၂၀၀၁ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
၂၀၀၁ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(မလေး: Sukan Asia Tenggara 2001)၊ (မလေး: Sukan Asia Tenggara ke-21) သည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ၂၀၀၁ခုနှစ် စက်တင်ဘာ ၈ရက်မှ ၁၇ရက်အထိကျင်းပသော ၂၁ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ မလေးရှားနိုင်ငံသည် ၁၉၆၅၊ ၁၉၇၁၊ ၁၉၇၇၊ ၁၉၈၉ပွဲတော်များကို အိမ်ရှင်အဖြစ် ၄ကြိမ်ကျင်းပခဲ့ပြီး ၂၀၀၁ခုနှစ်တွင် ပဉ္စမအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ ဘုရင် Salahuddinမှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၈ ရက်မှ ၁၇ ရက်နေ့ထိ ကျင်းပခဲ့သည်။ စက်တင်ဘာ ၁ရက်နေ့ကပင် အားကစားနည်း အချို့ကို စတင်ကျင်းပခဲ့ပြီး နိုင်ငံ၁၀နိုင်ငံမှ အားကစားသမားပေါင်း ၄၁၆၅ခန့်က အားကစားနည်း ၃၂မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို ဘူကစ်ဂျာလီ အမျိုးသားအားကစားကွင်းတွင် ကျင်းပခဲ့သည်။ မလေးရှား၊ထိုင်း၊အင်ဒိုနီးရှားတို့က ပထမ၊ဒုတိယနှင့် တတိယ ရရှိခဲ့သည်။ ယခင် စံချိန် တော်တော်များများ ချိုးခဲ့ကြပြီး အရှေ့တောင်အာရှ၏ အားကစား အဆင့်အတန်းကို မြင့်မားလာစေသည်။ လက်ခံကျင်းပခြင်းကြိုတင်ပြင်ဆင်မှုများကွာလာလမ်ပူဆီးဂိမ်း ကျင်းပရေးဦးစီးကော်မတီကို ဖွဲ့စည်းခဲ့သည်။
၂၀၀၁ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကျင်းပရာ ပြည်နယ်များ အားကစားကွင်းများ၂၀၀၁ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို နေရာအသစ်၊ အဟောင်း၊ ယာယီနေရာများစွာတွင် ကျင်းပခဲ့သည်။ ကွင်းအများစုမှာ အများပြည်သူအတွက် အားကစားနေရာများအဖြစ် ကြိုတင်သတ်မှတ်ထားပြီး ပြိုင်ပွဲပြီးနောက် အများပြည်သူဆိုင်ရာဖြစ်လာသည်။ ပြင်ဆင်မှုများစွာ လုပ်ဆောင်ရန် မလိုအပ်ဘဲ ၁၉၉၈ ဓနသဟာယ နိုင်ငံများ အားကစားပြိုင်ပွဲကို လက်ခံကျင်းပစဉ်က အသုံးပြုခဲ့သော နေရာများကို ပြန်သုံးထားသည်။ အဓိက အားကစားကွင်းမှာ ဘူကစ်ဂျာလီ အားကစားကွန်းပလတ်စ် ဖြစ်သည်။ ထိုအထဲတွင် အသစ်တည်ဆောက်ထားသော ပရိသတ် ၈၇၄၁၁ ဝင်ဆံ့သည့် ဘူကစ်ဂျာလီ အမျိုးသား အားကစားကွင်း ပါဝင်သည်။ အားကစားရွာကို တည်ဆောက်ခြင်းမရှိခဲ့ပေ။ အားကစားရွာကိုတော့ တည်ဆောက်ခဲ့ခြင်းမရှိပေ။ ထိုအစား မြို့ထဲရှိရွာ အစီအစဉ်ဖြင့် အားကစားသမားများနှင့် စီမံအုပ်ချုပ်သူများကို ကျွန်းဆွယ် မလေးရှားပိုင်းတွင် ထားရှိသည်။ ၂၀၀၁ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို နေရာ ၃၉နေရာတွင် ကျင်းပခဲ့သည်။ ကွာလာလမ်ပူမြို့တွင် ၁၉နေရာ၊ ဆလမ်ဂါတွင် ၁၀နေရာ၊ ဂျဟိုးဘာရူတွင် ၄နေရာ၊ နယ်ဂရီ ဆယ်ဘီလမ်နှင့် ပီနမ်မြို့တို့တွင် ၃နေရာစီ ကျင်းပခဲ့သည်။[၂]
မီးထွန်းညှိတိုင်၂၀၀၁ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ မီးထွန်းညှိတိုင်ကို ၂၀၀၁ခုနှစ် မတ်လ ၁၀ရက်နေ့မှ စက်တင်ဘာလ ၈ရက်နေ့အထိ ၇၈၈၄ကီလိုမီတာ လက်ဆင့်ကမ်း သယ်ဆောင်ခဲ့ကြသည်။ The run began in လဘျူ မှ စတင်ကာ ဆာဘတ် နှင့် ဆာရာဝပ်တို့ကို ဖြတ်သန်းခဲ့သည်။ ကျွန်းဆွယ် မလေးရှားအပိုင်းတွင် လမ်ကာဝီ၌ စတင်ကာ ကွာလာလမ်ပူတွင် မပြီးဆုံးမီ ပြည်နယ် ၁၂ခုကို ကျော်ဖြတ်ခဲ့သည်။ 2001 Southeast Asian Games torch relay route.
