၁၉၆၁ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲတော်
၁၉၆၁ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲတော် သည် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ၁၉၆၁ခုနှစ် ဒီဇင်ဘာလ ၁၁ရက်မှ ၁၆ရက်နေ့အထိ ကျင်းပခဲ့သော ဒုတိယအကြိမ် အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲဖြစ်သည်။[၁] မြန်မာနိုင်ငံအနေဖြင့် ပထမဆုံးအကြိမ်လက်ခံကျင်းပခြင်းဖြစ်ပြီး ထိုင်းနိုင်ငံပြီးနောက် ဒုတိယမြောက် အိမ်ရှင်နိုင်ငံဖြစ်သည်။ သမ္မတကြီးမန်းဝင်းမောင်မှ အောင်ဆန်းအားကစားကွင်းတွင် အားကစားပွဲတော်အား ဖွင့်လှစ်ပေးခဲ့သည်။ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲ ဖက်ဒရေးရှင်းဝင် နိုင်ငံခြောက်နိုင်ငံလုံးဖြစ်သည့် ထိုင်း၊ မြန်မာ၊ မလေးယား၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့ အားလုံး စုံလင်စွာပါဝင်သောပထမဆုံးအကြိမ် အားကစားပွဲဖြစ်သည်။ နိုင်ငံအသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်သူ ၆၂၃ဦးရှိခဲ့သည်။ အားကစားနည်းပေါင်း ၁၃ မျိုးဖြင့် ကျင်းပခဲ့သည်။ မြန်မာ၊ ထိုင်းနှင့် မလေးယားနိုင်ငံတို့မှ နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယတို့ရရှိခဲ့သည်။ ပွဲများနှင့်အားကစားပါဝင်သည့်နိုင်ငံများ၁ထိုအချိန်က စင်ကာပူမှာ ဗြိတိသျှလက်အောက်ခံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည်။ အားကစားနည်းများအားကစားနည်းပေါင်း ၁၃မျိုးပါဝင်ခဲ့သည်။
ဆုတံဆိပ် ဇယား၁၉၆၁ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၈၆ခု၊ ငွေတံဆိပ် ၉၂ခု၊ ကြေးတံဆိပ် ၁၃၅ခု၊ စုစုပေါင်း တံဆိပ် ၃၁၃ခုကို ချီးမြှင့်နိုင်ခဲ့သည်။
* အိမ်ရှင်နိုင်ငံ
ကိုးကား
|
Portal di Ensiklopedia Dunia