ရန်ကုန်ကွန်ပျူတာတက္ကသိုလ်
ရည်ရွယ်ချက်ကွန်ပျူတာတက္ကသိုလ်များကို နိုင်ငံတကာအဆင့်မီ တက္ကသိုလ်များဖြစ်မြောက်လာစေရန် စီမံဆောင်ရွက်လျက်ရှိသည်။ စီမံချက်ပြီးဆုံးသည့်အခါတွင် နိုင်ငံတကာအဆင့်မီ တက္ကသိုလ်များအဖြစ် ကွန်ပျူတာပညာရှင်များမွေးထုတ်ရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိသည်။ (က) ကွန်ပျူတာတက္ကသိုလ်မှ သင်ကြားပို့ချနေသော ကွန်ပျူတာပညာရပ်များ၏ အရည်အသွေးမြင့်တင်ရန် နောက်ခံသမိုင်းကြောင်း၁၉၇၁ ခုနှစ်တွင် ပါရမီလမ်း၊ လှိုင်မြို့နယ်၌ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်အား တက္ကသိုလ်များကွန်ပျူတာဌာန(UCC) အမည်ဖြင့် စတင်တည်ထောင်ခဲ့ပြီး ပညာရေးဝန်ကြီးဌာန၊ ရန်ကုန် တက္ကသိုလ် သင်္ချာဌာန၏ ကွပ်ကဲမှုအောက်တွင်ရှိခဲ့သည်။ တက္ကသိုလ်များကွန်ပျူတာဌာနအဆင့်မှ တက္ကသိုလ်အဆင့်သို့ ၁၉၈၇ ခုနှစ် မတ်လ (၂၉)ရက်တွင် တိုးမြှင့်ခဲ့ပြီး၊ မြန်မာအမည် ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ဟုလည်းကောင်း၊ အင်္ဂလိပ်အမည် “Institute of Computer Science & Technology (ICST)” ဟု လည်းကောင်း ခေါ်တွင်ခဲ့သည်။ ၁၉၉၈ခုနှစ်၊ ဇွန်လ (၁)ရက်တွင် “University of Computer Studies, Yangon (UCSY)” အမည်သို့ ထပ်မံပြောင်းလဲခဲ့သည်။ ၁၉၉၇ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်တွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ် အား ပညာရေးဝန်ကြီးဌာနအောက်မှ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန အောက်သို့ လွှဲပြောင်းခဲ့သည်။ ကျောင်းသားဦးရေ တိုးတက်လာသဖြင့် ၂၀၀၀ ပြည့်နှစ်တွင် လှိုင်မြို့နယ်ရှိ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်အပြင် ရွှေပြည်သာမြို့နယ်တွင် ကျောင်းသစ်တစ်ကျောင်း တိုးချဲ့တည်ဆောက်ခဲ့ပြီး ၂၀၀၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၆)ရက်တွင် ရွှေပြည်သာမြို့နယ်ရှိ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကို စတင်ဖွင့်လှစ် ခဲ့သည်။ [၁] ပေးအပ်သောဘွဲ့များကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာဘွဲ့များကို ၁၉၈၆ ခုနှစ်တွင် စတင်ပေးအပ်ခဲ့သော်လည်း မဟာဘွဲ့များကိုမူ ၁၉၇၃ ခုနှစ်ကတည်းက အပ်နှင်းခဲ့သည်။ ပါရဂူဘွဲ့သင်တန်းကို ၂၀၀၁ ခုနှစ်၊ မေလ (၁)ရက်နေ့တွင်စတင်ခဲ့သည်။ [၂] ဤတက္ကသိုလ်မှ အပ်နှင်းသော ပထမဘွဲ့များမှာ
ဤတက္ကသိုလ်မှ အပ်နှင်းသော ဘွဲ့လွန်ဒီပလိုမာ၊ မဟာဘွဲ့နှင့် ပါရဂူဘွဲ့ များမှာ
ဤတက္ကသိုလ်မှ အပ်နှင်းသော ဘွဲ့ကြိုဒီပလိုမာများမှာ
