အင်္ဂုတ္တရနိကာယ်အင်္ဂုတ္တရနိကာယ် (အင်္ဂလိပ်: Anguttara Nikaya) သည် ဗုဒ္ဓဘာသာ၏ နိကာယ် ငါးရပ်တွင် စတုတ္ထမြောက် နိကာယ်ဖြစ်ကာ ပိဋကတ်အားဖြင့် သုတ္တန်ပိဋကတ်၌ ပါရှိ၏ ။ ထေရဝါဒဗုဒ္ဓဘာသာတွင် အင်္ဂုတ္တရနိကာယ်သည် ကျမ်းစာအနေဖြင့် (၁၁) ကျမ်းရှိ၍ ဆဋ္ဌသင်္ဂါယနာမူအရ စာမျက်နှာ ၁,၆၅၀ ရှိသည်။ နိကာယ်လေးခုတွင် အကြီးဆုံး၊ အကျယ်ဝန်းဆုံးဟု သတ်မှတ်ကြကာ လန်ဒန် ပါဠိစာပေအသင်းက Gradual Sayings အမည်ဖြင့် ပြန်ဆိုသည်။[၁] ရှေးယခင် သက္ကတဘာသာသုံး ဗုဒ္ဓဘာသာဂိုဏ်းများ၏ သုတ္တန်ပိဋကတ်များတွင် Ekottara Āgama ဟူ၍ သုံးနှုန်းထားသည်ကို တွေ့ရှိရသည်။ ထို၌ပါသော Āgama သည် ပါဠိဘာသာအားဖြင့် နိကာယ နှင့်အတူတူပင်ဖြစ်၏ ။ တရုတ်ဘာသာဖြင့် ဘာသာပြန်မူများတွင် လည်း အင်္ဂုတ္တိရကျမ်းအပြည့်အစုံတည်ရှိ ကြွင်းကျန်ရစ်သည်ဟုဆိုသည်။ အမည်အားဖြင့် 增一阿含經 (Zēngyī Ahánjīng) ဖြစ်၍ တွေးမြင်ယူဆနိုင်ဖွယ်မှာ မဟာသံဃိကဂိုဏ်း (သို့) သာဝတ္ထိဝေဒဂိုဏ်းတို့၏ ပြင်ဆင်ပြုပြင်ထားမှုများမှ ဖြစ်နိုင်ပေသည်။ ကီအွန် (Keown) အဆိုအရ ပါဠိတော်ကျမ်းစာနှင့် သာဝတ္ထိဝေဒကျမ်းတို့ကြား အလွန်ကြီးမားသည့် ကွာဟချက်၊ ကွဲလွဲချက်များရှိသည်၊ မဟာယာနနွယ် သုတ်များအနက် သုံးပုံ နှစ်ပုံကျော်ကို အခြားနေရာ (ကျမ်း) များ၌မတွေ့ရသောကြောင့် ထိုသုတ္တန်ပိဋကတ်များမှ အများစုသည် နှောင်းပိုင်းမှသာဖြစ်ပေါ်လာခဲ့သည်ဟု ညွှန်းဆိုသည်။[၂] ဝေါဟာရအဓိပ္ပာယ်အင်္ဂုတ္တရနိကာယဟု ပါဠိတွင် ခေါ်တွင်၍ အင်္ဂုတ္တရ ကို အင်္ဂ နှင့် ဥတ္တရ စကားလုံးနှစ်ခုဖြင့် ပေါင်းစပ်ထား၏ ။ အနက်မှာ တစ်ခုထက် တစ်ခုပို၍ သာလွန်သွားသော၊ တစ်ပါးတစ်ပါးသော အင်္ဂါကို လွန်သော။ တစ်ခုတစ်ခုသော တရားကို လွန်သော ဟူ၍ ဖြစ်သည်။[၃] ပါဝင်ဖွဲ့စည်းမှုဗုဒ္ဓဘုရားဟောတော်မူသော တရားများ၌ အကြောင်းအရာတစ်ခုကို အခြေခံ၍ ဟောသည်များပါဝင်သကဲ့သို့ အကြောင်းအရာ နှစ်ခု၊ သုံးခု မှသည် ဆယ့်တစ်ခုအထိ ဟောတော်မူသော တရားများလည်းရှိသည်။ ထို့ကြောင့် အကြောင်းအရာ တစ်ခုကို အခြေခံသော တရားများကို ဧကကနိပါတ် ဟူ၍ အမည်ပေးကာ ထိုမှအဆင့်ဆင့်တက်လျှက် ဆယ့်တစ်ခုကို အခြေခံဟောသောတရားများကို ဧကာဒသမဟူ၍ အမည်များပေးကာ ဤအင်္ဂုတ္တရနိကာယ်ကို ဖွဲ့စည်းထားသည်။ ထို့ကြောင့် ဤနိကာယ်ကို နိပါတ် (သို့) အခန်း (၁၁) ခန်းဖြင့် ဖွဲ့စည်း၍ ရှေးယခင်က သုတ်ပေါင်း ၉,၅၅၇ ရှိခဲ့ကြသည်ဟု ဂါထာတစ်ခုအရသိရပြီး လက်ရှိဆဋ္ဌသင်္ဂါယနာမူအရ သုတ်ပေါင်း ၇,၄၄၄ ဟူ၍ ရေတွက်နိုင်ကြောင်း ဓမ္မာစရိယ ဦးမောင်မောင်လေးက ဖော်ပြထားသည်။[၁] ဤနိကာယ်တွင် နိပါတ်များမှာ အောက်ပါအတိုင်းဖြစ်၏ ။
ဤနိကာယ်တွင် ဗုဒ္ဓဘာသာ၏ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ စသည့်တရားများပါဝင်သော ကျမ်းများဖြစ်ကြ၍ ဓမ္မ၏ သဘောတရား၊ လက်တွေ့နှစ်ဖြာစသည်တို့နှင့်ပတ်သက်၍ မရှိမဖြစ်လိုအပ်သော အကျဉ်ချုပ်များကို အစဉ်လိုက်ပြသဖော်ပြထားသည်။[၄] ဧကကနိပါတ်
၁၅။ အဋ္ဌာနပါဠိ ၁၆။ ဧကဓမ္မပါဠိ ၁၇။ ပသာဒကရဓမ္မဝဂ် ၁၉။ ကာယဂတာသတိဝဂ် ၂၀။ အမတဝဂ် ဒုကနိပါတပါဠိ၁။ ပဌမပဏ္ဏာသကံ
၂။ ဒုတိယပဏ္ဏာသကံ
၃။ တတိယပဏ္ဏာသကံ
တိကနိပါတပါဠိ၁။ ပဌမပဏ္ဏာသကံ
၂။ ဒုတိယပဏ္ဏာသကံ
၃။ တတိယပဏ္ဏာသကံ
စတုက္ကနိပါတပါဠိ၁။ ပဌမပဏ္ဏာသကံ
၂။ ဒုတိယပဏ္ဏာသကံ
၃။ တတိယပဏ္ဏာသကံ
၄။ စတုတ္ထပဏ္ဏာသကံ
၅။ ပဉ္စမပဏ္ဏာသကံ
ပဉ္စကနိပါတပါဠိ၁။ ပဌမပဏ္ဏာသကံ
၂။ ဒုတိယပဏ္ဏာသကံ
၃။ တတိယပဏ္ဏာသကံ
၄။ စတုတ္ထပဏ္ဏာသကံ
၅။ ပဉ္စမပဏ္ဏာသကံ
ဆက္ကနိပါတပါဠိ၁။ ပဌမပဏ္ဏာသကံ
၂။ ဒုတိယပဏ္ဏာသကံ
သတ္တကနိပါတပါဠိပဌမပဏ္ဏာသကံ
အဋ္ဌကနိပါတပါဠိ၁။ ပဌမပဏ္ဏာသကံ
၂။ ဒုတိယပဏ္ဏာသကံ
နဝကနိပါတပါဠိ၁။ ပဌမပဏ္ဏာသကံ
၂။ ဒုတိယပဏ္ဏာသကံ
ဒသကနိပါတပါဠိ၁။ ပဌမပဏ္ဏာသကံ
၂။ ဒုတိယပဏ္ဏာသကံ
၃။ တတိယပဏ္ဏာသကံ
၄။ စတုတ္ထပဏ္ဏာသကံ
ဧကာဒသကနိပါတပါဠိ
ကိုးကား
|
Portal di Ensiklopedia Dunia