၂၀၁၉ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
၂၀၁၉ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် ဖိလစ်ပိုင်နိုင်ငံ၌ ၂၀၁၉ခုနှစ် နိုဝင်ဘာ ၃၀ရက်မှ ဒီဇင်ဘာ ၁၁ရက်အထိကျင်းပသော အကြိမ် (၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံသည် ၁၉၈၁၊ ၁၉၉၁၊ ၂၀၀၅ပွဲတော်များကို အိမ်ရှင်အဖြစ် ၃ကြိမ်ကျင်းပခဲ့ပြီး ၂၀၁၉ခုနှစ်တွင် စတုတ္ထအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ သမ္မတ ဒူတာတေးမှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။ နိုင်ငံ၁၁နိုင်ငံမှ အားကစားသမားပေါင်း ၅၆၃၀ခန့်က အားကစားနည်း ၅၆မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို ဖိလစ်ပိုင်ပွဲခန်းမတွင် ကျင်းပခဲ့သည်။ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်းတို့က ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။ လက်ခံကျင်းပခြင်းအိမ်ရှင်ရွေးချယ်ခြင်းဘရူနိုင်း၂၀၁၂ ဇူလိုင် ၁၈ တွင် ဘရူနိုင်းနိုင်ငံအနေဖြင့် ၂၀၁၉ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကိုလက်ခံကျင်းပရန် ရွေးချယ်ခဲ့သည်။ ဘရူနိုင်းသည် ၁၉၉၉ ခုနှစ်တွင် တစ်ကြိမ်မျှသာ လက်ခံခဲ့ဖူးသည်။၂၀၁၇ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို လက်ခံကျင်းပရန် ဆန္ဒရှိခဲ့၍ နိုင်ငံ၏ အားကစားအဆင့်အတန်းကို မြှင့်တင်ကာ အားကစားရုံသစ်များ ဆောက်လုပ်ရန် အစီအစဉ်ဆွဲခဲ့သော်လည်း ၂၀၁၅ခုနှစ် ဇွန် ၄ ရက်နေ့ အစည်းအဝေးတွင် နုတ်ထွက်ခဲ့သည်။ ဘရူနိုင်းနုတ်ထွက်ပြီးနောက် ဖိလစ်ပိုင်မှလက်ခံခဲ့သည်။ သို့သော် မာဝီကျွန်းပြဿနာများကြောင့် ၂၀၁၇ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ စတင်ကာနီးတွင် နုတ်ထွက်ခဲ့ရာ ထိုင်းနိုင်ငံမှ လက်ခံကျင်းပရန် စိတ်ဝင်စားခဲ့သည်။ သို့သော် ဩဂုတ်၂၀၁၇ တွင် ဖိလစ်ပိုင်မှ ၂၀၁၉ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို လက်ခံကျင်းပမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ဖိလစ်ပိုင်ဘရူနိုင်းနုတ်ထွက်သွားပြီးနောက် ထိုင်းနှင့်အပြိုင် ဖိလစ်ပိုင်မှ စိတ်ဝင်စားခဲ့သည်။ ၂၀၂၁ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲလက်ခံကျင်းပမည့် ဗီယက်နမ်ကို ၂၀၁၉ ခုနှစ်သို့ ပြောင်းလဲအိမ်ရှင်ပြုလုပ်ခွင့်ကိုပေးခဲ့သော်လည်း ငြင်းဆိုခဲ့သည်။ ဖိလစ်ပိုင်ကို ၂၀၁၉ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ကျင်းပစေခဲ့သည်။ သို့သော် ၂၁ ဇူလိုင် ၂၀၁၇ခုနှစ်တွင် မာဝီကျွန်းပြဿနာများကြောင့် အိမ်ရှင်အဖြစ်မှ နုတ်ထွက်ကြောင်း ပြောကြားခဲ့ပြီး ၂၀၁၉ပွဲတော်အား ထိုင်းနိုင်ငံမှ လက်ခံကျင်းပရန် စိတ်ဝင်စားခဲ့သည်။ သို့သော် ထိုနှစ် ဩဂုတ်လတွင် ဖိလစ်ပိုင်မှ ၂၀၁၉ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို လက်ခံကျင်းပမည်ဖြစ်ကြောင်း ကြေညာခဲ့ပြန်သည်။၂၀၁၉ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို မြို့တော် မနီလာမြို့နှင့်အတူ ဒါဗိုမြို့တို့တွင် အဓိက ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲအချို့ကို