အားလုံးသောပညာရပ်များအတွက် ပညာသင်နှစ် တစ်နှစ်စီကို ကာလ (၂)ခု ပိုင်းခြားထားသည်။ သင်တန်းကာလတစ်ပိုင်းစီတွင် သင်ကြားရေးနှင့် လက်တွေ့လုပ်ဆောင်မှုအတွက် (၁၈)ပတ်စီ ပိုင်းခြားထားသည်။ သင်တန်းကာလတစ်ပိုင်းစီအဆုံးတွင် စာမေးပွဲများကို ကျင်းပပါသည်။ အကဲဖြတ်မှု တစိတ်တပိုင်းအနေဖြင့် ကျောင်းခေါ်ချိန်၊ နည်းပြတန်းများနှင့် လက်တွေ့လုပ်ဆောင်မှု၊ အတန်းတွင်းတာဝန်များကိုပါ ထည့်သွင်းစဉ်းစားပါသည်။ ပါမောက္ခချုပ်များ
ပါဝင်ဖွဲ့စည်းမှုရန်ကုန်ကွန်ပျူတာတက္ကသိုလ်သည် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန လက်အောက်ရှိ တက္ကသိုလ်တစ်ခုဖြစ်သည်။ ဤတက္ကသိုလ်ကို ပါမောက္ခချုပ်မှ ဦးဆောင်ကွပ်ကဲပြီး စီမံခန့်ခွဲရေးနှင့် ပညာရေးအဖွဲ့ဟူ၍ ဖွဲ့စည်းထားသည်။ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခများနှင့် ဘာသာရပ်အလိုက် စီမံခန့်ခြွမှုဆိုင်ရာ ဌာနမှူးများသည် အဖွဲ့ဝင်များဖြစ်သည်။ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၏ သိပ္ပံနှင့်နည်းပညာနယ်ပယ်တွင် သင်ကြားရေးဌာန (၄)ခုရှိသည်။ ၎င်းတို့မှာ
တို့ဖြစ်သည်။ ထို့အပြင် အထောက်အကူပြု သင်ကြားရေးဌာန (၃)ခုဖြင့်လည်း ပံ့ပိုးပေးလျက်ရှိသည်။ ၎င်းတို့မှာ
အောက်ပါဌာနများသည် ကွန်ပျူတာအသုံးချမှုသုတေသနတို့နှင့် ဆက်စပ်လျက်ရှိသည်။
စာကြည့်တိုက်ပိုင်းဆိုင်ရာများ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်စာကြည့်တိုက်တွင် စာအုပ်ပေါင်းတစ်သောင်းကျော်ထားရှိသည်။ နိုင်ငံတကာမှ ထုတ်ဝေသော စာနယ်ဇင်းများလည်းရှိသည်။ ကွန်ပျူတာတက္ကသိုလ်များတွင် ခေတ်မီစာအုပ်စာတမ်းများ ပြည့်စုံသောစာကြည့်တိုက်များ ထားရှိပေးနိုင်ရန် စီမံချက်ဖြင့်ဆောင်ရွက်လျက်ရှိသည်။ စီမံချက်အနေဖြင့် အမေရိကန်ပြည်ထောင်စု၊ အင်္ဂလန်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ ဘာသာရပ်ဆိုင်ရာဂျာနယ်များ၊ စာအုပ်များအား အချိန်နှင့် တစ်ပြေးညီ ဝယ်ယူဖြည့်ဆည်းပေးလျက်ရှိသည်။ ကွန်ပျူတာဆိုင်ရာများရန်ကုန်ကွန်ပျူတာတက္ကသိုလ်သည် ပညာရေးလိုအပ်ချက်များနှင့် သုတေသနလုပ်ငန်းများအတွက် ကွန်ပျူတာပိုင်းဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ရန် ကွန်ပျူတာများစွာကိုထားရှိ သည်။ IBMကွန်ပျူတာများနှင့် Alpha server (Digital) နှင့် IBM မီနီကွန်ပျူတာ AS/400 တို့ကဲ့သို့သော အဆင့်မြင့် ကွန်ပျူတာကွန်ယက် (၂)ခုလည်းရှိသည်။ ထို့အပြင် Fibre Optic လိုင်းနှင့် အင်တာနက်အသုံးပြုခွင့်ရရှိနေပြီဖြစ်သည်။
ကိုးကားကျမ်း
|
Portal di Ensiklopedia Dunia