စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်
စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော် သည် စစ်ကိုင်းတိုင်းဒေသကြီးတွင် အမြင့်ဆုံးတရားရုံးဖြစ်သည်။ မြန်မာနိုင်ငံ၏ ဒုတိယအမြင့်ဆုံးအဆင့်ရှိ တရားရုံးဖြစ်ကာ ခရိုင်တရားရုံး (၁၀)ရုံး၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံး (၁)ရုံးနှင့် မြို့နယ်တရားရုံး (၃၇)ရုံးရှိသည်။ သမိုင်းကြောင်း၂၀၁၁ခုနှစ် မတ်လ ၃၀ရက်နေ့မှစ၍ ၂၀၀၈ အခြေခံဥပဒေအရ ယခင် စစ်ကိုင်းတိုင်းဒေသကြီးတရားရုံးကို စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ထိုစဉ်က တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး(၂)ဦး စုစုပေါင်း (၃)ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ တည်နေရာစစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်သည် မုံရွာမြို့တွင် တည်ရှိသည်။ ယခင်က တိုင်းတရားလွှတ်တော်သည် စစ်ကိုင်းမြို့ပိုးတန်းရပ်ကွက်တွင် တည်ရှိခဲ့သည်။ မုံရွာမြို့ကို စစ်ကိုင်းတိုင်း၏ မြို့တော်အဖြစ် သတ်မှတ်ပြီးနောက် ၂၀၀၄ခုနှစ်တွင် မုံရွာမြို့ရှိ ယခုနေရာသို့ ပြောင်းရွှေ့ခဲ့သည်။ တရားလွှတ်တော်တရားသူကြီးချုပ်များ (၂၀၁၁ မှ လက်ရှိ)
ဖွဲ့စည်းပုံစစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်ကို ခရိုင်တရားရုံး (၁၀)ရုံး၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံး (၁)ရုံးနှင့် မြို့နယ်တရားရုံး (၃၇)ရုံးဖြင့် ဖွဲ့စည်းထားသည်။[၂] ခရိုင်တရားရုံးများ
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးများ
မြို့နယ်တရားရုံးများ
တရားသူကြီးများ၂၀၂၀ပြည့်နှစ်တွင် တိုင်းဒေသကြီးတရားလွှတ်တော်၌ တရားသူကြီးချုပ်အပါအဝင် (၃)ဦးရှိသည်။ တိုင်းဒေသကြီးတရားလွှတ်တော်အောက်တွင် တရားသူကြီးချုပ်ရုံးနှင့် တိုင်းဒေသကြီးတရားရေးဦးစီးမှူးရုံးတို့ရှိသည်။ ကိုးကား
|
Portal di Ensiklopedia Dunia