စီဘူး၊ အဲဗေမြို့များတွင် ကျင်းပသွားရန် စီစဉ်ထားရှိခဲ့သည်။ သို့သော် နောက်ဆုံးတွင် နယူးကလတ်မြို့တွင် အများစုကျင်းပရန် စီစဉ်ခဲ့ကြသည်။ အလံလွှဲပြောင်းရယူခြင်း၂၀၁၇ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ပိတ်ပွဲတွင် အရှေ့တောင်အာရှ အားကစားအဖွဲ့ချုပ်အလံကို ဖိလစ်ပိုင်အိုလံပစ်ကော်မတီဥက္ကဋ္ဌနှင့် နိုင်ငံခြားရေးဝန်ကြီးတို့မှ ရယူခဲ့သည်။ ယခင်ပိတ်ပွဲများတွင် နောက်လက်ခံကျင်းပမည့်နိုင်ငံမှ ဖျော်ဖြေရေးနေရာတွင် ထိုနိုင်ငံ၏ယဉ်ကျေးမှုကို ထင်ဟပ်စေသောဖျော်ဖြေမှုများတင်ဆက်ခဲ့သော်လည်း ဖိလစ်ပိုင်နိုင်ငံကမူ ဗီဒီယိုသာပြသနိုင်ခဲ့သည်။ ကြိုတင်ပြင်ဆင်မှု![]() ဖိလစ်ပိုင်နိုင်ငံ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကျင်းပရေး ကော်မတီကို ၂၀၀၅ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့်မတူညီစေဘဲ ဖွဲ့စည်းခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးဟောင်း အလန် ပီတာ ကာတေနို မှာ ၂၀၁၉ ခုနှစ် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီ၏ ဥက္ကဋ္ဌတာဝန်ကို တာဝန်ယူဆောင်ရွက်မည် ဖြစ်သည်။[၂] ပြိင်ပွဲမကျင်းပမီ ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ၃ ကြိမ်ကျင်းပမည် ဖြစ်ပြီး ပထမ အစည်းအဝေးကို ၂၀၁၈ ခုနှစ် မေလ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တို့တွင် ရှန်ဂရီလာဟိုတယ်တွင် ကျင်းပခဲ့သည်။ ဒုတိယအကြိမ် အစည်းအဝေးကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလထဲတွင် ကျင်းပမည် ဖြစ်သည်။ အားကစားကွင်းများ၂၀၁၉အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် အဓိကနေရာ လေးနေရာအဖြစ် ကလက်၊ ဆူးဘစ်၊ မက်ထရို မနီလာနှင့် အခါးနေရာများဖြစ်သည်။[၃]အဓိက လက်ခံကျင်းပရာနေရာအဖြစ် ကလက်မြို့သစ်ကို အသုံးပြုမည်ဖြစ်သည်။ ဒုတိယအနေဖြင့် ဆူးဘစ်ကို အသုံးပြုမည်ဖြစ်သည်။
ပြိုင်ပွဲအထိမ်းအမှတ်များအထိမ်းအမှတ်တံဆိပ်၂၀၁၉အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်၏ အမှတ်တံဆိပ်မှ ကွင်း၁၁ကွင်းကို ဖိလစ်ပိုင်နိုင်ငံ၏ မြေပုံအတိုင်း ချိတ်ဆက်ဖန်တီးထားသည်။ ထိုကွင်းများကို အနီရောင်၊ အစိမ်းရောင်၊ အဝါရောင်နှင့် အပြာရောင်တို့ ခြယ်ထားသည်။ လာဘ်ကောင်၂၀၁၉အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ လာဘ်ကောင်မှာ ပါမီ(Pami)ဟုအမည်ပေးထားကာ မိသားစုဟု အဓိပ္ပာယ်ရသော ဖိလစ်ပိုင်စကား pamilyaမှ ဆင်းသက်လာသည်။ ပွဲများနှင့် အားကစားဖွင့်ပွဲအခမ်းအနား၂၀၁၉ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၉ခုနှစ် နိုဝင်ဘာလ ၃၀ရက်နေ့ ည ၆နာရီအချိန်တွင် ဖိလစ်ပိုင်အယ်ရီနာတွင် ကျင်းပခဲ့သည်။ အားကစားပြိုင်ပွဲကို သမ္မတ ရော်ဒရီဂို ဒူတာတေး မှ ဖွင့်လှစ်ပေးခဲ့သည်။ ပိတ်ပွဲအခမ်းအနား၂၀၁၉ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၉ခုနှစ် ဒီဇင်ဘာလ ၁၁ရက်နေ့ တွင် နယူးကလပ် ပြေးခုန်ပစ် အားကစားကွင်းတွင် ကျင်းပခဲ့သည်။ ပါဝင်သည့်နိုင်ငံများ
အားကစားနည်းများ
ဆုတံဆိပ်ဇယား
* အိမ်ရှင်
ကိုးကား
|
Portal di Ensiklopedia Dunia