၁၉၅၉ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲတော်
၁၉၅၉ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲတော်သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ၁၉၅၉ခုနှစ် ဒီဇင်ဘာလ၁၂ရက်မှ ၁၇ရက်နေ့အထိ ကျင်းပခဲ့သော ပထမအကြိမ် အရှေ့တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲ ဖြစ်သည်။ နိုင်ငံအသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်သူ ၅၁၈ဦးရှိသည်။ ကနဦး ၆ နိုင်ငံမှ ကမ္ဘောဒီးယားနိုင်ငံမှာ ဤပထမဆုံးပွဲတော်အား ယှဉ်ပြိုင်နိုင်ခြင်းမရှိခဲ့ဘဲ စင်ကာပူနိုင်ငံ ပါဝင်လာသည်။ ဘုရင်ကြီး ဘူမိဗလ အဒူလျာဒတ်က အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။ ထိုင်းနိုင်ငံ၊ မြန်မာနှင့် မလေးယားနိုင်ငံတို့မှ နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။ ပွဲများနှင့်အားကစားပါဝင်သည့်နိုင်ငံများ၁ထိုအချိန်က စင်ကာပူမှာ ဗြိတိသျှလက်အောက်ခံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည်။ အားကစားနည်းများအားကစားနည်းပေါင်း ၁၂မျိုးပါဝင်ခဲ့သည်။
ဆုတံဆိပ် ဇယား၁၉၅၉ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၆၇ခု၊ ငွေတံဆိပ် ၆၈ခု၊ ကြေးတံဆိပ် ၆၇ခု၊ စုစုပေါင်း တံဆိပ် ၂၀၂ခုကို ချီးမြှင့်နိုင်ခဲ့သည်။
* အိမ်ရှင်နိုင်ငံ
ကိုးကား
|
Portal di Ensiklopedia Dunia