မဇ္ဈိမနိကာယ်

မဇ္ဈိမ ဆိုသည်မှာ အလယ်အလတ်ဟု အဓိပ္ပာယ်ရသည်။ မဇ္ဈိမနိကာယ်သည် "ဒီဃနိကာယ်ကဲ့သို့လည်း မကျယ်လွန်း မရှည်လွန်း၊ ခုဒ္ဓကနိကာယ်ကဲ့သို့လည်း မကျဉ်းလွန်း မတိုလွန်း" မတိုမရှည်၊အလယ်အလတ် ဒေသနာများ သုတ္တန်များကို စုစည်းထားခြင်းဖြစ်သည်။ (မဇ္ဈိမ = အလယ်အလတ် + နိကာယ = အစု) မဇ္ဈိမနိကာယ၌ ဒေသနာငါးဆယ်လျှင် တစ်ကျမ်းပြုကာ သုံးကျမ်းခွဲခြားထားပြီး စုစုပေါင်း ဒေသနာ (၁၅၂) ရှိ၏။ မဇ္ဈိမနိကာယတွင် ဗုဒ္ဓမြတ်စွာနှင့် ခေတ်ပြိုင် ပေါ်ပေါက်ခဲ့သော အယူဝါဒအမျိုးမျိုးတို့ကို ဗုဒ္ဓအဆုံးအမနှင့် ကွဲပြားခြားနားပုံ၊ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့၏ ပန်းတိုင်ဖြစ်သော နိဗ္ဗာန်ကို အဆင့်အဆင့် လေ့ကျင့်မှသာလျှင်ရနိုင်ပုံ၊ ရတနာသုံးပါးဂုဏ်ကို ညှိုးနွမ်းအောင် ကြံဆောင်နေသာ သစ္စကပရိဗိုဇ်ကို ဗုဒ္ဓမြတ်စွာ အောင်မြင်ပုံစသည်တို့ ပါဝင်သည်။[]

ထိုမဇ္ဈိမနိကာယ၌ပါရှိသော ဒေသနာများကို ငါးဆယ်လျှင် တစ်ကျမ်းပြုကာ သုံးကျမ်းခွဲထားပြန်လေသည်။ ၎င်းတို့မှာ-

  1. မူလပဏ္ဏာသ (ရှေးဦးအစဖြစ်သည့် ဒေသနာ (ဝါ) သုတ်ငါးဆယ်ပါသောကျမ်း)
  2. မဇ္ဈိမပဏ္ဏာသ (အလယ်ဖြစ်သည့် ဒေသနာ (ဝါ) သုတ်ငါးဆယ်ပါသောကျမ်း)
  3. ဥပရိပဏ္ဏာသ (နောက်ဆုံးဖြစ်သည့် ဒေသနာ (ဝါ) ၅၂-သုတ်ပါသောကျမ်း)တို့ ဖြစ်ကြလေသည်။

၎င်းတို့ကို ပဏ္ဏာသသုံးကျမ်းဟုလည်း ခေါ်ဝေါ်ကြသည်။ (ပဏ္ဏာသ= ပညာသ = ငါးဆယ်)[]

မူလပဏ္ဏာသပါဠိတော်

မူလပရိယာယဝဂ်

သီဟနာဒဝဂ်

ဩပမ္မဝဂ်

မဟာယမကဝဂ်

စူဠယမကဝဂ်

မဇ္ဈိမပဏ္ဏာသပါဠိတော်

ဂဟပတိဝဂ်

ဘိက္ခုဝဂ်

ပရိဗ္ဗာဇကဝဂ်

ရာဇဝဂ်

ဗြဟ္မဏဝဂ်

ဥပရိပဏ္ဏာသပါဠိတော်

ဒေဝဒဟဝဂ်

အနုပဒဝဂ်

သုညတဝဂ်

ဝိဘင်္ဂဝဂ်

သဠာယတနဝဂ်


ကိုးကား

  1. Dr. Tin Swe,MBBS,Ph.D - Illustrated History of Buddha's Sasana (Vol.2. 1990)
  2. ပါဠိတော်မြန်မာပြန်ကျမ်းများ၏ ကျမ်းဦးမှတ်ဖွယ်များ (သာသနာရေး ဝန်ကြီးဌာန)
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya