တနိကာယ်၊ ဦးမောင်မောင်လေး၊ သာသနာရေးဦးစီးဃာန
- ↑ ပါဠိတော်မြန်မာပြန်ကျမ်းများ၏ ကျမ်းဦးမှတ်ဖွယ်များ (သာသနာရေး ဝန်ကြီးဌာန)
- ↑ Bodhi (2000), p. 69.