ပြိုင်ပွဲ အထိမ်းအမှတ်များအထိမ်းအမှတ်တံဆိပ်၂၀၀၁ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ မီးတောက် ပုံဖြစ်သည်။ မီးတောက်ပုံမှာ နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် စွဲလန်းခြင်းနှင့် ကောင်းမွန်ခြင်း အဓိပ္ပာယ်များအဖြစ် အသုံးပြုကြသည်။ တောက်လောင်နေသော မီးတောက်များငည် အရှေ့တောင်အာရှ၏ အကောင်းဆုံးသော အားကစားသမားများ ညီညွတ်စွာ စုရုံးနေကြပုံကို ဖော်ဆောင်သည်။ ထိုမီးတောက်မှာ ရောမအက္ခရာ XXIကို ဖော်ဆောင်ထားသည်မှာ ၂၁ကြိမ်မြောက် အားကစားပွဲတော်ကို ရည်ညွှန်းသည်။ အရောင်များမှာ မလေးရှားဖက်ဒရယ်နိုင်ငံ၏ နိုင်ငံတော်အလံမှ အရောင်များဖြစ်သည်။ မီးတောက်အပေါ်ရှိ အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ် အမှတ်တံဆိပ်မှာ ပြိုင်ပွဲဝင် ၁၀နိုင်ငံကို ကိုယ်စားပြုကာ အားကစားအဖွဲ့ချုပ်ကိုပါ ကိုယ်စားပြုသည်။ [၃] လာဘ်ကောင်၂၀၀၁ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ လာဘ်ကောင်မှာ Si Tumas အမည်ရှိ ရှဉ့်ဖြစ်သည်။ ရှဉ့်မှာ နှစ်လိုဖွယ်ရှိပြီး ကမ္ဘာ့အနှံ့ နေရာအများအပြားတွင် တွေ့ရသည်။ နိုင်ငံများစွာမှ လူမျိုးများစွာတို့၏ ပုံပြင်များတွင် ရှဉ့်ကို ဖော်ရွေပြီး ပျော်ပျော်နေတတ်သည့် တိရစ္ဆာန်အဖြစ် ပုံဖော်တတ်ကြပြီး သူ၏ ကြီးမားသော အင်အားနှင့် လျင်မြန်သော အမြန်နှုန်းကို တွေ့နိုင်သည်ပြိုင်ပွဲ၏ လာဘ်ကောင်အတွက် ရှဉ့်ကို အသုံးပြုရခြင်းမှာ သူ၏ သာယာဖော်ရွေမှုများကို ပြိုင်ပွဲသို့ ယူဆောင်လာရန်ဖြစ်သည်။ ရှဉ့်ပေါ်မှ ရွှေရောင်မှာ အနိုင်ရရှိရေး ရှုထောင့်ကို ဖော်ပြသည်။ SI ဟူသော စကားလုံးမှာ အသံထွက်အားဖြင့် အရှေ့တောင်အာရှ (Southeast Asia)ကို အတိုကောက်ရေးသော SEAနှင့် ဆင်တူသည့်အပြင် မလေးဘာသာတွင် ရင်းနှီးမှု အဓိပ္ပာယ်ဆောင်ပြန်သည်။TU ဆိုသည်မှာ Tupai ဟူသော ရှဉ့်ဟူသည့် မလေးဘာသာ၏ အစစကားလုံးဖြစ်ကာ MAS ဆိုသည်မှာ EMAS ဟူသည့် ရွှေဟူသော စကားရပ်ဖြစ်သည်။[၄] သီချင်း၂၀၀၁ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ သီချင်းမှာ "In Glory We Celebrate (The SEA Games - 2001)"ဖြစ်သည်။ သဲလင်က ရေးစပ်သည်။ ပံ့ပိုးသူများစုစုပေါင်း ပံ့ပိုးသူ ၂၆ဦးရှိသည်။[၁]
ပွဲများနှင့် အားကစားဖွင့်ပွဲ အခမ်းအနား၂၀၀၁ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ ဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၈ရက်နေ့တွင် ဘူကစ်ဂျာလီ အမျိုးသားအားကစားကွင်း၌ ကျင်းပခဲ့သည်။ ကျောင်းသား ကလေးငယ် ၇၀၀၀အပါအဝင် လူပေါင်း ၁၅၀၀၀တို့က ဖွင့်ပွဲ အခမ်းအနားတွင် ပါဝင်ခဲ့ကြသည်။ ဂျဟိုး ဘာရူး၊ ပီနန်တို့တွင်လည်း အပြိုင် အခမ်းအနားများကျင်းပခဲ့သည်။ ဖွင့်ပွဲ အခမ်းအနားမှာ ၄နာရီ ကြာမြင့်ခဲ့သည်။ လေထီးခုန်သမားများအပါအဝင် စိတ်လှုပ်ရှားဖွယ်များ ပါဝင်ခဲ့သည်။ မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက် လည်း တက်ရောက်ခဲ့သည်။ ပြိုင်ပွဲဝင် နိုင်ငံများမှ အားကစားသမားများ ကွင်းအတွင်းသို့ ဝင်ရောက်လာချိန်တွင် သက်ဆိုင်ရာ နိုင်ငံအသီးသီး၏ နှုတ်ခွန်းဆက်စကားများဖြစ်သော မင်္ဂလာပါ (မြန်မာနိုင်ငံ)၊ မဘူဟေ (ဖိလစ်ပိုနိုင်ငံ) စသည်တို့ကို ကြီးမားသည့် အီလက်ထရောနစ်ဘုတ်ကြီးတွင် ပြသခဲ့သည်။ စင်ကာပူနိုင်ငံမှ အားကစားသမားများသည် 'Team Singapore mengucapkan tahniah kepada Malaysia atas kejayaan menganjurkan Sukan SEA ke-21' (မလေးရှားနိုင်ငံ၏ ၂၁ကြိမ်မြောက် ဆီးဂိမ်းကို လက်ခံကျင်းပနေခြင်းအား ဂုဏ်ယူပါသည်) ဟုပါရှိသော နဖူးစည်းများဖြင့် ဝင်ရောက်လာကြသည်။[၇] မီးထွန်းညှိတိုင်ကို ကွင်းအတွင်း သယ်ဆောင်ကာ ပင်မမီးရှူးတိုင်ကို မီးထွန်းညှိခဲ့ကြသည်။ ပိတ်ပွဲ အခမ်းအနား၂၀၀၁ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ ပိတ်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၁၇ရက်နေ့တွင် ဘူကစ် ဂျာလီအားကစားကွင်း၌ ကျင်းပခဲ့သည်။ ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ပွဲတော်ပိတ်သိမ်းကြောင်း ကြေညာခဲ့သည်။ ထို့နောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအလံကို လျှောချကာ ပင်မမီးရှူးတိုင်ကို တဖြေးဖြေး လျှော့ချခဲ့သည်။ အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် မလေးရှား အိုလံပစ်ကောင်စီ ဥက္ကဋ္ဌတို့မှ ၂၀၀၃ ဟနွိုင်း-ဟိုချီမင်းစီးတီး ပွဲတော်ကို လက်ခံကျင်းပမည့် ဗီယက်နမ်နိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားဝန်ကြီးဌာနဝန်ကြီး ငုယင်ဒန်ထိုင်း ထံသို့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအလံကို လွှဲပြောင်းပေးအပ်ခဲ့သည်။ national anthem of Vietnam|ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၏ နိုင်ငံတော်သီချင်းနှင့်အတူ နိုင်ငံတော်အလံကို အလံတိုင်ထိပ်သို့ လွှင့်တင်ခဲ့သည်။ ထို့နောက် ဗီယက်နမ်နိုင်ငံ၏ ၁၁မိနစ်စာ ဖျော်ဖြေတင်ဆက်မှုဖြစ်သော "Welcome to Vietnam" ကို ဖျော်ဖြေတင်ဆက်ခဲ့သည်။ ပိတ်ပွဲ အခမ်းအနားကို မလေးရှားနိုင်ငံ၏ ဖျော်ဖြေမှုနှင့်အတူ ပြီးဆုံးခဲ့သည်။ ပါဝင်သည့် နိုင်ငံများ
အားကစားနည်းများ
ဆုတံဆိပ်ဇယား၂၁ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရွေတံဆိပ် ၃၉၂ခု၊ ငွေတံဆိပ် ၃၉၀ခု၊ ကြေးတံဆိပ် ၄၉၈ခု စုစုပေါင်းဆုတံဆိပ် ၁၂၈၀ ခုချီးမြှင့်ခဲ့သည်။ အိမ်ရှင် မလေးရှားအနေဖြင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတစ်လျှောက် အမြင့်မားဆုံး အောင်မြင်မှု ရရှိခဲ့သည်။
* အိမ်ရှင်နိုင်ငံ
ကိုးကား
|
Portal di Ensiklopedia Dunia