၁၉၉၉ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
၁၉၉၉ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် ဘရူနိုင်းနိုင်ငံ၊ ဘန်ဒါဆရီ ဘီဂါဝန်မြို့၌ ၁၉၉၉ခုနှစ် ဩဂုတ် ၇ရက်မှ ၁၅ရက်အထိကျင်းပသော အကြိမ် (၂၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ ဘရူနိုင်းနိုင်ငံတွင် ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ခြင်းဖြစ်ပြီး ထိုင်း၊မြန်မာ၊မလေးရှား၊စင်ကာပူ၊အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့ပြီးနောက် သတ္တမမြောက် အိမ်ရှင်နိုင်ငံဖြစ်သည်။ ထို့အပြင် ဘော်နီယိုကျွန်းတွင် ပထမဆုံးအကြိမ် ကျင်းပခြင်းလည်းဖြစ်သည်။၂၀ရာစု၏ နောက်ဆုံးသော အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဖြစ်သည်။ ဆူတန် ဟန်ဆာနယ် ဘိုကီယာက ပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။ ၁၉၉၉ ခုနှစ် ဩဂုတ်လ ၇ ရက်မှ ၁၅ ရက်နေ့ထိ ကျင်းပခဲ့သည်။ ဇူလိုင်လ ၃၀ရက်နေ့ကပင် အားကစားနည်း အချို့ကို စတင်ကျင်းပခဲ့ပြီး နိုင်ငံ၁၀နိုင်ငံမှ အားကစားသမားပေါင်း ၂၃၆၅ခန့်က အားကစားနည်း ၂၁မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို ဟန်ဆာနယ် ဘိုကီယာ အားကစားကွင်းတွင် ကျင်းပခဲ့သည်။ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားတို့က ပထမ၊ဒုတိယနှင့် တတိယ ရရှိခဲ့သည်။ ယခင် စံချိန် တော်တော်များများ ချိုးခဲ့ကြပြီး အရှေ့တောင်အာရှ၏ အားကစား အဆင့်အတန်းကို မြင့်မားလာစေသည်။[၁] လက်ခံကျင်းပခြင်းကြိုတင်ပြင်ဆင်မှုများ၁၉၉၉ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီကို ဖွဲ့စည်းခဲ့သည်။ [၂] အားကစားကွင်းများ၁၉၉၉ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို နေရာအသစ်၊ အဟောင်း၊ ယာယီနေရာများစွာတွင် ကျင်းပခဲ့သည်။ ပြိုင်ပွဲ၏ အဓိက အားကစားနည်းများကို ဟန်ဆာနယ် ဘိုကီယာ အားကစားရုံစုတွင် ကျင်းပခဲ့သည်။ ထိုအားကစားအဆောက်အအုံများကို ၁၉၈၃ခုနှစ် စက်တင်ဘာလတွင် တည်ဆောက်ပြီးစီးခဲ့သည်။ ဘရူနိုင်းနိုင်ငံ၏ အားကစားဆိုင်ရာ နိမ့်ပါးမှုများကြောင့် အားကစားနည်း ၂၁မျိုးသာ လက်ခံကျင်းပခဲ့သည်။ အားကစားရွာကိုတော့ တည်ဆောက်ခဲ့ခြင်းမရှိပေ။ ထိုအစား မြို့ထဲရှိရွာ အစီအစဉ်ဖြင့် အားကစားသမားများနှင့် စီမံအုပ်ချုပ်သူများကို ဧည့်ရိပ်သာများနှင့် အဆောင်များတွင် ထားရှိခဲ့သည်။ ထိုနေရာများမှာ ယခင်က အားကစားရွာဖြစ်ခဲ့သည်။ ၁၉၉၉ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို နေရာ ၂၂နေရာတွင် ကျင်းပခဲ့သည်။[၃]
ပြိုင်ပွဲ အထိမ်းအမှတ်များအထိမ်းအမှတ်တံဆိပ်၁၉၉၉ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ မီးထွန်းညှိတိုင်ပုံဖြစ်သည်။ ထိုမီးတိုင်မှာ တက်ကြွသော၊အားကစားစိတ်ဓာတ်ရှိသော၊ ရိုးရာဓလေ့စသည်တို့ကို ကိုယ်စားပြုကာ ယခု အားကစားပွဲတော်ကိုလည်း ကိုယ်စားပြုသည်။ The အထိမ်းအမှတ်တံဆိပ်တွင် အဝါရောင်၊ အနီရောင်၊ အစိမ်းရောင်တို့သည် အားကစားပွဲတော်၏ တက်ကြွမှုကို ဖော်ဆောင်သည်။ ကွင်း ၁၀ကွင်းပါသော အဝိုင်းမှာ အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင် နိုင်ငံ ၁၀နိုင်ငံနှင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ကိုယ်စားပြုသည်။ အထိမ်းအမှတ်တံဆိပ်မှ ရွှေရောင်မှာ အရည်အသွေးနှင့် အောင်မြင်ခြင်းများကို ကိုယ်စားပြုသည်။ဤသည်မှာ ကွင်း ၁၀ကွင်းဖြင့် ထည့်သွင်းထားသော ပထမဦးဆုံးသော အမှတ်တံဆိပ်ဖြစ်သည်။ ယခင်က မူလ ၆နိုင်ငံကို ကိုယ်စားပြုသော ကွင်း၆ကွင်းသာပါရှိသည်။ဤကွင်း၁၀ကွင်းမှာ ၂၀၀၉ ဗီယင်ကျန်းပွဲတော်အထိ အသုံးပြုခဲ့ပြီး ၂၀၁၁ ဂျာကာတာ-ဖလန်းပင်ပွဲတော်တွင် ကွင်း ၁၁ကွင်းဖြင့် စတင် အသုံးပြုခဲ့သည်။ လာဘ်ကောင်၁၉၉၉ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ လာဘ်ကောင်မှာ မလေးလူငယ်ဖြစ်သည်။ အမည်မှာ အဝမ် ဘူဒမန်ဖြစ်သည်။ ဘရူနိုင်းနိုင်ငံတော်အလံတွင် ပါဝင်သော အရောင်များဖြင့် ချုပ်လုပ်ထားသည့် မလေး ရိုးရာဝတ်စုံကို ဝတ်ဆင်ထားသည်မှာ ဆူတန်နိတ်တို့၏ ရိုးရာဓလေ့ကို ဆောင်သည်။ လက်ထဲတွင် ဘရူနိုင်းဒါရုစလမ် အလံတော်ကို ကိုင်ဆောင်ထားသည်မှာ ဧည့်သည်တော်များအား ဘရူနိုင်း ဒါရုစလမ်နိုင်ငံမှ ကြိုဆိုကြောင်းပြသည်။ ပထမစကားလုံး အဝမ် (Awang) ဆိုသည်မှာ ဘရူနိုင်းတွင် ယောက်ျားတစ်ယောက်၏ အမည်ဖြစ်ကာ နောက်နာမည် ဘူဒမန် (Budiman)မှာ ဉာဏ်ပညာကြီးခြင်းနှင့် ယဉ်ကျေးခြင်း၏ လက္ခဏာဖြစ်သည်။ သီချင်း၁၉၉၉ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ အဓိကသီချင်းမှာ "Mencari Kejayaan" (In search for success) ဖြစ်ကာ မင်းသား ဟာဂျီ ဆူဖရီ ဘိုကီယာမှ ရေးစပ်ထားသည်။ ထိုသီချင်းအပါအဝင် သီချင်းခွေတစ်ခွေကို ထုတ်လုပ်ခဲ့ကြသည်။ အခြားသော သီချင်းများမှာ"Here We Meet"၊ "Selamat Datang" (Welcome), "Tekad Kemenangan" (Determined to win), "Skuad Negara" (National Squad) နှင့် "Till We Meet Again" တို့ဖြစ်သည်။[၄][၅] ပံ့ပိုးသူများစုစုပေါင်း ပံ့ပိုးသူ ၉ဦးရှိသည်။[၆][၇]
ပွဲများနှင့် အားကစားဖွင့်ပွဲ အခမ်းအနား၁၉၉၉ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ ဖွင့်ပွဲ အခမ်းအနားကို ဩဂုတ် လ၇ရက်နေ့ ည၈နာရီတွင် ဆူတန် ဟန်ဆာနယ် ဘိုကီယာ အားကစားကွင်းတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ မင်းသား ဟာဂျီ ဆူဖရီ ဘိုကီယာ၊ ဘရူနိုင်းဒါရုစလမ် အမျိုးသား အိုလံပစ်ကောင်စီ နှင့် ၁၉၉၉ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌနှင့် ဧည့်သည်တော်များ၊ အရေးကြီး ပုဂ္ဂိုလ်များ ကွင်းအတွင်းသို့ဝင်ရောက်လာခြင်းနှင့်အတူ အခမ်းအနားစတင်ခဲ့သည်။ ထို့စဉ် ဘရူနိုင်း တော်ဝင် တပ်မတော်၊ဘရူနိုင်း တော်ဝင်ရဲတပ်ဖွဲ့တို့မှ ကွင်းအတွင်းချီတက်အလေးပြုကာ ပြည်တွင်း အနုပညာရှင်များမှ စင်မြင့်ပေါ်တွင် ဖျော်ဖြေတင်ဆက်ကြသည်။ ၈နာရီခွဲ အချိန်တွင် ဆူတန်နှင့် တော်ဝင်မိသားစုများ ရောက်ရှိလာသည်။Atထို့နောက် တပ်မတော်မှ ဘရူနိုင်း ဒါရုစလမ်နိုင်ငံ၏ နိုင်ငံတော်အလံကို သယ်ဆောင်လာပြီး ဘရူနိုင်း နိုင်ငံတော်သီချင်း ဖြင့် နိုင်ငံတော်အလံကို တိုင်ထိပ်သို့ လွှင့်တင်ကြသည်။ ထို့နောက် ဆူတန် ဟန်ဆာနယ် ဘိုကီယာက ဂုဏ်ပြုတပ်ဖွဲ့ကို ကြည့်ရှုစစ်ဆေးကြသည်။ ထို့နောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအလံများ သယ်ဆောင်လာသည့် အလံကိုင်သူ ၅၀၊နှင့် လာဘ်ကောင်ရုပ်ကြီးများ ဦးစွာ ဝင်ရောက်လာကာ ပြိုင်ပွဲဝင်နိုင်ငံများ၏ အလံများ သယ်ဆောင်လာသည့် အလံကိုင်သူ အယောက် ၁၀၀တို့လည်း ချီတက်လာသည်။ ထို့နောက် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ အသီးသီးဝင်ရောက်လာသည်။ အဆုံးတွင် အိမ်ရှင် ဘရူနိုင်းနိုင်ငံမှ အားကစားသမားများ ဝင်ရောက်လာကြသည်။ ဘရူနိုင်းနိုင်ငံကို အိမ်ရှေ့မင်းသား Pengiran Muda Haji Al-Muhtadee Billah၊ မင်းသား Abdul Mateen၊ မင်းသမီး Azemah Ni'Matul Bolkiah၊ မင်းသမီး Fadzillah Lubabul Bolkiahတို့က ဦးဆောင်ခဲ့ကြသည်။ ထို့နောက် မင်းသား ဟာဂျီ ဆူဖရီ ဘိုကီယာက အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။ ပြီးနောက် ဆူတန် ဟန်ဆာနယ် ဘိုကီယာက အားကစားပွဲတော်ကို ဖွင့်လှစ်ကြောင်း ကြေညာခဲ့သည်။ ထို့နောက် တပ်မတော်မှ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအလံနှင့် ၂၀ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ-ဘရူနိုင်း အလံတို့ကို ကွင်းအတွင်း သယ်ဆောင်လာကာ ဘရူနိုင်း အလံဘေးတွင် လွှင့်တင်ခဲ့သည်။ ထို့နောက် ပင်မမီးရှူးတိုင်ကို ၁၉၉၃ စင်ကာပူပွဲတော်တွင် ပန်ကြပ်ဆီလတ်၌ ရွှေတံဆိပ်ဆု ရရှိခဲ့သော ဒါရမ်း အူမိ ခရင်းမ်က မီးထွန်းညှိခဲ့သည်။ ထို့နောက် ဆီးဂိမ်း အဓိဌာန် ရွတ်ဆိုခြင်းကို ၁၉၈၉ ကွာလာလမ်ပူ ပွဲတော်တွင် သေနတ်ပစ် အားကစား၌ ရွှေတံဆိပ် ရရှိခဲ့သော Dato Setia Haji Md Samid bin Haji Abdul Azizက ဖတ်ကြားခဲ့သည်။ ထို့နောက် လေထီးသမားများ၊ ကျောင်းသား ၅ထောင်၏ တင်ဆက်မှုများဖြင့် ဖွင့်ပွဲ အခမ်းအနား ပြီးဆုံးခဲ့သည်။ ပိတ်ပွဲ အခမ်းအနား၁၉၉၉ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ ပိတ်ပွဲ အခမ်းအနားကို အိမ်ရှေ့မင်းသား၊ ဘရူနိုင်းဒါရုစလမ် အမျိုးသား အိုလံပစ်ကောင်စီဥက္ကဋ္ဌတို့ ရောက်ရှိလာခြင်းဖြ့င့် စတင်ခဲ့သည်။ တော်ဝင်မိသားစု အဖွဲ့ဝင်များလည်း တက်ရောက်ခဲ့သည်။ ထို့နောက် ၁၉၉၉ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ ပေါ်လွင်သော အပိုင်းများကို ဗီဒီယိုပြသကာ အားကစားနည်းအမျိုးမျိုးအတွက် ပုံဖော်ထားသော လာဘ်ကောင်အရုပ်များ၏ တင်ဆက်မှု၊အားကစားသမားများဝင်ရောက်လာမှု၊Yang Teramat Mulia Paduka Seri Duli Pengiran Muda Abdul Mateen၊ Yang Teramat Mulia Paduka Seri Duli Pengiran Anak Puteri Azeemah Niqmatul Bolkiah and Yang Teramat Mulia Paduka Seri Pengiran Anak Puteri Fadzillah Lubabul Bolkiah တို့၏ ဦးဆောင်မှုနှင့် ဘရူနိုင်း အားကစားသမားများ ဝင်ရောက်လာမှုစသည်တို့ဖြင့် ကျင်းပခဲ့သည်။ ဘရူနိုင်းဒါရုစလမ် အမျိုးသား အိုလံပစ်ကောင်စီနှင့် ၁၉၉၉ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီတို့၏ ဥက္ကဋ္ဌ Duli Yang Teramat Mulia Paduka Seri Pengiran Bendahara Seri Maharaja Permaisuara Pengiran Muda Haji Sufri Bolkiahက မိန့်ခွန်းပြောကြားခဲ့ကာ အိမ်ရှေ့မင်းသား Crown Prince Pengiran Muda Haji Al-Muhtadee Billah က ပွဲတော်ကို ပိတ်သိမ်းပေးခဲ့သည်။ ပင်မ မီးရှူးတိုင်ကိုလည်း တဖြည်းဖြည်း ငြှိမ်းသတ်ခဲ့သည်။ ဘရူနိုင်းဒါရုစလမ် အမျိုးသား အိုလံပစ်ကောင်စီနှင့် ၁၉၉၉ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီတို့၏ ဥက္ကဋ္ဌ Duli Yang Teramat Mulia Paduka Seri Pengiran Bendahara Seri Maharaja Permaisuara Pengiran Muda Haji Sufri Bolkiahမှ ၂၀၀၁ကွာလာလမ်ပူပွဲတော်ကို လက်ခံကျင်းပမည့် မလေးရှားနိုင်ငံမှ ကိုယ်စားလှယ် မလေးရှား အိုလံပစ်ကောင်စီဥက္ကဋ္ဌ Tunku Emran Tuanku Jaafarထံသို့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအလံကို လွှဲပြောင်းပေးအပ်ခဲ့သည်။မလေးရှားနိုင်ငံတော်သီချင်းနှင့်အတူ မလေးရှားဖက်ဒရယ်နိုင်ငံ၏ အလံတော်ကို အလံတိုင်ထိပ်သို့ လွှင့်တင်ခဲ့သည်။ နောက်တွင် မလေးရှားနိုင်ငံမှ "Gemilang Malaysia" အမည်ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။ အခမ်းအနားကို ဘရူနိုင်းတို့၏ ဖျော်ဖြေမှုများနှင့်အတူ ပြီးဆုံးခဲ့သည်။ ပါဝင်သည့် နိုင်ငံများ
အားကစားနည်းများ
ဆုတံဆိပ်ဇယား၂၀ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရွေတံဆိပ် ၂၃၃ခု၊ ငွေတံဆိပ် ၂၃၃ခု၊ ကြေးတံဆိပ် ၃၁၂ခု စုစုပေါင်းဆုတံဆိပ် ၇၇၈ ခုချီးမြှင့်ခဲ့သည်။ အိမ်ရှင် ဘရူနိုင်းအနေဖြင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတစ်လျှောက် အမြင့်မားဆုံး အောင်မြင်မှု ရရှိခဲ့ကာ နိုင်ငံအလိုက် သတ္တမနေရာကို ရရှိခဲ့သည်။
* အိမ်ရှင်နိုင်ငံ
ကိုးကား
|
Portal di Ensiklopedia Dunia